ဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႕ရခဲ့တဲ့ နာမည္ေက်ာ္အႏုပညာရွင္ (၆) ဦး

 

ဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႕ရခဲ့တဲ့ နာမည္ေက်ာ္အႏုပညာရွင္ (၆) ဦး

 

 

PhD (Doctor of Philosophy) ဘြဲ႕ရရင္ တကၠသိုလ္ဘြဲေတြ႕ထဲမွာ ပညာေရးဆိုင္ရာအျမင့္ဆုံးဘြဲ႕ရတာပဲလို႔

 

သတ္မွတ္ၾကပါတယ္။ PhD ဘြဲ႕ရဖို႔ ပညာရပ္ဆိုင္ရာ သုေတသနနဲ႔ သင္ၾကားေရးဆိုင္ရာပိုင္းေတြမွာ မွတ္တိုင္

 

စိုက္ထူနိုင္တဲ့သူ ျဖစ္ဖို႔ လိုပါတယ္။ ခၽြင္းခ်က္အေနနဲ႔ တကၠသိုလ္အသိုင္းအဝိုင္းထဲက မဟုတ္သလို ပညာရပ္

 

ဆိုင္ရာသုေတသနလုပ္ရပ္ေတြ မလုပ္ခဲ့ေပမယ့္လည္း ျပင္ပေလာကမွာ သူတို႔ရဲ့ ဩဇာနဲ႔ အားထုတ္မႈေၾကာင့္

 

ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ ရသူေတြလည္း ရွိပါတယ္။ အႏုပညာပညာေလာကမွာ ထင္ေပၚေက်ာ္ၾကားသူ

 

ေတြထဲမွာလည္းဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ရပုဂၢိဳလ္ေတြ ရွိပါတယ္။ ဒီထဲကနာမည္ေက်ာ္အမ်ိဳးသားအႏုပညာရွင္

 

တခ်ိဳ႕အေၾကာင္း မၽွေဝေပးခ်င္ပါတယ္။

 

(၁) John Legend

 

 

All of Me အဆိုေတာ္ ဂၽြန္လီဂ်န႔္ဟာ ဂီတဘက္ဆိုင္ရာ ပါရဂူဘြဲ႕ကို University of Pennsylvania မွ ၂၀၁၄ မွာ

 

ရရွိခဲ့သူ ျဖစ္ပါတယ္။ ဂၽြန္လီဂ်န႔္ဟာမ်ိဳးနဲ႔ရိုးနဲ႔ ဂီတဘက္မွာခၽြန္သူျဖစ္ပါတယ္။နာမည္ေက်ာ္ပုဂၢိဳလ္ဘဝမေရာက္ခင္

 

၁၉၉၉ ခုႏွစ္မွာ သူဟာ ပင္န္ဆယ္ေဗးနီးယားတကၠသိုလ္မွာ ေက်ာင္းသားျဖစ္ခဲ့ၿပီး ေက်ာင္းတြင္းဂီတတီးဝိုင္း

 

တစ္ခုျဖစ္တဲ့ The Counterparts မွာ ဥကၠဌနဲ႔ ဂီတဒါရိုက္တာ အျဖစ္ တာဝန္ယူခဲ့ပါတယ္။

 

(၂) Jack Nicholson

 

 

အသက္ ၈၃ ႏွစ္ ရွိၿပီျဖစ္တဲ့ အေမရိကန္ မင္းသားႀကီးနဲ႔ ႐ုပ္ရွင္ထုတ္လုပ္သူ ဂ်က္ခ္နီကိုဆင္ဟာ အလြမ္းအေသာ

 

အၾကမ္း စရိုက္စုံ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ေဟာလီးဝုဒ္ေလာကထဲ ေျခစုံပစ္ဝင္ဖို႔အတြက္ ပညာေရးကို

 

လက္လြတ္ခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ နာမည္ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို The Shining ၊

 

One Flew Over the Cuckoo’s Nest နဲ႔ Batmanကားေတြမွာ ေတြ႕ရမွာပါ။ေအာ္စကာသုံးဆုရွင္နဲ႔Golden Globes ၆

 

ဆုရွင္ျဖစ္တဲ့သူဟာ ၂၀၁၁ ခုႏွစ္မွာ Brown University မွ ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္ခံရသူ ျဖစ္ပါတယ္။

 

(၃) Morgan Freeman

 

 

႐ုပ္ရွင္သမိုင္းမွာ အေကာင္းဆုံး ဇာတ္ပို႔မင္းသားႀကီးတစ္ဦးအျဖစ္ ညႊန္းေလ့ရွိတဲ့ မင္းသားႀကီး ေမာ္ဂန္ဖရီးမန္းဟာ

 

ကိုယ္တိုင္ဒါရိုက္တာနဲ႔ထုတ္လုပ္သူလည္းလုပ္ပါတယ္။ ေမာ္ဂန္ဖရီးမန္းဟာဂုဏ္ထူးေဆာင္ ေဒါက္တာဆုႏွစ္ႀကိမ္

 

ရထားသူ ျဖစ္ပါတယ္။ တစ္ခုက Howard University က ရတာ Boston University ကလည္းသူ႔ကို Doctorate

 

of Humanities ဆုတစ္ဆု ခ်ီးျမႇင့္ထားပါတယ္။

 

(၄) Orlando Bloom

 

 

အသက္ ၄၄ ႏွစ္အရြယ္ ၿဗိတိန္မင္းသားေခ်ာ ေအာ္လန္ဒို ဘလြန္းမ္ကို Pirates of the Caribbean ၊ Lord of the Rings

 

တို႔နဲ႔ ပိုၿပီး လူသိမ်ားၾကပါတယ္။ ေအာ္လန္ဒိုဘလြန္းမ္ကို ဇန္နဝါရီ ၁၃ ၊ ၁၉၇၇ ခုႏွစ္မွာ ယူေကနိုင္ငံ ကန္တာဘာရီမွာ

 

ေမြးဖြားခဲ့တာပါ။ ၿဗိတိန္မင္းသားေခ်ာ ေအာ္လန္ဒိုဘလြန္းမ္ဟာ University of Kent ကေန ေဒါက္တာဘြဲ႕အပ္ႏွင္းခံ

 

ရသူလည္း ျဖစ္ပါတယ္။

 

(၅) Ben Affleck

 

 

ေအာ္စကာႏွစ္ဆုရွင္ မင္းသားႀကီး ဘန္အက္ဖ္လက္ခ္ကို Batman မင္းသားအျဖစ္ The Suicide Squad နဲ႔

 

Jusitce League စီးရီးေတြမွာလည္း နာမည္ႀကီးပါတယ္။ ကိုယ္တိုင္က ဒါရိုက္တာ နဲ႔ ထုတ္လုပ္သူအျဖစ္လည္း

 

လုပ္ေဆာင္တဲ့ မင္းသားႀကီးဟာ ၂၀၁၃ ခုႏွစ္က Brown University ကေန ဂုဏ္ျပဳတဲ့ Doctor of Fine Arts

 

ဘြဲ႕လည္း ရရွိထားပါတယ္။ ေကာလိပ္ေက်ာင္းတစ္ဝက္တစ္ပ်က္နဲ႔ ထြက္ခဲ့တဲ့ ဘန္အက္ဖ္လက္ခ္ဟာ

 

မတ္သ္ေဒမြန္နဲ႔လည္း ငယ္ေပါင္းႀကီးေဖာ္တစ္ဦး ျဖစ္ပါတယ္။

 

(၆) Robert De Niro

 

 

ဂန္းစတားနဲ႔ မာဖီးယားဇာတ္ေကာင္ေတြနဲ႔ ေက်ာ္ၾကားခဲ့တဲ့ မင္းသားႀကီး ေရာဘတ္ဒီနီရိုးဟာ ေအာ္စကာနဲ႔

 

Golden Globe ဆုရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ စာနယ္ဇင္းသမားေတြကေတာ့ ေရာဘတ္ဒီနီရိုးကို ေဟာလီးဝုဒ္

 

ပင္ဆင္စားအႀကီးအကဲလို႔ တင္စားပါတယ္။ အေၾကာင္းက သူဟာ ဘယ္ေတာ့မွ သူ႔အသက္ကို မဖုံးကြယ္ဘဲ

 

သ႐ုပ္ေဆာင္တတ္လို႔ ျဖစ္ၿပီး အဖိုးႀကိး ဇာတ္႐ုပ္ေတြနဲ႔လည္း သ႐ုပ္ေဆာင္ေလ့ရွိလို႔ ျဖစ္ပါတယ္။ မင္းသားႀကီး

 

ကို ၂၀၂၁ ခုႏွစ္မွာ Gates College ကေန Doctor of Fine Arts ဘြဲ႕ထူးခ်ီးျမႇင့္ခဲ့ရပါတယ္။

 

Unicode

 

ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရခဲ့တဲ့ နာမည်ကျော်အနုပညာရှင် (၆) ဦး

 

 

PhD (Doctor of Philosophy) ဘွဲ့ရရင် တက္ကသိုလ်ဘွဲတွေ့ထဲမှာ ပညာရေးဆိုင်ရာအမြင့်ဆုံးဘွဲ့ရတာပဲလို့

 

သတ်မှတ်ကြပါတယ်။ PhD ဘွဲ့ရဖို့ ပညာရပ်ဆိုင်ရာ သုတေသနနဲ့ သင်ကြားရေးဆိုင်ရာပိုင်းတွေမှာ မှတ်တိုင်

 

စိုက်ထူနိုင်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ချွင်းချက်အနေနဲ့ တက္ကသိုလ်အသိုင်းအဝိုင်းထဲက မဟုတ်သလို ပညာရပ်

 

ဆိုင်ရာသုတေသနလုပ်ရပ်တွေ မလုပ်ခဲ့ပေမယ့်လည်း ပြင်ပလောကမှာ သူတို့ရဲ့ ဩဇာနဲ့ အားထုတ်မှုကြောင့်

 

ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရသူတွေလည်း ရှိပါတယ်။ အနုပညာပညာလောကမှာ ထင်ပေါ်ကျော်ကြားသူ

 

တွေထဲမှာလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒီထဲက နာမည်ကျော် အမျိုးသားအနုပညာရှင်

 

တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

 

(၁) John Legend

 

 

All of Me အဆိုတော် ဂျွန်လီဂျန့်ဟာ ဂီတဘက်ဆိုင်ရာ ပါရဂူဘွဲ့ကို University of Pennsylvania မှ ၂၀၁၄ မှာ

 

ရရှိခဲ့သူ ဖြစ်ပါတယ်။ ဂျွန်လီဂျန့်ဟာ မျိုးနဲ့ရိုးနဲ့ ဂီတဘက်မှာ ချွန်သူဖြစ်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်ဘဝ

 

မရောက်ခင် ၁၉၉၉ ခုနှစ်မှာ သူဟာ ပင်န်ဆယ်ဗေးနီးယားတက္ကသိုလ်မှာ ကျောင်းသားဖြစ်ခဲ့ပြီး ကျောင်းတွင်း

 

ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ The Counterparts မှာ ဥက္ကဌနဲ့ ဂီတဒါရိုက်တာ အဖြစ် တာဝန်ယူခဲ့ပါတယ်။

 

(၂) Jack Nicholson

 

 

အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် မင်းသားကြီးနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဂျက်ခ်နီကိုဆင်ဟာ အလွမ်းအသော

 

အကြမ်း စရိုက်စုံ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဟောလီးဝုဒ်လောကထဲ ခြေစုံပစ်ဝင်ဖို့အတွက် ပညာရေးကို

 

လက်လွတ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်ချက်တွေကို The Shining ၊

 

One Flew Over the Cuckoo’s Nest နဲ့ Batman ကားတွေမှာ တွေ့ရမှာပါ။အော်စကာသုံးဆုရှင်နဲ့ Golden Globes

 

၆ ဆုရှင်ဖြစ်တဲ့သူဟာ ၂၀၁၁ ခုနှစ်မှာ Brown University မှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူ ဖြစ်ပါတယ်။

 

(၃) Morgan Freeman

 

 

ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး ဇာတ်ပို့မင်းသားကြီးတစ်ဦးအဖြစ် ညွှန်းလေ့ရှိတဲ့ မင်းသားကြီး မော်ဂန်ဖရီးမန်းဟာ

 

ကိုယ်တိုင်ဒါရိုက်တာနဲ့ ထုတ်လုပ်သူလည်း လုပ်ပါတယ်။ မော်ဂန်ဖရီးမန်းဟာ ဂုဏ်ထူးဆောင် ဒေါက်တာဆုနှစ်ကြိ

 

မ် ရထားသူ ဖြစ်ပါတယ်။ တစ်ခုက Howard University က ရတာ Boston University ကလည်း သူ့ကို Doctorate

 

of Humanities ဆုတစ်ဆု ချီးမြှင့်ထားပါတယ်။

 

(၄) Orlando Bloom

 

 

အသက် ၄၄ နှစ်အရွယ် ဗြိတိန်မင်းသားချော အော်လန်ဒို ဘလွန်းမ်ကို Pirates of the Caribbean ၊ Lord of the Rings

 

တို့နဲ့ ပိုပြီး လူသိများကြပါတယ်။ အော်လန်ဒိုဘလွန်းမ်ကို ဇန်နဝါရီ ၁၃ ၊ ၁၉၇၇ ခုနှစ်မှာ ယူကေနိုင်ငံ ကန်တာဘာရီမှာ

 

မွေးဖွားခဲ့တာပါ။ ဗြိတိန်မင်းသားချော အော်လန်ဒိုဘလွန်းမ်ဟာ University of Kent ကနေ ဒေါက်တာဘွဲ့အပ်နှင်း

 

ခံရသူလည်း ဖြစ်ပါတယ်။

 

(၅) Ben Affleck

 

 

အော်စကာနှစ်ဆုရှင် မင်းသားကြီး ဘန်အက်ဖ်လက်ခ်ကို Batman မင်းသားအဖြစ် The Suicide Squad နဲ့

 

Jusitce League စီးရီးတွေမှာလည်း နာမည်ကြီးပါတယ်။ ကိုယ်တိုင်က ဒါရိုက်တာ နဲ့ ထုတ်လုပ်သူအဖြစ်လည်း

 

လုပ်ဆောင်တဲ့ မင်းသားကြီးဟာ ၂၀၁၃ ခုနှစ်က Brown University ကနေ ဂုဏ်ပြုတဲ့ Doctor of Fine Arts

 

ဘွဲ့လည်း ရရှိထားပါတယ်။ ကောလိပ်ကျောင်းတစ်ဝက်တစ်ပျက်နဲ့ ထွက်ခဲ့တဲ့ ဘန်အက်ဖ်လက်ခ်ဟာ

 

မတ်သ်ဒေမွန်နဲ့လည်း ငယ်ပေါင်းကြီးဖော်တစ်ဦး ဖြစ်ပါတယ်။

 

(၆) Robert De Niro

 

 

ဂန်းစတားနဲ့ မာဖီးယားဇာတ်ကောင်တွေနဲ့ ကျော်ကြားခဲ့တဲ့ မင်းသားကြီး ရောဘတ်ဒီနီရိုးဟာ အော်စကာနဲ့

 

Golden Globe ဆုရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ စာနယ်ဇင်းသမားတွေကတော့ ရောဘတ်ဒီနီရိုးကို ဟောလီးဝုဒ်

 

ပင်ဆင်စားအကြီးအကဲလို့ တင်စားပါတယ်။ အကြောင်းက သူဟာ ဘယ်တော့မှ သူ့အသက်ကို မဖုံးကွယ်ဘဲ

 

သရုပ်ဆောင်တတ်လို့ ဖြစ်ပြီး အဖိုးကြိး ဇာတ်ရုပ်တွေနဲ့လည်း သရုပ်ဆောင်လေ့ရှိလို့ ဖြစ်ပါတယ်။ မင်းသားကြီး

 

ကို ၂၀၂၁ ခုနှစ်မှာ Gates College ကနေ Doctor of Fine Arts ဘွဲ့ထူးချီးမြှင့်ခဲ့ရပါတယ်။

 

Credit;