Hard drive တစ္ခုရွာဖုိ႔ အမႈိက္ပုံကုိ တူးခြင့္ေပးရင္ ေဒၚလာသန္း ၇၀ ေပးမယ္လုိ႔ ၿဗိတိန္ႏုိင္ငံသား ကမ္းလွမ္း

Hard drive တစ္ခုရွာဖုိ႔ အမႈိက္ပုံကုိ တူးခြင့္ေပးရင္ ေဒၚလာသန္း ၇၀ ေပးမယ္လုိ႔ ၿဗိတိန္ႏုိင္ငံသား ကမ္းလွမ္း

 

 

ၿဗိတိန္ႏုိင္ငံသားတစ္ေယာက္က အမႈိက္ပုံ တစ္စိတ္ေဒသကုိ တူးေဖာ္ခြင့္ေပးရင္ အေမရိကန္ေဒၚလာ သန္း ၇၀ ေက်ာ္ ေပးမယ္

 

လုိ႔ ေဒသခံအာဏာပိုင္ေတြကုိ ကမ္းလွမ္းထားပါတယ္။ သူက ဘာေၾကာင့္ အမႈိက္ပုံကုိ တူးေဖာ္ခ်င္ရသလဲဆုိရင္ Bitcoin ဒီ

 

ဂ်စ္တယ္ေငြေၾကးေတြ သိမ္းဆည္းထားတဲ့ Hard drive ကို မွားယြင္းၿပီး လႊင့္ပစ္မိခဲ့လုိ႔ပါပဲ။ ေဝးလ္ႏုိင္ငံမွာ ေနထုိင္တဲ့ IT

 

ပညာရွင္ ဂ်ိမ္းစ္ေဟာင္းဝဲလ္ (James Howells) က ၂၀၁၃ ခုႏွစ္ ဇြန္လကေန ၾသဂုတ္လၾကားကာလမွာ bitcoin ၇၅၀၀ သိမ္း

 

ဆည္းထားတဲ့ hard drive ကို လႊင့္ပစ္မိခဲ့တာပါ။ bitcoin တန္ဖိုး သိပ္မရွိေသးတဲ့ ၂၀၀၉ ခုႏွစ္မွာ ဂ်ိမ္းစ္ေဟာင္းဝဲလ္က

 

 

bitcoin mining လုပ္ခဲ့တာပါ။  bitcoin ဆုိတာ အင္တာနက္ေပၚမွာ ေငြေၾကးေပးေခ်မႈလုပ္ဖုိ႔ အသုံးျပဳႏုိင္တဲ့ ဒီဂ်စ္တယ္ေ

 

ငြေၾကးျဖစ္ပါတယ္။ bitcoin mining လုပ္တယ္ဆုိတာကေတာ့ bitcoin နဲ႔ ေငြေပးေခ်မႈလုပ္ငန္းေတြကုိ တြက္ခ်က္ေပး

 

ၿပီး bitcoin တူးေဖာ္ရွာေဖြတာလုိ႔ အၾကမ္းဖ်င္းဆုိႏုိင္ပါတယ္။  ေနာက္ပုိင္းမွာေတာ့ bitcoin တန္ဖိုး တဟုန္ထိုး ျမင့္တက္

 

လာလုိ႔ ဂ်ိမ္းစ္ေဟာင္းဝဲလ္က bitcoin ေတြ သိမ္းဆည္းထားတဲ့ ဒီဂ်စ္တယ္ပုိက္ဆံအိတ္ (Digital Wallet)ရွိရာ hard

 

drive ကို လုိက္ရွာေတာ့ မေတြ႕ေတာ့ပါဘူး။ အဲဒီေတာ့မွ အမႈိက္နဲ႔ေရာၿပီး ပစ္လုိက္မိၿပီဆုိတာ သူ ရိပ္မိသြားခဲ့ပါတယ္။ အခု

 

 

ခ်ိန္မွာေတာ့ bitcoin တန္ဖိုးက စံခ်ိန္တင္ျမင့္တက္လာၿပီး bitcoin တစ္ခုကုိ အေမရိကန္ေဒၚလာ ၃၇၀၀၀ အထိ ရွိေနပါၿပီ။

 

ဒါေၾကာင့္ ဂ်ိမ္းစ္ေဟာင္းဝဲလ္ရဲ႕ ေပ်ာက္ဆုံးေနတဲ့ Hard Drive တန္ဖုိးက အေမရိကန္ေဒၚလာ ၂၇၃ သန္းေလာက္ရွိပါတယ္။

 

အဲဒါေၾကာင့္ ဂ်ိမ္းစ္ေဟာင္းဝဲလ္က သူ့ရဲ႕Hard drive ရွိမယ္ထင္တဲ့ အမႈိက္ပုံ တစ္စိတ္တစ္ေဒသကို တူးေဖာ္ခြင့္ေပးရင္ ရလာ

 

မယ့္ပုိက္ဆံရဲ႕ ၄ ပုံ၊ ၁ ပုံကုိ ေဝးလ္ႏိုင္ငံ နယူးပို႔တ္ၿမိဳ႕ေတာ္ေကာင္စီအတြက္ ေပးမယ္လုိ႔ ကမ္းလွမ္းခဲ့တာပါ။ နယူးပုိ႔တ္ၿမိဳ႕ေတ

 

ာ္ေကာင္စီကေတာ့ အမႈိက္ပုံ တူးေဖာ္မယ့္ကိစၥကုိ ျငင္းဆန္ျခင္းမရွိသလုိ ခြင့္ျပဳေပးျခင္းလည္း မရွိပါဘူး။ ” Hard drive ကုိ

 

 

ေတြ႕မလား၊ မေတြ႕ဘူးလား၊ ေတြ႕ရင္ေရာ သုံးလုိ႔ရဦးမလားဆုိတာ မေသခ်ာဘူး။ အမႈိက္ပုံကုိ တူးၿပီး အမႈိက္ေတြကုိ ဖယ္ဖုိ႔၊

 

ျပီးရင္ ျပန္ပုံဖုိ႔ဆုိတာ ေပါင္သန္းခ်ီ ကုန္က်မွာပါ” လို႔ ၿမိဳ႕ေတာ္ေကာင္စီရဲ႕ ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။  ၂၀၀၉ ခုႏွစ္

 

မွာ Satoshi Nakamoto လုိ႔ အမည္ရတဲ့ ပ႐ိုဂရမ္မာတစ္ေယာက္ ဒါမွမဟုတ္ ပ႐ုိဂရမ္မာတစ္ဖြဲ႕ ဖန္တီးခဲ့တဲ့ ဒီဂ်စ္တယ္ေ

 

ငြေၾကး bitcoin ဟာ သုံးစြဲသူမ်ားလာလုိ႔ တန္ဖုိးလည္း ျမင့္တက္လာခဲ့တာပါ။

 

Credit

 

 

 

Unicode

 

 

ဗြိတိန်နိုင်ငံသားတစ်ယောက်က အမှိုက်ပုံ တစ်စိတ်ဒေသကို တူးဖော်ခွင့်ပေးရင် အမေရိကန်ဒေါ်လာ သန်း ၇၀

 

ကျော် ပေးမယ်လို့ ဒေသခံအာဏာပိုင်တွေကို ကမ်းလှမ်းထားပါတယ်။ သူက ဘာကြောင့် အမှိုက်ပုံကို တူးဖော်ချင်

 

ရသလဲဆိုရင် Bitcoin ဒီဂျစ်တယ်ငွေကြေးတွေ သိမ်းဆည်းထားတဲ့ Hard drive ကို မှားယွင်းပြီး လွှင့်ပစ်မိခဲ့လို့ပါပဲ။

 

ဝေးလ်နိုင်ငံမှာ နေထိုင်တဲ့ IT ပညာရှင် ဂျိမ်းစ်ဟောင်းဝဲလ် (James Howells) က ၂၀၁၃ ခုနှစ် ဇွန်လကနေ သြဂုတ်

 

လကြားကာလမှာ bitcoin ၇၅၀၀ သိမ်းဆည်းထားတဲ့ hard drive ကို လွှင့်ပစ်မိခဲ့တာပါ။ bitcoin တန်ဖိုး သိပ်မရှိသေး

 

 

တဲ့ ၂၀၀၉ ခုနှစ်မှာ ဂျိမ်းစ်ဟောင်းဝဲလ်က bitcoin mining လုပ်ခဲ့တာပါ။  bitcoin ဆိုတာ အင်တာနက်ပေါ်မှာ ငွေ

 

ကြေးပေးချေမှုလုပ်ဖို့ အသုံးပြုနိုင်တဲ့ ဒီဂျစ်တယ်ငွေကြေးဖြစ်ပါတယ်။ bitcoin mining လုပ်တယ်ဆိုတာကတော့

 

bitcoin နဲ့ ငွေပေးချေမှုလုပ်ငန်းတွေကို တွက်ချက်ပေးပြီး bitcoin တူးဖော်ရှာဖွေတာလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။

 

နောက်ပိုင်းမှာတော့ bitcoin တန်ဖိုး တဟုန်ထိုး မြင့်တက်လာလို့ ဂျိမ်းစ်ဟောင်းဝဲလ်က bitcoin တွေ သိမ်းဆည်းထား

 

တဲ့ ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet)ရှိရာ hard drive ကို လိုက်ရှာတော့ မတွေ့တော့ပါဘူး။ အဲဒီတော့မှ အမှိုက်

 

 

နဲ့ရောပြီး ပစ်လိုက်မိပြီဆိုတာ သူ ရိပ်မိသွားခဲ့ပါတယ်။  အခုချိန်မှာတော့ bitcoin တန်ဖိုးက စံချိန်တင်မြင့်တက်လာပြီး

 

bitcoin တစ်ခုကို အမေရိကန်ဒေါ်လာ ၃၇၀၀၀ အထိ ရှိနေပါပြီ။ ဒါကြောင့် ဂျိမ်းစ်ဟောင်းဝဲလ်ရဲ့ ပျောက်ဆုံးနေတဲ့ Hard

 

Drive တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၇၃ သန်းလောက်ရှိပါတယ်။ အဲဒါကြောင့် ဂျိမ်းစ်ဟောင်းဝဲလ်က သူ့ရဲ့Hard

 

drive ရှိမယ်ထင်တဲ့ အမှိုက်ပုံ တစ်စိတ်တစ်ဒေသကို တူးဖော်ခွင့်ပေးရင်  ရလာမယ့်ပိုက်ဆံရဲ့ ၄ ပုံ၊ ၁ ပုံကို ဝေးလ်နိုင်ငံ

 

နယူးပို့တ်မြို့တော်ကောင်စီအတွက် ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ နယူးပို့တ်မြို့တော်ကောင်စီကတော့ အမှိုက်ပုံ တူး

 

 

ဖော်မယ့်ကိစ္စကို ငြင်းဆန်ခြင်းမရှိသလို ခွင့်ပြုပေးခြင်းလည်း မရှိပါဘူး။  ” Hard drive ကို တွေ့မလား၊ မတွေ့ဘူးလား၊

 

တွေ့ရင်ရော သုံးလို့ရဦးမလားဆိုတာ မသေချာဘူး။ အမှိုက်ပုံကို တူးပြီး အမှိုက်တွေကို ဖယ်ဖို့၊ ပြီးရင် ပြန်ပုံဖို့ဆိုတာ ပေါင်

 

သန်းချီ ကုန်ကျမှာပါ” လို့ မြို့တော်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။  ၂၀၀၉ ခုနှစ်မှာ Satoshi Nakamoto

 

လို့ အမည်ရတဲ့ ပရိုဂရမ်မာတစ်ယောက် ဒါမှမဟုတ် ပရိုဂရမ်မာတစ်ဖွဲ့ ဖန်တီးခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေး bitcoin ဟာ

 

သုံးစွဲသူများလာလို့ တန်ဖိုးလည်း မြင့်တက်လာခဲ့တာပါ။

 

Credit