KNOWLEDGE

အမ်ိဳးသမီးေတြ ဆံပင္ညႇပ္ၿပီး ဘုရားမွာလႉတဲ့ အလႉ ဟာ ေကာင္းလား၊ မေကာင္းဘူးလား

Written by admm

 

အမ်ိဳးသမီးေတြ ဆံပင္ညႇပ္ၿပီး ဘုရားမွာလႉတဲ့ အလႉ ဟာ ေကာင္းလား၊ မေကာင္းဘူးလား

 

 

အရွင္ဘုရား။…….။ တပည့္ေတာ္မသည္ ဆံပင္ရွည္မ်ားကို ဘုရားမွာလႉမည္ဟု ဆုံးျဖတ္ၿပီး အရွည္ထားပါသည္။

 

ယခု ဆံပင္ရွည္၍ ျဖတ္ၿပီးလႉမည္လုပ္ရာ အခ်ိဳ႕က ဆံပင္အတိုင္း မလႉေကာင္း ေရာင္း၍၊သို႔မဟုတ္-ဘုန္းႀကီးသုံး

 

ယပ္လုပ္၍ လႉရသည္ဟု ေျပာပါသည္။ မည္သို႔လႉသင့္သည္ကို ေျဖၾကားေပးပါရန္ ေလၽွာက္ထားပါသည္ဘုရား…

 

( ေၿဖ )…….. ဆံပင္မွာ မိမိခႏၶာကိုယ္မွ ေပါက္ေရာက္ေသာ အရာဝတၳဳျဖစ္ကာ အေမြး-ေျခသည္း-လက္သည္း-

 

သြား-အေရျပား- တို႔ႏွင့္အတူ တစပဥစကအဝင္ေဇ ဂုစၧ-သေဘာတရားျဖစ္၍ သူေတာ္ေကာင္းတို႔ စက္ဆုပ္အပ္

 

ေသာ အရာဝတၳဳပင္ျဖစ္ပါသည္။အမ်ိဳးသမီးတို႔အဖို႔ အမြန္အျမတ္ျဖစ္ေသာ္လည္းရတနာသုံးပါး၌ ဆံပင္အတိုင္း

 

 

ဆြဲခ်ိတ္လႉဒါန္း၍လည္း တင့္တယ္မႈမရွိပါ။လူ႔ဆံပင္ကိုယပ္စသည္လုပ္၍ လႉဒါန္းရိုးလည္း မရွိပါ။ ျမတ္စြာဘုရား

 

လက္ထက္က ဆံပင္ေကာင္းေသာအမ်ိဳးသမီးတဦးဆံပင္ကိုျဖတ္၍ ေရာင္ခ်ရရွိသည့္ေငြျဖင့္ အရွင္ကစၥာယန-

 

စေသာ ရဟႏၲာရွစ္ပါးအား ဆြမ္းခ်က္လႉဒါန္း၍ဒိ႒ဓမၼအက်ိဳးေပးသျဖင့္မိဖုရားျဖစ္သြားေသာ ဝတၳဳတစ္ခုကို

 

ေထာက္၍ ဆံပင္ကို ေရာင္း ခ်လ်က္ အျခား အက်ိဳး ျဖစ္မည့္ အလႉတခုခု လႉဒါန္း ျခင္းသာ အေကာင္း ဆုံး

 

ျဖစ္ေၾကာင္း ေျဖၾကားလိုပါသည္။ဗဟုသုတရရွိေစရန္အလို႔ငွါမၽွေဝေဖာ္ျပသည္. .

 

Unicode

 

အမျိုးသမီးတွေ ဆံပင်ညှပ်ပြီး ဘုရားမှာလှူတဲ့ အလှူ ဟာ ကောင်းလား၊ မကောင်းဘူးလား

 

 

အရှင်ဘုရား……. တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။

 

ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆံပင်အတိုင်း မလှူကောင်း ရောင်း၍၊သို့မဟုတ်-ဘုန်းကြီးသုံး

 

ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား…

 

( ဖြေ )…….. ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-

 

သွား-အရေပြား- တို့နှင့်အတူ တစပဥစကအဝင်ဇေဂုစ္ဆ-သဘောတရားဖြစ်၍သူတော်ကောင်းတို့ စက်ဆုပ်အပ်

 

သော အရာဝတ္ထုပင်ဖြစ်ပါသည်။အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်းရတနာသုံးပါး၌ ဆံပင်အတိုင်း

 

 

ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရား

 

လက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-

 

စသော ရဟန္တာရှစ်ပါးအားဆွမ်းချက်လှူဒါန်း၍ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့်မိဖုရားဖြစ်သွားသော ဝတ္ထုတစ်ခုကို

 

ထောက်၍ ဆံပင်ကို ရောင်း ချလျက် အခြား အကျိုး ဖြစ်မည့် အလှူတခုခု လှူဒါန်း ခြင်းသာ အကောင်း ဆုံး ဖြစ်

 

ကြောင်း ဖြေကြားလိုပါသည်။ဗဟုသုတရရှိစေရန်အလို့ငှါမျှဝေဖော်ပြသည်. .

 

Credit – ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)

About the author

admm