Life style

ရှေးဟောင်း ပန်းကန်လုံးတစ်လုံးကြောင့် ဒေါ်လာ ၂၂၂,၂၀၀ ရရှိခဲ့တဲ့မိသားစု

Written by admm

 

ရှေးဟောင်း ပန်းကန်လုံးတစ်လုံးကြောင့် ဒေါ်လာ ၂၂၂,၂၀၀ ရရှိခဲ့တဲ့မိသားစု

 

 

သင်က ကလေးတစ်ယောက်အနေနဲ့ပိုက်ဆံမရှိဘူးဆိုရင် nickel တစ်ခုအတွက်အရုပ်တစ်ခုဝယ်ဖို့ဆိုတာ အတော်လေး

 

ကြီးမားတဲ့သဘောတူညီမှုတစ်ခုပါဘဲ။ကိုယ့်လက်ထဲမှာ ပိုက်ဆံတပြားမှ မရှိတော့ရင် လူတော်တော်များများက ပစ္စည်း

 

အဟောင်းဆိုင်သွားပြီး ရှားပါပစ္စည်းကို မရှိတဲ့ပိုက်ဆံနဲ့ ဝယ်ယူပြီး နောက်တချိန်တန်ဖိုးကြီးပစ္စည်းတွေဖြစ်လာပါစေလို့ 

 

ဆုတောင်းပြီး စိတ်ကူးယဉ်နေတတ်ကြပါတယ်။အခုလည်း နယူးယောက်မြို့က မိသားစုတစ်စုအတွက် ၎င်းအိမ်မက်က

 

အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။သူတို့က တပတ်ရစ်ပစ္စည်းဆိုင်မှာ ဈေးဝယ်ထွက်ပြီးနောက် သူတို့ဘဝကြီးက လုံးလုံး

 

ပြောင်းလဲသွားခဲ့ပါတယ်။အဆိုပါမိသားစုဟာ မီးဖိုချောင်သုံးပစ္စည်းတွေဝယ်ဖို့ ကောင်းမွန်တဲ့နေ့တစ်နေ့ကို ရရှိခဲ့ကြပါ

 

တယ်။သူတို့ဟာ အဖြူရောင်ကြွေပန်းကန်လုံးကို တွေ့သွားပြီး သဘောကျကာ ၎င်းကို ဒေါ်လာ ၃ နဲ့ ဈေးဆစ်ဝယ်ခဲ့ပြီး

 

 

ပန်းကန်လုံးကို မီးဖိုချောင်မှာ နှစ်ပေါင်းများစွာ အလှဆင်ထားခဲ့ကြပါတယ်။တစ်နေ့မှာ အဆိုပါမိသားစုဟာ ၎င်းပန်းကန်လုံး

 

နှင့်ပတ်သက်ပြီး သိလိုစိတ်ပြင်းပြလာခဲ့ကြပါတယ်။၎င်းကို ရှေးဟောင်းပစ္စည်းစုဆောင်းသူထံ ယူသွားခဲ့ပြီးနောက် တွေ့ရှိ

 

ခဲ့တဲ့ ပန်းကန်လုံးဟာ အမှန်တကယ် နှစ်ပေါင်း ၁,၀၀၀ ကျော်နေပြီဖြစ်ပြီး ၎င်းကို တရုတ်ရဲ့ Song မင်းဆက်ကာလအတွင်း

 

 

ဖန်တီးခဲ့သလို ကြွေလုပ်ငန်းက ၎င်းကို Dingware လို့ ခေါ်ကြောင်းကို သိသွားခဲ့ရပါတယ်။ရှေးဟောင်းပစ္စည်းစုဆောင်းတဲ့

 

Sotheby  က အိုးရဲ့အလှအပ ၊ ဂုဏ်သရေ နှင့် အတွင်းပိုင်းက ချစ်စရာကောင်းတဲ့ကြာပန်းကို ကြည့်ပြီး ၎င်းက လန်ဒန်ရှိ

 

ဗြိတိန်ပြတိုက်မှာ ရှိတဲ့တစ်ခုတည်းသော ပန်းကန်လုံးနဲ့တစ်ထေတည်းတူကြောင်း အတည်ပြုခဲ့ကြပါတယ်။သူတို့ကလေလံပွဲ

 

 

တစ်ခုမှာ ၎င်းကို ဒေါ်လာ ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ ပေးခဲ့ကြပါတယ်။ေ နာက်ဆုံးမှာ ပန်းကန်လုံးကို အနုပညာ

 

ကုန်သည်တစ်ဦးအားဒေါ်လာ ၂၂၂,၂၀၀ ဖြင့် လေလံရောင်းချသွားနိုင်ခဲ့ပါတယ်။နယူးယောက်မိသားစုကတော့ ရုတ်တရက်

 

ထီပေါက်သွားခဲ့သလိုပါဘဲ။၃ ဒေါ်လာ လေးရင်းပြီး ဒေါ်လာ ၂၂၂,၂၀၀ ပြန်ရတယ်ဆိုတော့ မသေးတဲ့ကံကောင်းမှုကြီးပါဘဲဗျာ။

 

Unicode

 


 

 


 


 


 


 


 


 


 

 


 


 


 

 


 


 


 

 


 


 


 


 

Credit;

About the author

admm