ကိုဗစ္ႏွင့္အတူ  အသည္းအစားထိုး ကုသျခင္း ကို ေအာင္ျမင္ စြာ တြန္းလွန္ ႏိုင္ခဲ့  ေသာ အံ့ဖြယ္ကေလးငယ္

ကိုဗစ္ႏွင့္အတူ  အသည္းအစားထိုး ကုသျခင္း ကို ေအာင္ျမင္ စြာ တြန္းလွန္ ႏိုင္ခဲ့  ေသာ အံ့ဖြယ္ကေလးငယ္

 

 

အသက္ (၁) ႏွစ္ အရြယ္ ကာဆန္ ဒိုနာဆန္ (Kasen Donerlson) ဆိုတဲ့ ကေလးေလးဟာ အရမ္းခ်ဴခ်ာပါတယ္။ အဲဒီ

 

ကေလးေလးက ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတဲ့အျပင္ အသည္းအစားထိုးမႈလည္း လုပ္ဖို႔လိုအပ္ခဲ့တာပါ။ ဒါေပမဲ့ သူ႔ရဲ့ (၁)

 

ႏွစ္ျပည့္ေမြးေန႔မတိုင္ခင္မွာပဲ ကိုဗစ္ေရာဂါကို တြန္းလွန္နိုင္ခဲ့သလို အသည္းအစားထိုးကုသမႈလည္းေအာင္ျမင္ၿပီး အ

 

သက္ရွင္နိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ သူ႔ကို “အံ့ဖြယ္ကေလးေလး”လို႔ ေခၚေနၾကပါတယ္။“အရမ္းအရမ္း စိတ္ပူပန္ခဲ့ရတယ္။

 

ဒါေပမဲ့ အခု သားေလး ျပန္လည္ေကာင္းမြန္လာတာကေတာ့ အရမ္းဝမ္းသာရပါတယ္။ သားေလး ေနေကာင္းေနဖို႔ပါပဲ။

 

 

အျခားဘာမွမေတာင္းဆိုခ်င္ပါဘူး” လို႔ ကာဆန္ရဲ့မိခင္ မီတာရာခ်္ ဒိုနာဆန္ (Mitayah Donerlson) က ေျပာပါတယ္။

 

ကာဆန္ကို ၂၀၂၀ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္ေန႔က ေမြးဖြားခဲ့တာျဖစ္ၿပီး ခႏၶာကိုယ္အေလးခ်ိန္ (၈) ေပါင္ ရွိပါတယ္။ သူဟာ

 

အသက္ရႈရခက္တဲ့ျပႆနာေၾကာင့္ အထူးၾကပ္မတ္ခန္းမွာ ရက္အနည္းငယ္ေနခဲ့ရပါတယ္။ ဆရာဝန္ေတြကေတာ့ သူ

 

နည္းနည္းႀကီးလာတာနဲ႔ က်န္းမာေရးေကာင္းလာမယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ ကာဆန္ရဲ့က်န္းမာေရး တိုးတက္မႈရွိမလာ

 

ခဲ့တဲ့အခ်ိန္မွာ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ ေမြးဖြားၿပီး ၂ လဝန္းက်င္မွာပဲ ကာဆန္ေလးက သည္းေျခ

 

 

ရည္ႁပြန္က်ဥ္းေျမာင္းပိတ္ဆို႔ျခင္း (biliary atresia) ေရာဂါကို ခံစားခဲ့ရပါတယ္။ ေရာဂါခံစားရၿပီး ရက္အနည္းငယ္အၾကာ

 

မွာ အေရးေပၚခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္။ ဒါေပမဲ့ ခြဲစိတ္မႈမေအာင္ျမင္ခဲ့ဘဲ အသည္းအစားထိုးဖို႔လိုအပ္တယ္ဆိုတာကို

 

သိခဲ့ရပါတယ္။ အဲဒါနဲ႔ UPMC Children’s Hospital ရဲ့အသည္းအစားထိုးေစာင့္ဆိုင္းစာရင္းမွာ ကာဆန္ကို စာရင္းသြင္း

 

ခဲ့ရပါတယ္။ နိုဝင္ဘာလမွာ ကာဆန္က အသည္းအစားထိုးနိုင္ဖို႔ ေစာင့္ဆိုင္းေနတုန္း ကာဆန္၊ မီတာရာခ်္နဲ႔ သူရဲ့တူမေလး

 

တို႔ဟာ ကိုဗစ္ကူးစက္ခံခဲ့ရပါတယ္။ ကာဆန္က ေဆး႐ုံမွာ (၃) ရက္ ေနခဲ့ရၿပီး ကိုဗစ္ေရာဂါလကၡဏာအေနနဲ႔ အဖ်ားႀကီး

 

 

တာတစ္ခုပါပဲ။ က်န္တဲ့မိသားစုဝင္ေတြကလည္း ကိုဗစ္ေရာဂါလကၡဏာေတြကို အရမ္းႀကီးမခံစားခဲ့ရပါဘူး။(၂) ပတ္အ

 

ၾကာ ဒီဇင္ဘာလ အေစာပိုင္းမွာ ကာဆန္အတြက္ အသည္းအလႉရွင္ေပၚလာခဲ့ပါတယ္။ မီတာရာခ်္ဟာ အရမ္းေပ်ာ္လြန္း

 

လို႔ မ်က္ရည္က်ခဲ့ရပါတယ္။ အခုခ်ိန္မွာ သူလုပ္နိုင္တာက ငိုတာပါပဲတဲ့။ အခုႏွစ္ဇန္နဝါလအစမွာ ကာဆန္က အသည္း

 

အစားထိုးကုသမႈခံယူခဲ့ရပါတယ္။ ကိုယ္အေလးခ်ိန္ကေတာ့ ေမြးတုန္းကအေလးခ်ိန္ထက္နည္းနည္းပဲ ေက်ာ္ပါတယ္။

 

(၁၀) ေပါင္ေလာက္ပဲရွိပါတယ္။ ကာဆန္ဟာ သူခံစားခဲ့ရတဲ့ေရာဂါအေျခအေနေၾကာင့္ ေပါင္ခ်ိန္နည္းေနတာျဖစ္ပါတယ္။

 

 

အသည္းအစားထိုးခြဲစိတ္ကုသခဲ့တဲ့အခ်ိန္က (၁၀) နာရီေလာက္ေတာင္ၾကာခဲ့ပါတယ္။ ကာဆန္ေလးကေတာ့ ေမြးဖြား

 

လာကတည္းက ေနမေကာင္းျဖစ္လို႔ ေဆး႐ုံတက္ကုသမႈခံယူၿပီးတဲ့ေနာက္မွာေတာ့ ဘဝကို က်န္းမာေပ်ာ္ရႊင္စြာ ျဖတ္သန္း

 

ရေတာ့မွာျဖစ္ပါတယ္။ သူ႔ရဲ့ (၁) ႏွစ္ျပည့္ေမြးေန႔ကို ဇန္နဝါရီ ၁၄ ရက္ေန႔က ေဆး႐ုံမွာပဲ ဆင္ႏႊဲခဲ့ၿပီး ကိုယ္အေလးခ်ိန္လည္း

 

မ်ားလာေနပါၿပီ။ မီတာရာခ်္ကေတာ့ သူ႔သားေလး ကာဆန္ လမ္းေလၽွာက္တာ၊ စကားေျပာတာတို႔ကို ျမင္ေတြ႕ရဖို႔ ေမၽွ

 

ာ္လင့္ေနပါတယ္။ ကာဆန္ကို အသည္းလႉေပးခဲ့တဲ့သူနဲ႔ ကိုယ္အဂၤါအစိတ္အပိုင္းလႉဒါန္းဖို႔ စာရင္းေပးၾကတဲ့သူေတြအား

 

လုံးကို ေက်းဇူးတင္တယ္လို႔ ဆိုပါတယ္။

 

Credit

 

 

 

 

Unicode

 

 

အသက် (၁) နှစ် အရွယ် ကာဆန် ဒိုနာဆန် (Kasen Donerlson) ဆိုတဲ့ ကလေးလေးဟာ အရမ်းချူချာပါတယ်။ အဲဒီ

 

ကလေးလေးက ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့အပြင် အသည်းအစားထိုးမှုလည်း လုပ်ဖို့လိုအပ်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ (၁)

 

နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာပဲ ကိုဗစ်ရောဂါကို တွန်းလှန်နိုင်ခဲ့သလို အသည်းအစားထိုးကုသမှုလည်းအောင်မြင်ပြီး အ

 

သက်ရှင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို “အံ့ဖွယ်ကလေးလေး”လို့ ခေါ်နေကြပါတယ်။ “အရမ်းအရမ်း စိတ်ပူပန်ခဲ့ရ

 

တယ်။ ဒါပေမဲ့ အခု သားလေး ပြန်လည်ကောင်းမွန်လာတာကတော့ အရမ်းဝမ်းသာရပါတယ်။ သားလေး နေကောင်း

 

 

နေဖို့ပါပဲ။ အခြားဘာမှမတောင်းဆိုချင်ပါဘူး” လို့ ကာဆန်ရဲ့မိခင် မီတာရာချ် ဒိုနာဆန် (Mitayah Donerlson) က

 

ပြောပါတယ်။ကာဆန်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန် (၈) ပေါင်

 

ရှိပါတယ်။ သူဟာ အသက်ရှုရခက်တဲ့ပြဿနာကြောင့် အထူးကြပ်မတ်ခန်းမှာ ရက်အနည်းငယ်နေခဲ့ရပါတယ်။ ဆရာ

 

ဝန်တွေကတော့ သူ နည်းနည်းကြီးလာတာနဲ့ ကျန်းမာရေးကောင်းလာမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကာဆန်ရဲ့ကျန်းမာ

 

ရေး တိုးတက်မှုရှိမလာခဲ့တဲ့အချိန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မွေးဖွားပြီး ၂ လဝန်းကျင်မှာပဲ

 

 

ကာဆန်လေးက သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း (biliary atresia) ရောဂါကို ခံစားခဲ့ရပါတယ်။ ရောဂါခံ

 

စားရပြီး ရက်အနည်းငယ်အကြာမှာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမဲ့ ခွဲစိတ်မှုမအောင်မြင်ခဲ့ဘဲ အသည်း

 

အစားထိုးဖို့လိုအပ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ အဲဒါနဲ့ UPMC Children’s Hospital ရဲ့အသည်းအစားထိုးစောင့်

 

ဆိုင်းစာရင်းမှာ ကာဆန်ကို စာရင်းသွင်းခဲ့ရပါတယ်။ နိုဝင်ဘာလမှာ ကာဆန်က အသည်းအစားထိုးနိုင်ဖို့ စောင့်ဆိုင်း

 

နေတုန်း ကာဆန်၊ မီတာရာချ်နဲ့ သူရဲ့တူမလေးတို့ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ ကာဆန်က ဆေးရုံမှာ (၃) ရက်

 

 

နေခဲ့ရပြီး ကိုဗစ်ရောဂါလက္ခဏာအနေနဲ့ အဖျားကြီးတာတစ်ခုပါပဲ။ ကျန်တဲ့မိသားစုဝင်တွေကလည်း ကိုဗစ်ရောဂါ

 

လက္ခဏာတွေကို အရမ်းကြီးမခံစားခဲ့ရပါဘူး။ (၂) ပတ်အကြာ ဒီဇင်ဘာလ အစောပိုင်းမှာ ကာဆန်အတွက် အသည်း

 

အလှူရှင်ပေါ်လာခဲ့ပါတယ်။ မီတာရာချ်ဟာ အရမ်းပျော်လွန်းလို့ မျက်ရည်ကျခဲ့ရပါတယ်။ အခုချိန်မှာ သူလုပ်နိုင်တာ

 

က ငိုတာပါပဲတဲ့။ အခုနှစ်ဇန်နဝါလအစမှာ ကာဆန်က အသည်းအစားထိုးကုသမှုခံယူခဲ့ရပါတယ်။ ကိုယ်အလေးချိန်က

 

တော့ မွေးတုန်းကအလေးချိန်ထက်နည်းနည်းပဲ ကျော်ပါတယ်။ (၁၀) ပေါင်လောက်ပဲရှိပါတယ်။ ကာဆန်ဟာ သူခံစား

 

 

ခဲ့ရတဲ့ရောဂါအခြေအနေကြောင့် ပေါင်ချိန်နည်းနေတာဖြစ်ပါတယ်။ အသည်းအစားထိုးခွဲစိတ်ကုသခဲ့တဲ့အချိန်က (၁၀)

 

နာရီလောက်တောင်ကြာခဲ့ပါတယ်။ ကာဆန်လေးကတော့ မွေးဖွားလာကတည်းက နေမကောင်းဖြစ်လို့ ဆေးရုံတက်ကု

 

သမှုခံယူပြီးတဲ့နောက်မှာတော့ ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ သူ့ရဲ့ (၁) နှစ်ပြည့်မွေးနေ့ကို

 

ဇန်နဝါရီ ၁၄ ရက်နေ့က ဆေးရုံမှာပဲ ဆင်နွှဲခဲ့ပြီး ကိုယ်အလေးချိန်လည်း များလာနေပါပြီ။ မီတာရာချ်ကတော့ သူ့သားလေး

 

ကာဆန် လမ်းလျှောက်တာ၊ စကားပြောတာတို့ကို မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။ ကာဆန်ကို အသည်းလှူပေးခဲ့တဲ့သူနဲ့

 

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းဖို့ စာရင်းပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

 

Credit