ထိုင္းဘုရင္ကို ေစာ္ကားျပစ္တင္မႈနဲ႔ အမ်ိဳးသမီးတစ္ဦး ေထာင္ဒဏ္ ၄၃ ႏွစ္ ခ်ခံရ

ထိုင္းဘုရင္ကို ေစာ္ကားျပစ္တင္မႈနဲ႔ အမ်ိဳးသမီးတစ္ဦး ေထာင္ဒဏ္ ၄၃ ႏွစ္ ခ်ခံရ

 

 

ထိုင္းဘုရင္ကို ေစာ္ကားမႈ ဒါမွမဟုတ္ ရႈတ္ခ်ေျပာဆိုမႈ တားျမစ္ထားတဲ့ ဥပေဒခ်ိဳးေဖာက္မႈနဲ႔ အစိုးရဝန္ထမ္းေဟာင္းတစ္ဦး

 

ကို ထိုင္းတရား႐ုံးတစ္ခုက အဂၤါေန႔က ေထာင္ဒဏ္ ၄၃ ႏွစ္နဲ႔ ၆လ ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါအမ်ိဳးသမီးဟာ ေဖ့

 

ဘြတ္ခ္နဲ႔ ယူက်ဴမွာ ထိုင္းဘုရင္ကိုေဝဖန္တဲ့အသံဖိုင္ေတြ တင္ခဲ့တဲ့အတြက္ ဘန္ေကာက္ရာဇဝတ္ခုံ႐ုံးက နိုင္ငံအႀကီးဆုံးဥ

 

ပေဒ ခ်ိဳးေဖာက္မႈ ၂၉ မႈနဲ႔ စီရင္ခ်က္ခ်ခဲ့ေၾကာင္း ထိုင္းလူအခြင့္အေရးေရွ႕ေနအဖြဲ႕က ေျပာပါတယ္။ ကနဦးက ေထာင္ဒဏ္ ၈၇

 

ႏွစ္ သတ္မွတ္ခဲ့ေပမယ့္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့တာေၾကာင့္ ထက္ဝက္ေလ်ာ့ေပးခဲ့တယ္လို႔ သိရပါတယ္။ ခုလို စီရင္ခ်က္ခ်မႈ

 

 

ဟာ ထိုင္းဘုရင္စနစ္ကို မၾကဳံစဖူး ေဝဖန္ေနတဲ့ ဆႏၵျပပြဲေတြၾကား ထြက္ေပၚလာတာျဖစ္ၿပီး လူအခြင့္အေရးအဖြဲ႕ေတြက ျပစ္

 

တင္ရႈတ္ခ်ထားပါတယ္။ ပုဒ္မ ၁၁၂ လို႔ လူသိမ်ားတဲ့ ထိုင္း ေတာ္ဝင္ဘုရင္မိသားစုဥပေဒခ်ိဳးေဖာက္မႈအတြက္ ေထာင္ဒဏ္

 

၃ ႏွစ္ကေန ၁၅ ႏွစ္အထိ ခ်မွတ္ခြင့္ရွိေနပါတယ္။ ေဖ့ဘြတ္မွာတင္ထားတဲ့ပို႔စ္ကို Like ႏွိပ္႐ုံနဲ႔ အျပစ္ေပးခြင့္ရွိေနသလို အာ

 

ဏာပိုင္ေတြျဖစ္ျဖစ္ တျခားတစ္ေယာက္ေယာက္က ျဖစ္ျဖစ္ တိုင္ၾကားခြင့္ရွိေနၿပီး ႏွစ္နဲ႔ခ်ီ ထိန္းသိမ္းထားနိုင္တဲ့အတြက္ အျငင္း

 

ပြားစရာ ျဖစ္ေနပါတယ္။ ေထာင္ဒဏ္ႏွစ္ ၄၀ ေက်ာ္ ခ်ခံရတဲ့အမ်ိဳးသမီးအမည္ဟာ အန္ခ်န္းလို႔ သိရၿပီး အသက္ ၆၀ ေက်ာ္အ

 

 

ရြယ္ရွိေနၿပီလို႔ ထိုင္းလူအခြင့္အေရးေရွ႕ေနအဖြဲ႕က ဆိုပါတယ္။ ၎အမႈဟာလြန္ခဲ့တဲ့ ၆ႏွစ္ေက်ာ္ကာလ ၂၀၁၄ ခုႏွစ္စစ္တပ္

 

အာဏာသိမ္းမႈအၿပီးကျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလကေန ၂၀၁၈ နိုဝင္ဘာအထိ ေထာင္ခ်ခံထားရတာလည္း ျဖစ္ပါတယ္။

 

စစ္တပ္တရား႐ုံးမွာ ပထမဆုံးအခ်ိန္ၾကားနာခ်ိန္က တရားစြဲဆိုခ်က္ေတြကို ၎က ျငင္းပယ္ခဲ့ၿပီး ေနာက္ပိုင္း ရာဇဝတ္မႈတ

 

ရား႐ုံးကိုလႊဲေျပာင္းတဲ့အခ်ိန္ တရား႐ုံးက သူ႔ျပစ္ဒဏ္ကို ေလ်ာ့ေပါ့ေပးနိုင္မယ္လို႔ ေမ်ာ္လင့္ခ်က္ေၾကာင့္ ဝန္ခံခဲ့ေၾကာင္း ဆိုပါ

 

တယ္။ အန္ခ်န္းဟာ အစိုးရဝန္ထမ္းအျဖစ္ ႏွစ္၄၀ အလုပ္လုပ္ကိုင္ခဲ့ၿပီး ပင္စင္မယူခင္ တစ္ႏွစ္အလိုမွာ ဖမ္းဆီးခံရတာလို႔ သိရ

 

ပါတယ္။ ခုလို စီရင္ခ်က္ဟာ ထိုင္းအာဏာပိုင္ေတြက အဘုရင္စနစ္ကို ေဝဖန္မႈေတြကို သည္းမခံဘဲ ေဝဖန္သူေတြကို ႀကီးေလး

 

တဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္မယ္ဆိုတာ သတိေပးလိုက္တာျဖစ္တယ္လို႔ လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕မွ တာဝန္ရွိသူ ဆူနိုင္

 

ဖာဆက္က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၁၅ ႏွစ္အတြင္း ထိုင္းနိုင္ငံေရးမတည္ၿငိမ္မႈေတြမွာ ဒီဥပေဒကို နိုင္ငံေရးလက္နက္အျဖစ္

 

အသုံးခ်ခဲ့တာပါ။ မၾကာေသးခင္အခ်ိန္အထိ ထိုင္းဘုရင္ကို လူသိရွင္ၾကား ေဝဖန္မႈေတြ အလြန္ရွားပါးခဲ့တာျဖစ္ေပမယ့္ ၿပီး

 

ခဲ့တဲ့ႏွစ္က စၿပီး ျပဳျပင္ေျပာင္းလဲေရးေတာင္းဆိုေနတဲ့ဆႏၵျပလူငယ္ေတြဟာ ထိုင္းဘုရင္စနစ္ေျပာင္းလဲဖို႔ ေတာင္းဆိုလာၾက

 

တာလည္း ျဖစ္ပါတယ္။ အေစာပိုင္းကေတာ့ အာဏာပိုင္ေတြက ေဝဖန္မႈေတြ ခြင့္ျပဳခဲ့ေပမယ့္ နိုဝင္ဘာလကစၿပီး လူ ၅၀ ကို

 

ဖမ္းဆီးၿပီး ဒီဥပေဒနဲ႔ တရားစြဲဆိုထားေၾကာင္း သိရပါတယ္။

 

Credit

 

 

 

 

Unicode

 

 

ထိုင်းဘုရင်ကို စော်ကားမှု ဒါမှမဟုတ် ရှုတ်ချပြောဆိုမှု တားမြစ်ထားတဲ့ ဥပဒေချိုးဖောက်မှုနဲ့ အစိုးရဝန်ထမ်းဟောင်းတစ်

 

ဦးကို ထိုင်းတရားရုံးတစ်ခုက အင်္ဂါနေ့က ထောင်ဒဏ် ၄၃ နှစ်နဲ့ ၆လ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမျိုးသမီး

 

ဟာ ဖေ့ဘွတ်ခ်နဲ့ ယူကျူမှာ ထိုင်းဘုရင်ကိုဝေဖန်တဲ့အသံဖိုင်တွေ တင်ခဲ့တဲ့အတွက် ဘန်ကောက်ရာဇဝတ်ခုံရုံးက နိုင်ငံ

 

အကြီးဆုံးဥပဒေ ချိုးဖောက်မှု ၂၉ မှုနဲ့ စီရင်ချက်ချခဲ့ကြောင်း ထိုင်းလူအခွင့်အရေးရှေ့နေအဖွဲ့က ပြောပါတယ်။ ကနဦးက

 

ထောင်ဒဏ် ၈၇ နှစ် သတ်မှတ်ခဲ့ပေမယ့် အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် ထက်ဝက်လျော့ပေးခဲ့တယ်လို့ သိရပါတယ်။

 

 

ခုလို စီရင်ချက်ချမှုဟာ ထိုင်းဘုရင်စနစ်ကို မကြုံစဖူး ဝေဖန်နေတဲ့ ဆန္ဒပြပွဲတွေကြား ထွက်ပေါ်လာတာဖြစ်ပြီး လူအခွင့်အ

 

ရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။ ပုဒ်မ ၁၁၂ လို့ လူသိများတဲ့ ထိုင်း တော်ဝင်ဘုရင်မိသားစုဥပဒေချိုးဖောက်မှု

 

အတွက် ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခွင့်ရှိနေပါတယ်။ ဖေ့ဘွတ်မှာတင်ထားတဲ့ပို့စ်ကို Like နှိပ်ရုံနဲ့ အ

 

ပြစ်ပေးခွင့်ရှိနေသလို အာဏာပိုင်တွေဖြစ်ဖြစ် တခြားတစ်ယောက်ယောက်က ဖြစ်ဖြစ် တိုင်ကြားခွင့်ရှိနေပြီး နှစ်နဲ့ချီ ထိန်း

 

သိမ်းထားနိုင်တဲ့အတွက် အငြင်းပွားစရာ ဖြစ်နေပါတယ်။ ထောင်ဒဏ်နှစ် ၄၀ ကျော် ချခံရတဲ့အမျိုးသမီးအမည်ဟာ အန်

 

 

ချန်းလို့ သိရပြီး အသက် ၆၀ ကျော်အရွယ်ရှိနေပြီလို့ ထိုင်းလူအခွင့်အရေးရှေ့နေအဖွဲ့က ဆိုပါတယ်။ ၎င်းအမှုဟာလွန်ခဲ့

 

တဲ့ ၆နှစ်ကျော်ကာလ ၂၀၁၄ ခုနှစ်စစ်တပ်အာဏာသိမ်းမှုအပြီးကဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၈ နိုဝင်ဘာ

 

အထိ ထောင်ချခံထားရတာလည်း ဖြစ်ပါတယ်။ စစ်တပ်တရားရုံးမှာ ပထမဆုံးအချိန်ကြားနာချိန်က တရားစွဲဆိုချက်တွေ

 

ကို ၎င်းက ငြင်းပယ်ခဲ့ပြီး နောက်ပိုင်း ရာဇဝတ်မှုတရားရုံးကိုလွှဲပြောင်းတဲ့အချိန် တရားရုံးက သူ့ပြစ်ဒဏ်ကို လျော့ပေါ့ပေး

 

နိုင်မယ်လို့ မျော်လင့်ချက်ကြောင့် ဝန်ခံခဲ့ကြောင်း ဆိုပါတယ်။ အန်ချန်းဟာ အစိုးရဝန်ထမ်းအဖြစ် နှစ်၄၀ အလုပ်လုပ်

 

ကိုင်ခဲ့ပြီး ပင်စင်မယူခင် တစ်နှစ်အလိုမှာ ဖမ်းဆီးခံရတာလို့ သိရပါတယ်။ ခုလို စီရင်ချက်ဟာ ထိုင်းအာဏာပိုင်တွေက

 

အဘုရင်စနစ်ကို ဝေဖန်မှုတွေကို သည်းမခံဘဲ ဝေဖန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်မယ်ဆိုတာ သတိပေးလို

 

က်တာဖြစ်တယ်လို့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ ဆူနိုင်ဖာဆက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အ

 

တွင်း ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေမှာ ဒီဥပဒေကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချခဲ့တာပါ။ မကြာသေးခင်အချိန်အထိ

 

ထိုင်းဘုရင်ကို လူသိရှင်ကြား ဝေဖန်မှုတွေ အလွန်ရှားပါးခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က စပြီး ပြုပြင်ပြောင်းလဲရေးတောင်း

 

ဆိုနေတဲ့ဆန္ဒပြလူငယ်တွေဟာ ထိုင်းဘုရင်စနစ်ပြောင်းလဲဖို့ တောင်းဆိုလာကြတာလည်း ဖြစ်ပါတယ်။ အစောပိုင်းက

 

တော့ အာဏာပိုင်တွေက ဝေဖန်မှုတွေ ခွင့်ပြုခဲ့ပေမယ့် နိုဝင်ဘာလကစပြီး လူ ၅၀ ကိုဖမ်းဆီးပြီး ဒီဥပဒေနဲ့ တရားစွဲဆိုထား

 

ကြောင်း သိရပါတယ်။

 

Credit