အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက် လမ်းတောင် မလျှောက်နိုင်တော့တဲ့ အမျိုးသမီး
အမေရိကန်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက် လမ်းတောင် မလျှောက်နိုင်တော့တဲ့ အမျိုးသမီး
လေးရက်မြောက်နေ့မှာတော့ ခြေထောက်တွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။
လို့ သိရပါတယ်။
Credit
Unicode
အမေရိကန်နိုင်ငံမှာ Pfizer ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးဟာ ဆေးရုံကို ပို့ဆောင်ခဲ့ရတဲ့
အထိ ကျန်းမာရေးဖောက်ပြန်ခဲ့ပါတယ်။ သူမရဲ့ အခြေအနေကို သားဖြစ်သူက ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်တွေပေါ်မှာ
ဖော်ပြခဲ့တဲ့နောက် အဆိုပါဗီဒီယိုက ပြန့်နှံ့နေပြီဖြစ်ကာ သားဖြစ်သူကလည်း သူဟာ ကိုဗစ် ကာကွယ်ဆေးမထိုးဖို့ ဆန့်
ကျင်သူတဦး မဟုတ်ပေမယ့် မိခင်ဖြစ်သူရဲ့ ခံစားခဲ့ရမှုကြောင့် စိတ်ချလုံခြုံရမှုအပေါ်မှာ သံသယဖြစ်မိတယ်လို့ ပြောဆိုခဲ့
ပါတယ်။Brant Griner က သူ့ရဲ့မိခင်ဟာ ကိုဗစ် ကာကွယ်ဆေးထိုးနှံခဲ့ပြီးနောက် ပြင်းထန်တဲ့ ဆေးဘက်ဆိုင်ရာ ပြဿ
နာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပြီး ဖေ့စဘွတ်မှာ ဒီအဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့ပါတယ်။ လမ်းလျှောက်ဖို့
အတွက် တော်တော်လေးအခက်အခဲဖြစ်နေပြီး နံရံနဲ့ တံခါးတွေကို အားပြုကာ သွားလာနေရတဲ့ မိခင်ဖြစ်သူရဲ့ အဖြစ်အ
ပျက်ကို သူက ဗီဒီယိုရိုက်ကူးပြီးတော့ ဖော်ပြခဲ့ပါတယ်။ဒီဗီဒီယိုကို ပြန်လည်မျှဝေသူပေါင်း တစ်သိန်းခြောက်သောင်း
ကျော်အထိ ရှိခဲ့ပြီး မှတ်ချက်ပြုမှုပေါင်းကလည်း သုံးသောင်းခွဲကျော်အထိ ရှိခဲ့ပါတယ်။ RT သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့
အင်တာဗျူးမှာတော့ Griner က စိတ်ကူးယဉ်ဆန်မှု ဘာတစ်ခုမှ မရှိခဲ့ဘူးလို့ဆိုကာ ဒီအဖြစ်အပျက်ဟာ မှန်ကန်
ကြောင်း ပြောဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူက ကာကွယ်ဆေးထိုးဖို့ စိတ်အားထက်နေခဲ့ပြီး မိဘတွေဆီကို ကူးစက်နိုင်ချေ
ရှိနေတာကို လျှော့ချဖို့လည်း ကြိုးစားချင်နေခဲ့ကြောင်း Griner က ပြောဆိုခဲ့ပါတယ်။Griner ရဲ့ မိခင်ဟာ အသက် ၄၅
နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးအလွန်ကောင်းမွန်ပြီး ဘယ်လိုရောဂါဝေဒနာဆိုးကိုမှ ခံစားရဖူးခြင်း မရှိဘူးလို့လည်း
သိရပါတယ်။ ကိုဗစ် ကာကွယ်ဆေးထိုးပြီး နောက်တစ်နေ့မှာတော့ သူမဟာ အလွန်အမင်း ခေါင်းကိုက်လာခဲ့ပြီး ရက်
အနည်းငယ်ကြာမှာတော့ ခြေထောက်တွေရွှေ့ဖို့ အခက်အခဲတွေရှိလာခဲ့ပြီး လေးရက်မြောက်နေ့မှာတေ့ာ ခြေထောက်
တွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ဆရာဝန်တွေက သူမဟာ အာရုံကြောဆိုင်
ရာ ပြဿနာဖြစ်ပွားနေတယ်လို့ ပြောဆိုခဲ့ပြီး ကာကွယ်ဆေးအတွင်းပါဝင်တဲ့ သတ္ထုဓာတ်တွေကြောင့် ဖြစ်တယ်လို့လည်း
မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နေ့တိုင်းလိုလို ခေါင်းကိုက်ဝေဒနာကို ခံစားနေရတယ်လို့ သိရပြီး လက်ရှိမှာ
တော့ ဆေးရုံကဆင်းကာ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီး ဆရာဝန်တွေရဲ့ အကူအညီကို ယူနေရဆဲဖြစ်ပါတယ်။သူမရဲ့
ဖြစ်ရပ်ကို ဖော်ပြခဲ့တဲ့ ပို့စ်အောက်မှာလည်း ကာကွယ်ဆေးထိုးပြီးနောက် သူတို့ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာတွေ
ကို ပြန်လည်မျှဝေသူက ရာနဲ့ချီရှိခဲ့တယ်လို့ သိရပါတယ်။ Moderna ကိုဗစ် ကာကွယ်ဆေးကို ထိုးနှံခဲ့တဲ့ အမျိုးသမီးတစ်ဦး
က ထိုးနှံခံရပြီးနောက်ပိုင်း ကျန်းမာရေးချို့ယွင်းမှုတွေ ရှိနေတယ်လို့ ရေးသားခဲ့ကာ အလားတူပြဿနာကို ရင်ဆိုင်နေရသူ
တွေကလည်း သူတို့အတွေ့အကြုံတွေကို ပြန်လည်ပြောပြခဲ့ကြတယ်လို့ သိရပါတယ်။
Credit