Gym အမြဲသွားပြီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွေမှာပါ ဆုယူပြခဲ့တဲ့ အသက် 75 နှစ်အရွယ်အဘွားအို

Gym အမြဲသွားပြီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွေမှာပါ ဆုယူပြခဲ့တဲ့ အသက် 75 နှစ်အရွယ်အဘွားအို

 

 

လူအတော်များများ Gym သွားဖို့အတွက် အတော်လေးကိုပျင်းရိနေလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့

 

အမျိုးသမီးကြီးရဲ့ ဘဝအကြောင်းကိုကြည့်ပြီးရင်တော့ Gym ပြန်သွားဆော့ချင်တဲ့စိတ်မျိုးပြန်ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်

 

မိပါတယ် ။ ၎င်းအမျိုးသမီးကတော့ တောင်ကိုးရီးယားနိုင်ငံက အသက် 75နှစ်အရွယ် ကိုယ်ကာယအလှမယ် Lim Jong So

 

ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ် ။ ပြီးခဲ့တဲ့နှစ်က Lim ဟာ သူမရဲ့ကျောရိုးနာကျင်နေခဲ့တဲ့ နာတာရှည်ရောဂါမျိုးခံစားနေခဲ့ရလို့

 

နောက်ပိုင်းမှာသူမရဲ့ညာခြေထောက်ဟာလမ်းမလျှောက်နိုင်တဲ့ အခြေအနေမျိုးအထိ ကြုံတွေ့ခံစားခဲ့ရပါတယ် ။ ထို့ကြောင့်

 

 

ရောဂါကုသဖို့အတွက် သူမဟာ Gym ဆော့ကစားပြီး နာကျင်မှုဒဏ်သက်သာအောင်ကြိုးစားခဲ့ပါတယ် ။ သူမဟာ Gym သို့

 

တစ်ပတ်လျှင် 3ရက်ခန့်အချိန်မှန်မှန် သွားရောက်ဆော့ကစားပြီး တစ်ရက်မှာတော့ သူမရဲ့နည်းပြကသူမကိုခြေထောက်နာ

 

သေးလားဆိုပြီးမေးမြန်းခဲ့ပါတယ် ။ ထိုအချိန်မှာမှ သူမနာကျင်မှုဒဏ်ကိုလုံးဝမခံစားရတော့ဘူးဆိုတာကို သတိထားမိခဲ့ပါ

 

တယ် ။သူမရည်မှန်းချက်တွေပြည့်သွားခဲ့ပြီးနောက် သူမရဲ့နည်းပြဖြစ်သူ Park Young In ကသူမကိုကိုယ်ကာယအလှမ

 

ယ်အနေနဲ့ လေ့ကျင့်ချင်လားဆိုပြီး မေးမြန်းခဲ့ပါတယ် ။ အဲ့တော့ Lim က ” နင်ရူးနေလား ၊ ငါ့အသက်ဘယ်လောက်ရှိနေပြီ

 

 

လဲဆိုတာကို သိရဲ့လား ” ဆိုပြီးပြန်လည်ပြောဆိုခဲ့ပါတယ် ။ Limရဲ့နည်းပြက ၎င်းကဲ့သို့အကြံဥာဏ်ပေးခဲ့ရခြင်းက သူမကိုပြိုင်

 

ပွဲတွေမှာအနိုင်ရဖို့မဟုတ်ဘဲ သူမရဲ့စိတ်ဓာတ်တက်ကြွမှုကိုမြင့်တင်ပေးပြီး ပျော်ရွှင်မှုတွေကိုရရှိစေဖို့ဖြစ်ပါတယ် ။သူမ ပထမ

 

ဆုံးယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ သူမဟာ ခန္ဓာကိုယ်ပေါ်လွင်အောင် bikini ဝတ်ပြီး 15cm မြင့်တဲ့ဒေါက်ဖိနပ်မျိုးစီးရမယ်ဆိုတဲ့အ

 

တွက် အတော်လေးကိုစိတ်လှုပ်ရှားခဲ့ပြီး ၊ အတော်လေးကိုရှက်နေခဲ့ရပါတယ် ။ သူမရဲ့ ပထမဆုံးယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်မ

 

ရခဲ့ပေမဲ့ နောက်ပိုင်းသူမဟာစိတ်ဆုံးဖြတ်ချက်ချပြီး ကြိုးစားလေ့ကျင့်ခဲ့ပြီး ဒုတိယအခေါက်ယှဉ်ပြိုင်တဲ့ Senior Category

 

(အသက် 35နှစ် နှင့်အထက်) ပြိုင်ပွဲမှာ ဒုတိယဆုရယူနိုင်ခဲ့ပါတယ် ။

 

 

Credit

 

 

 

Unicode

 

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Credit