Life style

အမေကပဲ ရှိခိုးပါရစေ ( သာသနာ့ဝန် ထမ်းရတာ ပင်ပန်းလို့ လူထွက် ပါရစေနော် အမေ )

Written by admm

 

အမေကပဲ ရှိခိုးပါရစေ ( သာသနာ့ဝန် ထမ်းရတာ ပင်ပန်းလို့ လူထွက် ပါရစေနော် အမေ )

 

 

အမေ •• သား ပစ္စည်း(၄)ပါး မပြည့်စုံဘူး အမေ၊သာသနာ့ဝန် ထမ်းရတာ ပင်ပန်းလို့ လူထွက် ပါရစေနော် အမေ။

 

သား •• ပစ္စည်း(၄)ပါး မပြည့်စုံလို့ ဟုတ်လား သား •••သားကို ဟိုးတုန်းက ဆရာတော်ကြီးတွေ အကြောင်း သိ

 

အောင် ပြောပြမယ် သား။အခု သားတို့ ငယ်၊ လတ်၊ ကြီး စာပေတွေ သင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

 

ရေးသား၊ ပြုစုခဲ့တဲ့ စာပေတွေ မဟုတ်လား။အဲဒီ ဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ် အတွင်းက စစ်ဖြစ်လို့

 

ကပ်ဆိုက်နေတဲ့ အချိန်မှာ တစ်နိုင်ငံလုံးက ကိုယ်တော်တွေ ပစ္စည်း(၄)ပါး မပြည့်စုံလို့ အတော်များများက လူထွက်

 

ကြတယ်။ ဒါပေမဲ့ သူဟာ အသက်သာ သေရင် သေပါစေ၊ သင်္ကန်းကို ယုတ်ညံ့တဲ့ အဝတ်နဲ့ မလဲဘူး ဆိုတဲ့ သံဓိဋ္ဌာန်

 

ချပြီး လူမထွက်ခဲ့ဘူး သား။ဆွမ်း လှူမဲ့သူ မရှိလို့ (၂)ထပ် သင်္ကန်းကြီးကို တစ်ခြမ်းခွဲပြီး ဆွမ်းနဲ့ လဲစား ခဲ့ရတယ်။

 

ဖိနပ် လှူမဲ့သူ မရှိလို့ ပေါက်နေတဲ့ ဖိနပ်ကို ဖာပြီး စီးရတယ်။အချိုပွဲ ဆိုတာ ဘာမှန်း မသိခဲ့ဘူး။ လက်ဖက်ခြောက်

 

ပြုတ်ဖတ်တွေကို သုတ်စား ခဲ့ရသတဲ့။လယ်သမားတစ်ယောက် လှူတဲ့ ဘဲဥဆွမ်းဟာ အကောင်းဆုံး ဆွမ်းဆိုပြီး

 

မှတ်တမ်း တင်ထားခဲ့တယ် သား။သား ဆွမ်း၊ ကွမ်း၊ ပစ္စည်း(၄)ပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်

 

 

ဆိုးနေလို့လား။ဗုံးကြဲလေယာဉ်တွေ လာလို့ စာမူတွေ ပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်း

 

မနည်းဘူးသား။အဲဒီလို အသက်ဘေး ကြားထဲကနေ သားတို့ အခုလို ပညာတွေသင်နိုင်အောင် ကျမ်းပေါင်း

 

မြောက်များစွာကို ရေးသား ပေးခဲ့တာပါ သားရယ်။ဆရာတော်ကြီး အသက်နဲ့ ရင်းပြီး ရေးခဲ့ရတဲ့ ကျမ်းတွေကို သားတို့ 

 

က လွယ်လင့်တကူ သင်ယူ ကြရတာပါ။ အဲဒါကို သားတို့က ပစ္စည်း(၄)ပါး မပြည်စုံရုံနဲ့ လူထွက်မယ် ဆိုတော့

 

မရှက်ဘူးလား သားရယ်။မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း စစ်ဘေး၊ စစ်ဒဏ်တွေ ကြားထဲကပဲ စာတွေချ၊

 

ကျမ်းတွေ ပြုစုပြီး အရဟတ္တဖိုလ်ကို အရ ယူသွားခဲ့တာပါ သား။လယ်တီဆရာတော်ဘုရားကြီး တို့ဆိုရင် စာဖတ်စရာ

 

လျှပ်စစ်မီး မရှိခဲ့ပါဘူး။ လေးထောင့်သံဗုံးကြီးကို မီးစာတပ်ပြီး စာဖတ် ခဲ့တာပါ။ သင်္ကန်းက ဂျပိုးတွေ စွဲနေတာတောင်

 

သူတို့ရှိလို့ တရား အားထုတ်လို့ ပိုကောင်းရတာ ဆိုပြီး ဒီအတိုင်းပဲ ထားခဲ့တာ သားရဲ့။အုန်းသီးကို ခေါင်းအုံးပြီး

 

အိပ်ခဲ့တယ်။ပြုတ်ကျလိုက်၊ တရား ထထိုင်လိုက်၊ ပြုတ်ကျလိုက်၊ တရား ထထိုင်လိုက်နဲ့ပေါ့ သားရယ်။ အဲဒီ ကြားထဲ

 

ကပဲ လယ်တီ ဒီပနီပေါင်း မြောက်များစွာကို ပြုစု နိုင်ခဲ့တယ်လေ။ အဲဒီ ကြားထဲကနေပဲ အရိယာစခန်းကို တက်လှမ်း

 

 

နိုင်ခဲ့တာ သားရဲ့။သားရယ်၊ သီဟိုဠ်ခေတ်က ရဟန်းတွေဆိုရင် အစာ၊ ရေစာ ရှားပါးတဲ့ ကပ်ကြီးနဲ့ ကြုံခဲ့ ရတာပါ။

 

ဆွမ်းလှူမဲ့သူ မရှိလို့ ကျက်ထားတဲ့စာတွေ မမေ့အောင် ဗိုက်ဆာလို့ ပူနေတဲ့ ဝမ်းဗိုက်ကို အေးပါစေ ဆိုပြီး သဲအစိုတွေ

 

ကို ဝမ်းဗိုက်ပေါ်မှာ တင်ပြီး စာတွေ လေ့ကျက်၊ ထိမ်းသိမ်း ခဲ့ရတာတဲ့ သား။သား •• အခု၊ မပြည့်စုံဘူးဆိုတာအဲဒီ

 

ဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား သားရယ်။သာသနာ ပြုနေလျှက်နဲ့ လူတွေ ကဲ့ရဲ့၊ ဝေဖန် ခံနေရတာကို

 

ခံစားနေရလို့ ဝမ်းနည်း နေတာလား။ဘုရားရှင်ဟာ အဆဲ ခံရဘူးတယ်၊ တံတွေးနဲ့လည်း အထွေး ခံခဲ့ ရဘူးတယ်၊

 

တစ်ဝါတွင်းလုံး ဆွမ်းမရလို့ မုယောဆွမ်း ဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေး ခဲ့ရဘူးတယ်။ လူသေ အလောင်းဆီက

 

အဝတ်ကိုခွါပြီး သင်္ကန်း လုပ်ပြီး ရုံခဲ့ ရဘူးတယ်၊ အသက်ကို ရန်ရှာခြင်း ကိုလည်း ခံရဘူးတယ်။ကဲ၊ ဘုရားရှင်တောင်

 

မလွတ်တဲ့ အဆိုးလောကဓံကိုသားက ကြောက်နေလို့လား။သား •• ရဟန်းဝတ်နဲ့ နေသမျှ ကာလပတ်လုံး ••အမေ

 

ဂုဏ်ရှိနေပါတယ် သားရယ်။သားကို အမေ ရှစ်ခိုး နေရတာကိုပဲအမေ၊ ကျေနပ်နေတာပါ။ဘုရားရှင်တောင်

 

ပါရမီဖြည့်စဉ် ကာလတွေမှာရဟန်းဘဝကို (၉)ကြိမ်ပဲ ရခဲ့တာပါ။သားအခု ရဟန်းဘဝကို ရနေတာဟာ ဘယ်လောက်

 

 

ထိ ကံကောင်းလည်းဆိုတာ တွေးကြည့်ပေါ့ သားရယ် •••ငါ့သားရဟန်း ရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့ အမေ ရပ်တည်

 

နေတာပါ။ အမေ ဘယ်လောက်ပဲ ပင်ပန်း ပါစေ၊ ကြမ်းတမ်း ပါစေ။ သားကို ရဟန်းဝတ်နဲ့ တွေ့နေသမျှ အမေ ••

 

ကျေနပ် နေမှာပါ။သား လူထွက်သွားရင် အမေ •• ဘယ်လို မျက်နှာနဲ့ လူတွေကို ပြရမလဲ သားရယ်။အမေ့မှာ ရှိသမျှ

 

သားကို လှူတန်း နေမှာပါ။အမေ မစားရချင် နေပါစေ၊ သားကို လှူမှာပါ။အမေ ရှာရသမျှ အားလုံး သားရဟန်း

 

အတွက်ပါ။တစ်ခုပဲ တောင်းဆို ချင်တာပါ။ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ၊ သတ္တိမျိုးနဲ့သာသနာပြုပါ သားရယ်။

 

အမေ့ကို ရှစ်ခိုးတာ အမေ မခံယူ ပါရစေနဲ့။#အမေကပဲ_သားကို_ရှစ်ခိုး_ပါရစေနော်။#လူ_မထွက်ပါနဲ့_သားရယ် •••

 

သာသနာတော်ကြီးဟာ အသက် ငင်နေလို့ပါ။ဘုရားရှင် သာသနာတော်ကို အသက်နဲ့လဲပြီးစောင့်ထိန်းနေတဲ့

 

သားရဟန်းရဲ့ မယ်တော်ပဲ ဖြစ်ပါရစေ သားရယ်။

 

#ဦးမြင့်ခိုင် & #SaiMyoWin, Sai Myo Win

 

Credit;

 

 

 

About the author

admm