KNOWLEDGE

ပရဟိတစိတ်ထား (၄)မျိုး( ပရဟိတ ဆိုတာ ကိုယ်လုပ်မှ ကိုယ်ကုသိုလ် ရသည့်အလုပ် )

Written by admm

ပရဟိတစိတ်ထား (၄)မျိုး( ပရဟိတ ဆိုတာ ကိုယ်လုပ်မှ ကိုယ်ကုသိုလ် ရသည့်အလုပ် )

 

 

ပရဟိတ လုပ်ရင်းနဲ့ အတို့အထောင်၊ အတိုက်အခိုက်တွေ တွေ့ကြုံရတဲ့အခါ အမျိုးအစား(၄)မျိုး ကွဲထွက်သွားတယ်။

 

ပထမ လူမျိုးတွေက –

 

ငါက အများအကျိုးအတွက် လုပ်နေတာ။ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေတာ။အပြောအဆိုတော့

 

မခံနိုင်ဘူး ဆိုပြီး နောက်ဆုတ်သွားတယ်။ သူဟာ စိက်ပျက်ပြီး ဘာမှ ဆက်မလုပ်တော့ဘူး။

 

 

ဒုတိယ လူမျိုးတွေက –

 

တိုက်ခိုက်တဲ့သူ၊ အတို့အထောင်သမားတွေကို ပြန်ပြောတယ်။ ငါလိုလူမျိုးက သူများအပြောတော့ မခံဘူး။

 

ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ရှင်းဖို့ အဆင်သင့်ပဲ။ဒါက ဒုတိယ အမျိုးအစား ပရဟိတသမားတွေပါ။

 

သူတို့ဟာ သာမန် အတိုက်အခိုက်ကိုတော့ ကျော်ဖြတ်နိုင်ကြတယ်။ အတိုက်အခိုက် နည်းနည်းကြီးလာရင်

 

တော့ သူတို့လည်း ပရဟိတ အလုပ်ကနေ ထွက်သွားပြီး လမ်းချော် သွားတတ်ကြတယ်။

 

 

တတိယ လူမျိုးတွေက –

 

အတိုက်အခိုက်တွေနဲ့ ကြုံလာတဲ့အခါအော်၊ ငါက အများအကျိုးအတွက် လုပ်နေတာပဲလေ၊ အတိုက်အခိုက်

 

တော့ ရှိမှာပေါ့။ ဘုရားတောင် လွတ်တာမှ မဟုတ်တာ။ ငါလုပ်စရရှိတာ ဆက်လုပ်မယ်ဆိုပြီး နောက်မဆုတ်ပဲ

 

ဆက်လုပ် တတ်ကြတယ်။ဒါပေမဲ့ သူလည်း အကြီးစားတိုက်ခိုက်မှုတွေနဲ့ ကြုံလာတဲ့ အခါကျတော့ မတတ်နိုင်

 

ဘူးလေ၊ သတ္တဝါတစ်ခု ကံတစ်ခုပဲ ဆိုပြီး ငါကယ်လို့မှ မရတာ၊ သူ့အကြောင်းနဲ့ သူပဲပေါ့ လို့ နှလုံးသွင်းဆင်ခြင်

 

ပြီး မသိမသာနဲ့ နောက်ဆုတ် သွားတတ်ကြတယ်။ခန္ဓာကိုယ်တွေ့ တရားသိမဟုတ်ဘဲ စာသိသာ ဖြစ်တဲ့အတွက်

 

ကြီးကျယ်ခမ်းနားတဲ့ အလုပ်တွေအတွက် ကြီးမားတဲ့ အတိုက်အခိုက်တွေနဲ့ ကြုံတွေ့လာရင် နောက်ကို ဆုတ်

 

သွားကြတာပါပဲ။

 

 

စတုတ္ထ လူမျိုးတွေက –

 

အတိုက်အခိုက်က သူတို့အလုပ်၊ ကယ်ရမှာက ငါ့အလုပ်။ဒါ့ကြောင့် တိုက်ခိုက်ချင်တာ တိုက်ခိုက်၊ ဂိုဏ်းတိုက်ချင်

 

ကဂိုဏ်းတိုက်၊ ပရဟိတ ဆိုတာ ကိုယ်လုပ်မှ ကိုယ်ကုသိုလ် ရသည့်အလုပ်မို့ သူများကို တိုက်ခိုက်ဖို့၊ သူများအ

 

ကြောင်း အကောင်း၊ အဆိုး ပြောဆိုဝေဖန်ဖို့ အချိန်မပေးနိုင်။ ပရဟိတ စစ်စစ်များသည် ကိုယ့်သမိုင်း ကိုယ်ရေး၍

 

အကူညီ လိုအပ်သည့် သူများကို မိမိနိုင်သည့်ဝန်ကိုထမ်း၍ ရသလောက် ကယ်မယ်ဆိုပြီး အတိုက်အခိုက်ကို

 

ဥပေက္ခာရှုပြီး မနားမနေ ဆက်လုပ်ကြတယ်။ဒီ (၄)မျိုးထဲမှာစတုတ္ထလူမျိုးရဲ့ အဆင့်ကို ရောက်အောင်သွားနိုင်ဖို့

 

အရေးကြီးပေသည်။ပရဟိတ သမားတွေအတွက် အဓိက သိထားရမှာက -ကိုယ်လုပ်မှ ကိုယ်ကုသိုလ်ရတဲ့အလုပ်

 

မို့ မည်သူ​တွေ လုပ်လုပ်၊ မလုပ်လုပ် ကိုယ်လုပ်နေကြဖို့သာ အရေးကြီးပြီး ဟိုလူ မလုပ်ဘူး၊ ဒီလူ မလုပ်ဘူး ဆိုတဲ့

 

အပြစ်ဖို့ အကုသိုလ်သမားအဖြစ်မှလည်း ရှောင်နိုင်ကြဖို့ လိုအပ်ပါကြောင်း –

 

#ဦးမြင့်ခိုင် & #SaiMyoWin , Sai Myo Win

 

Credit;

About the author

admm