NEWS Pet & Love

ထိုင္းနိုင္ငံက ေတာ္ဝင္မ်ိဳးႏြယ္ဝင္စားတယ္ဆိုတဲ့ေခြးေလးရဲ့နာေရး

Written by admm

ထိုင္းနိုင္ငံက ေတာ္ဝင္မ်ိဳးႏြယ္ဝင္စားတယ္ဆိုတဲ့ေခြးေလးရဲ့နာေရး

 

 

ဇန္နဝါရီ ၂၄ ရက္ေန႔က ထိုင္းနိုင္ငံမွာ အသက္ ၈ ႏွစ္အရြယ္ ေခြးေလးတစ္ေကာင္ရဲ့ နာေရးကို ရိုးရာဓေလ့ထုံးစံအတိုင္း တခမ္း

 

တနားက်င္းပေပးခဲ့တယ္လို႔ သိရပါတယ္။ Aun ဆိုတဲ့ အဲဒီေခြးေလးဟာ အရင္ဘဝတုန္းက ျမင့္ျမတ္တဲ့ေတာ္ဝင္မ်ိဳးႏြယ္ျဖစ္ခဲ့

 

တယ္လို႔ ေဒသခံေတြက ယုံၾကည္ခဲ့ၾကလို႔ အခုလို တခမ္းတနားက်င္းပေပးခဲ့တာပါ။ ဆူရင္စီရင္စုရဲ့ ဘုန္းႀကီးတစ္ပါးျဖစ္တဲ့ အရွင္

 

Luangta Tumဟာ Aun ေပါက္စေလးကတည္းက ေစာင့္ေရွာက္ထားခဲ့တာပါ။ အရွင္ Luangta Tum နဲ႔ Aun ကို မၾကာခဏ

 

အတူတူေတြ႕ရတတ္ပါတယ္။ Aun က ေဒသခံေတြၾကားမွာ (၈) ႏွစ္ၾကာ အခ်စ္ေတာ္ေခြးေလးျဖစ္ခဲ့တာပါ။ Aun ေသဆုံးသြား

 

 

ၿပီးတဲ့ေနာက္မွာ အရွင္Luangta နဲ႔ ေဒသခံေတြက ေခြးေလးအတြက္ ဘုန္းႀကီး (၈) ပါးနဲ႔ နာေရးအခမ္းအနားျပဳလုပ္ေပးမယ္လို႔

 

သေဘာတူခဲ့ၾကပါတယ္။ ထိုင္းနာေရးအတိုင္း ပန္းေတြနဲ႔ တန္ဆာဆင္ထားတဲ့ ရိုးရာအေခါင္းနဲ႔ ေခြးေလးကို ျပဳလုပ္ေပးခဲ့တာပါ။

 

ေခြးေလးကို မီးသၿဂႋဳဟ္ပြဲမလုပ္ခင္မွာလည္း (၇) ရက္တိုင္တိုင္ ဆုေတာင္းပြဲက်င္းပေပးခဲ့ပါေသးတယ္။ ရြာသူရြာသား (၃၀၀)

 

ေက်ာ္ တက္ေရာက္ခဲ့တယ္လို႔လည္း သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။ ေခြးေလးအတြက္ နာေရးကို တခမ္းတနားက်င္း

 

ပေပးခဲ့တာ ေဒသခံေတြက သူ႔ကို အရမ္းခ်စ္ၾကတာေၾကာင့္ေရာ၊ ျမင့္ျမတ္တဲ့မင္းမ်ိဳးမင္းႏြယ္ဝင္စားသူျဖစ္တယ္ဆိုတဲ့ ယုံၾကည္

 

 

မႈေၾကာင့္လည္းျဖစ္ပါတယ္။ Post Today သတင္းဌာနအရ ရြာသားတစ္ေယာက္အိပ္မက္မက္ခဲ့တာကေန အဲဒီလိုယုံၾကည္လာ

 

ခဲ့ၾကတာပါ။ ရြာသားတစ္ေယာက္က Ajarn Aun ဆိုတဲ့ ေအာက္လမ္းပညာမွာ အရမ္းကၽြမ္းက်င္တဲ့ ေတာ္ဝင္အမ်ိဳးအႏြယ္

 

အေၾကာင္း အိပ္မက္မက္ခဲ့ပါတယ္။ Ajarn ဟာ ေအာက္လမ္းပညာကို လိုက္စားခဲ့လို႔ ေနာက္ဘဝမွာ Aun ဆိုတဲ့ေခြးအျဖစ္ ျပန္

 

လည္ေမြးဖြားလာခဲ့တယ္ဆိုတဲ့ အိပ္မက္ပါပဲ။ အဲဒီအိပ္မက္ေၾကာင့္ Aun ဆိုတဲ့ေခြးေလးဟာ Ajarn Aun လို႔ ယုံၾကည္ခဲ့ၾကတာပါ။

 

Aunရဲ့နာေရးအတြင္းမွာ ရြာသူရြာသားေတြက Aun ရဲ့အရင္ဘဝလို႔ယုံၾကည္ထားတဲ့ ေကာင္ေလး Ajarn Aun ရဲ့ပုံကို ယူေဆာင္

 

 

လာခဲ့ပါတယ္။ အရွင္ Luangta နဲ႔ ေဒသခံေတြက Aun ကို ေကာင္းမြန္တဲ့ဘုံဘဝေရာက္ဖို႔အတြက္ မီးသၿဂႋဳဟ္ၿပီးရင္ ျပာကို ေရ

 

ထဲေမၽွာေပးဖို႔လည္း စီစဥ္ခဲ့ပါတယ္။

 

 

Credit

 

 

 

 

Unicode

 

 

ဇန်နဝါရီ ၂၄ ရက်နေ့က ထိုင်းနိုင်ငံမှာ အသက် ၈ နှစ်အရွယ် ခွေးလေးတစ်ကောင်ရဲ့ နာရေးကို ရိုးရာဓလေ့ထုံးစံအတိုင်း တ

 

ခမ်းတနားကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ Aun ဆိုတဲ့ အဲဒီခွေးလေးဟာ အရင်ဘဝတုန်းက မြင့်မြတ်တဲ့တော်ဝင်မျိုးနွယ်

 

ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ယုံကြည်ခဲ့ကြလို့ အခုလို တခမ်းတနားကျင်းပပေးခဲ့တာပါ။ ဆူရင်စီရင်စုရဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့

 

အရှင် Luangta Tumဟာ Aun ပေါက်စလေးကတည်းက စောင့်ရှောက်ထားခဲ့တာပါ။ အရှင် Luangta Tum နဲ့ Aun ကို မကြ

 

ာခဏ အတူတူတွေ့ရတတ်ပါတယ်။ Aun က ဒေသခံတွေကြားမှာ (၈) နှစ်ကြာ အချစ်တော်ခွေးလေးဖြစ်ခဲ့တာပါ။ Aun သေဆုံး

 

သွားပြီးတဲ့နောက်မှာ အရှင်Luangta နဲ့ ဒေသခံတွေက ခွေးလေးအတွက် ဘုန်းကြီး (၈) ပါးနဲ့ နာရေးအခမ်းအနားပြုလုပ်ပေး

 

မယ်လို့ သဘောတူခဲ့ကြပါတယ်။ ထိုင်းနာရေးအတိုင်း ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ရိုးရာအခေါင်းနဲ့ ခွေးလေးကို ပြုလုပ်

 

ပေးခဲ့တာပါ။ ခွေးလေးကို မီးသင်္ဂြိုဟ်ပွဲမလုပ်ခင်မှာလည်း (၇) ရက်တိုင်တိုင် ဆုတောင်းပွဲကျင်းပပေးခဲ့ပါသေးတယ်။ ရွာသူ

 

ရွာသား (၃၀၀) ကျော် တက်ရောက်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ခွေးလေးအတွက် နာရေးကို

 

တခမ်းတနားကျင်းပပေးခဲ့တာ ဒေသခံတွေက သူ့ကို အရမ်းချစ်ကြတာကြောင့်ရော၊ မြင့်မြတ်တဲ့မင်းမျိုးမင်းနွယ်ဝင်စားသူဖြစ်

 

တယ်ဆိုတဲ့ ယုံကြည်မှုကြောင့်လည်းဖြစ်ပါတယ်။ Post Today သတင်းဌာနအရ ရွာသားတစ်ယောက်အိပ်မက်မက်ခဲ့တာက

 

နေ အဲဒီလိုယုံကြည်လာခဲ့ကြတာပါ။ ရွာသားတစ်ယောက်က Ajarn Aun ဆိုတဲ့ အောက်လမ်းပညာမှာ အရမ်းကျွမ်းကျင်တဲ့

 

တော်ဝင်အမျိုးအနွယ်အကြောင်း အိပ်မက်မက်ခဲ့ပါတယ်။ Ajarn ဟာ အောက်လမ်းပညာကို လိုက်စားခဲ့လို့ နောက်ဘဝမှာ

 

Aun ဆိုတဲ့ခွေးအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်ဆိုတဲ့ အိပ်မက်ပါပဲ။ အဲဒီအိပ်မက်ကြောင့် Aun ဆိုတဲ့ခွေးလေးဟာ Ajarn

 

Aun လို့ ယုံကြည်ခဲ့ကြတာပါ။ Aunရဲ့နာရေးအတွင်းမှာ ရွာသူရွာသားတွေက Aun ရဲ့အရင်ဘဝလို့ယုံကြည်ထားတဲ့ ကောင်လေး

 

Ajarn Aun ရဲ့ပုံကို ယူဆောင်လာခဲ့ပါတယ်။ အရှင် Luangta နဲ့ ဒေသခံတွေက Aun ကို ကောင်းမွန်တဲ့ဘုံဘဝရောက်ဖို့အ

 

တွက် မီးသင်္ဂြိုဟ်ပြီးရင် ပြာကို ရေထဲမျှောပေးဖို့လည်း စီစဉ်ခဲ့ပါတယ်။

 

Credit

About the author

admm