NEWS

မုိင္းတြင္းေအာက္မွာ ၂ ပတ္ၾကာ ပိတ္မိၿပီးမွ ကယ္တင္ႏုိင္ခဲ့တဲ့ မုိင္းလုပ္သားေတြရဲ႕ စကားသံ

Written by admm

မုိင္းတြင္းေအာက္မွာ ၂ ပတ္ၾကာ ပိတ္မိၿပီးမွ ကယ္တင္ႏုိင္ခဲ့တဲ့ မုိင္းလုပ္သားေတြရဲ႕ စကားသံ

 

 

” မိုင္းတြင္းေအာက္မွာ ေရေတြ ရွိတယ္။ ေသာက္ဖုိ႔ မသင့္ေတာ္ေပမဲ့ အသက္ရွင္ဖုိ႔ နည္းနည္းပါးပါး ေသာက္ခဲ့ရတယ္။

 

ကၽြန္ေတာ္တုိ႔ အျပန္အလွန္ အားေပးၿပီး ဒီကာလကုိ ျဖတ္သန္းခဲ့တာပါ”။ ဒါကေတာ့ ေရႊတူးေဖာ္ေရးမုိင္းတြင္းထဲမွာ သီ

 

တင္းပတ္ ၂ ပတ္ေက်ာ္ ပိတ္မိေနၿပီး အသက္ရွင္လ်က္ ကယ္တင္ႏုိင္ခဲ့တဲ့ တ႐ုတ္မုိင္းတူးေဖာ္ေရးလုပ္သား ၁၁ ေယာက္

 

ထဲက တစ္ေယာက္ျဖစ္တဲ့ မစၥတာဒူရဲ႕ စကားပါ။ ဇန္နဝါရီလ ၁၀ ရက္က တ႐ုတ္ႏုိင္ငံ၊ ရွန္တုံျပည္နယ္က ဟူရွန္ေရႊတူးေဖာ္

 

ေရး မုိင္းတြင္းရဲ႕ ေျမေအာက္အနက္ ၆၀၀ မီတာေလာက္မွာ မုိင္းတြင္းလုပ္သား ၂၂ ေယာက္ အလုပ္လုပ္ေနတုန္း ေပါက္

 

 

ကြဲမႈျဖစ္ပြားၿပီး မုိင္းတြင္းဝင္ေပါက္ ပ်က္စီးသြားခဲ့သလုိ ဆက္သြယ္ေရးလုိင္းေတြလည္း ျပတ္ေတာက္သြားခဲ့ပါတယ္။ေပါက္

 

ကြဲမႈျဖစ္ၿပီး နာရီ ၃၀ ၾကာေတာ့မွ ေရႊတူးေဖာ္ေရးကုမၸဏီက ဒီျဖစ္ရပ္ကုိ အာဏာပုိင္ေတြထံ သတင္းပုိ႔ခဲ့တာပါ။ ရွာေဖြေရး

 

ေတြလုပ္ခဲ့ေပမဲ့ တစ္ပတ္ၾကာတဲ့အထိ မုိင္းလုပ္သားေတြ အသက္ရွင္ေနေသးတဲ့ အရိပ္အေယာင္ မေတြ႕ခဲ့ရပါဘူး။ မုိင္း

 

လုပ္သားေတြကေတာ့ သူတုိ႔အသက္ရွင္ေနေသးတယ္ဆုိတာ ကယ္ဆယ္ေရးအဖြဲ႕ေတြသိေအာင္ ပုိက္လုံးတစ္ခုကုိ ေခါက္

 

ၿပီး အခ်က္ျပခဲ့တာပါ။ သူတုိ႔က ေန႔တုိင္း တစ္ေယာက္၊ တစ္လွည့္စီ ပုိက္လုံးကုိ ေခါက္ၿပီး အခ်က္ျပခဲ့ၾကပါတယ္။ တစ္

 

 

ပတ္ေျမာက္တဲ့ေန႔မွာေတာ့ မစၥတာဝမ္ရဲ႕ အလွည့္က်ပါတယ္။ သူတုိ႔ေတြ မုိင္းတြင္းရဲ႕ ပဥၥမေျမာက္အကန္႔မွာ ပိတ္မိေနတယ္

 

ဆုိတာ အခ်က္ျပဖုိ႔ မစၥတာဝမ္က ပုိက္လုံးကုိ ၅ ခ်က္ ေခါက္ခဲ့တယ္။ ခဏၾကာေတာ့ အေပၚဘက္ကေန ပုိက္လုံးေခါက္သံ

 

ျပန္ၾကားရတယ္။ ” ပိုက္လုံးေခါက္သံ အခ်က္ ၂၀ ၾကားရတယ္။ ဒါက ဘာကုိ ရည္ညႊန္းတယ္ဆုိတာ ကၽြန္ေတာ္ နားမလည္

 

ဘူး။ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ တုိင္ပင္ၾကည့္လုိက္ေတာ့ ပိတ္မိေနတဲ့ မုိင္းလုပ္သား အေရအတြက္ကုိ ရည္ညႊန္းတာျဖစ္မယ္

 

လုိ႔ ေကာက္ခ်က္ခ်မိတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္လည္း ပုိက္လုံးကုိ ၂၂ ခ်က္ ျပန္ေခါက္ခဲ့ပါတယ္”လုိ႔ မစၥတာဝမ္က ေျပာပါ

 

တယ္။ မုိင္းတြင္းထဲမွာ ပိတ္မိေနခ်ိန္အတြင္း မုိင္းလုပ္သားေတြ စားစရာမရွိခဲ့ပါဘူး။ မသန္႔ရွင္းတဲ့ေရကုိ နည္းနည္းစီေသာက္

 

ၿပီး ရွင္သန္ခဲ့ရတာပါ။ မုိင္းလုပ္သားေတြ အသက္ရွင္ေနမွန္း သိလုိက္ရခ်ိန္မွာ ကယ္ဆယ္ေရးအဖြဲ႕က အစားအစာ၊ ေဆးဝါး၊

 

စကၠဴနဲ႔ ခဲတံေတြ ပုိ႔ေပးနုိင္ဖုိ႔ တြင္းေပါက္ခပ္ေသးေသးတစ္ခု တူးခဲ့ၾကပါတယ္။ မုိင္းလုပ္သားေတြက မုိင္းတြင္းေအာက္ဘက္

 

က အေျခအေနကုိ စာေရးၿပီး ေပးပုိ႔ခဲ့သလုိ ဝက္အူေခ်ာင္း စားခ်င္တယ္လုိ႔လည္း ထည့္ေရးခဲ့ၾကပါတယ္။ မုိင္းလုပ္သားေတြ

 

ကုိ ကယ္တင္ႏုိင္ဖုိ႔ တူးေဖာက္မႈေတြလုပ္ရာမွာ အရမ္းမာေက်ာတဲ့ လိပ္သည္းေက်ာက္တုံးႀကီး ခံေနတဲ့အတြက္ ၾကန္႔ၾကာမယ္

 

လုိ႔ ထင္မွတ္ခဲ့ၾကေပမဲ့ ေက်ာက္တုံးႀကီး ျပဳတ္က်သြားလုိ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ ျမန္ဆန္ခဲ့ပါတယ္။ ” ေျမတူးေနတဲ့အ

 

သံေတြက ကၽြန္ေတာ္တုိ႔နဲ႔ တျဖည္းျဖည္း နီးလာေတာ့ ကၽြန္ေတာ္တုိ႔အားလုံး မတ္တတ္ရပ္မိၾကတယ္။ စိတ္ေတြလည္း လႈပ္

 

ရွားေနခဲ့တာေပါ့။ အဲဒီခံစားမႈကုိ ေဖာ္ျပဖုိ႔ စကားလုံးမရွိပါဘူး။ အသစ္တစ္ဖန္ ေမြးဖြားလာသလုိ ခံစားရပါတယ္”လုိ႔ မစၥတာဒူ

 

က ေျပာပါတယ္။ကယ္ဆယ္ေရးသမားေတြက မုိင္းလုပ္သား ၁၁ ေယာက္ဆီကုိ ဆင္းသြားခ်ိန္မွာ ေျမေအာက္အနက္ ၅၄၆

 

မီတာမွာ အသက္ရွင္လ်က္ ပိတ္မိေနတဲ့ တျခားမုိင္းလုပ္သားတစ္ေယာက္ကုိ ေတြ႕ရွိခဲ့ၿပီး သူ့ကုိ အရင္ဆုံး ကယ္တင္ႏုိင္ခဲ့ပါ

 

တယ္။ မုိင္းလုပ္သား ၁၁ ေယာက္ပိတ္မိေနတဲ့အထဲမွာ တစ္ေယာက္ကေတာ့ ေပါက္ကြဲမႈေၾကာင့္ ဦးေခါင္းဒဏ္ရာရ၊ ကုိမာ

 

ဝင္ၿပီး ေသဆုံးခဲ့လုိ႔ က်န္တဲ့သူ ၁၀ ေယာက္ကုိ ကယ္တင္ႏုိင္ခဲ့ပါတယ္။ မုိင္းတြင္းရဲ႕ တျခားေနရာတစ္ခုမွာ မုိင္းလုပ္သား ၉

 

ေယာက္ရဲ႕ အေလာင္းေတြကုိ ထပ္မံေတြ႕ရွိခဲ့ပါတယ္။ အခုအခ်ိန္အထိ မုိင္းလုပ္သားတစ္ေယာက္ကေတာ့ ေပ်ာက္ဆုံးေန

 

ဆဲျဖစ္ၿပီး သူ့ကုိ ဆက္လက္ရွာေဖြေနၾကပါတယ္။

 

Credit

 

 

 

 

Unicode

 

” မိုင်းတွင်းအောက်မှာ ရေတွေ ရှိတယ်။ သောက်ဖို့ မသင့်တော်ပေမဲ့ အသက်ရှင်ဖို့ နည်းနည်းပါးပါး သောက်ခဲ့ရတယ်။

 

ကျွန်တော်တို့ အပြန်အလှန် အားပေးပြီး ဒီကာလကို ဖြတ်သန်းခဲ့တာပါ”။ ဒါကတော့ ရွှေတူးဖော်ရေးမိုင်းတွင်းထဲမှာ သီတင်း

 

ပတ် ၂ ပတ်ကျော် ပိတ်မိနေပြီး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့ တရုတ်မိုင်းတူးဖော်ရေးလုပ်သား ၁၁ ယောက်ထဲ

 

က တစ်ယောက်ဖြစ်တဲ့ မစ္စတာဒူရဲ့ စကားပါ။ ဇန်နဝါရီလ ၁၀ ရက်က တရုတ်နိုင်ငံ၊ ရှန်တုံပြည်နယ်က ဟူရှန်ရွှေတူးဖော်

 

ရေး မိုင်းတွင်းရဲ့ မြေအောက်အနက် ၆၀၀ မီတာလောက်မှာ မိုင်းတွင်းလုပ်သား ၂၂ ယောက် အလုပ်လုပ်နေတုန်း ပေါက်

 

ကွဲမှုဖြစ်ပွားပြီး မိုင်းတွင်းဝင်ပေါက် ပျက်စီးသွားခဲ့သလို ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။ပေါက်

 

ကွဲမှုဖြစ်ပြီး နာရီ ၃၀ ကြာတော့မှ ရွှေတူးဖော်ရေးကုမ္ပဏီက ဒီဖြစ်ရပ်ကို အာဏာပိုင်တွေထံ သတင်းပို့ခဲ့တာပါ။ ရှာဖွေရေး

 

တွေလုပ်ခဲ့ပေမဲ့ တစ်ပတ်ကြာတဲ့အထိ မိုင်းလုပ်သားတွေ အသက်ရှင်နေသေးတဲ့ အရိပ်အယောင် မတွေ့ခဲ့ရပါဘူး။ မိုင်း

 

လုပ်သားတွေကတော့ သူတို့အသက်ရှင်နေသေးတယ်ဆိုတာ ကယ်ဆယ်ရေးအဖွဲ့တွေသိအောင် ပိုက်လုံးတစ်ခုကို

 

ခေါက်ပြီး အချက်ပြခဲ့တာပါ။ သူတို့က နေ့တိုင်း တစ်ယောက်၊ တစ်လှည့်စီ ပိုက်လုံးကို ခေါက်ပြီး အချက်ပြခဲ့ကြပါတယ်။

 

တစ်ပတ်မြောက်တဲ့နေ့မှာတော့ မစ္စတာဝမ်ရဲ့ အလှည့်ကျပါတယ်။ သူတို့တွေ မိုင်းတွင်းရဲ့ ပဉ္စမမြောက်အကန့်မှာ ပိတ်

 

မိနေတယ်ဆိုတာ အချက်ပြဖို့ မစ္စတာဝမ်က ပိုက်လုံးကို ၅ ချက် ခေါက်ခဲ့တယ်။ ခဏကြာတော့ အပေါ်ဘက်ကနေ

 

ပိုက်လုံးခေါက်သံ ပြန်ကြားရတယ်။ ” ပိုက်လုံးခေါက်သံ အချက် ၂၀ ကြားရတယ်။ ဒါက ဘာကို ရည်ညွှန်းတယ်ဆိုတာ

 

ကျွန်တော် နားမလည်ဘူး။ လုပ်ဖော်ကိုင်ဖက်တွေကို တိုင်ပင်ကြည့်လိုက်တော့ ပိတ်မိနေတဲ့ မိုင်းလုပ်သား အရေအ

 

တွက်ကို ရည်ညွှန်းတာဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပိုက်လုံးကို ၂၂ ချက် ပြန်ခေါက်ခဲ့ပါ

 

တယ်”လို့ မစ္စတာဝမ်က ပြောပါတယ်။ မိုင်းတွင်းထဲမှာ ပိတ်မိနေချိန်အတွင်း မိုင်းလုပ်သားတွေ စားစရာမရှိခဲ့ပါဘူး။ မ

 

သန့်ရှင်းတဲ့ရေကို နည်းနည်းစီသောက်ပြီး ရှင်သန်ခဲ့ရတာပါ။ မိုင်းလုပ်သားတွေ အသက်ရှင်နေမှန်း သိလိုက်ရချိန်မှာ

 

ကယ်ဆယ်ရေးအဖွဲ့က အစားအစာ၊ ဆေးဝါး၊ စက္ကူနဲ့ ခဲတံတွေ ပို့ပေးနိုင်ဖို့ တွင်းပေါက်ခပ်သေးသေးတစ်ခု တူးခဲ့ကြပါ

 

တယ်။ မိုင်းလုပ်သားတွေက မိုင်းတွင်းအောက်ဘက်က အခြေအနေကို စာရေးပြီး ပေးပို့ခဲ့သလို ဝက်အူချောင်း စားချင်

 

တယ်လို့လည်း ထည့်ရေးခဲ့ကြပါတယ်။ မိုင်းလုပ်သားတွေကို ကယ်တင်နိုင်ဖို့ တူးဖောက်မှုတွေလုပ်ရာမှာ အရမ်းမာကျေ

 

ာတဲ့ လိပ်သည်းကျောက်တုံးကြီး ခံနေတဲ့အတွက် ကြန့်ကြာမယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့ ကျောက်တုံးကြီး ပြုတ်ကျသွားလို့

 

ကယ်ဆယ်ရေးလုပ်ငန်းတွေ မြန်ဆန်ခဲ့ပါတယ်။ ” မြေတူးနေတဲ့အသံတွေက ကျွန်တော်တို့နဲ့ တဖြည်းဖြည်း နီးလာတော့

 

ကျွန်တော်တို့အားလုံး မတ်တတ်ရပ်မိကြတယ်။ စိတ်တွေလည်း လှုပ်ရှားနေခဲ့တာပေါ့။ အဲဒီခံစားမှုကို ဖော်ပြဖို့ စကားလုံး

 

မရှိပါဘူး။ အသစ်တစ်ဖန် မွေးဖွားလာသလို ခံစားရပါတယ်”လို့ မစ္စတာဒူက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက

 

မိုင်းလုပ်သား ၁၁ ယောက်ဆီကို ဆင်းသွားချိန်မှာ မြေအောက်အနက် ၅၄၆ မီတာမှာ အသက်ရှင်လျက် ပိတ်မိနေတဲ့ တ

 

ခြားမိုင်းလုပ်သားတစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ကို အရင်ဆုံး ကယ်တင်နိုင်ခဲ့ပါတယ်။ မိုင်းလုပ်သား ၁၁ ယောက်ပိတ်မိ

 

နေတဲ့အထဲမှာ တစ်ယောက်ကတော့ ပေါက်ကွဲမှုကြောင့် ဦးခေါင်းဒဏ်ရာရ၊ ကိုမာဝင်ပြီး သေဆုံးခဲ့လို့ ကျန်တဲ့သူ ၁၀

 

ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ မိုင်းတွင်းရဲ့ တခြားနေရာတစ်ခုမှာ မိုင်းလုပ်သား ၉ ယောက်ရဲ့ အလောင်းတွေကို

 

ထပ်မံတွေ့ရှိခဲ့ပါတယ်။ အခုအချိန်အထိ မိုင်းလုပ်သားတစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူ့ကို ဆက်လက်

 

ရှာဖွေနေကြပါတယ်။

 

Credit

About the author

admm