NEWS

ျမန္မာေရြ႕ေျပာင္းအလုပ္သမား ၁၅၉ ဦးကို ရေနာင္းကတဆင့္ ထိုင္း ျပည္ႏွင္ဒဏ္ေပး

Written by admm

 

ျမန္မာေရြ႕ေျပာင္းအလုပ္သမား ၁၅၉ ဦးကို ရေနာင္းကတဆင့္ ထိုင္း ျပည္ႏွင္ဒဏ္ေပး

 

 

ျမန္မာနိုင္ငံက ေရြ႕ေျပာင္းအလုပ္သမား ၁၅၀ ေက်ာ္ကို ရေနာင္းရွိ လူဝင္မႈႀကီးၾကပ္ေရး စစ္ေဆးေရးဂိတ္ကတဆင့္

 

ျပည္ႏွင္ဒဏ္ေပးမယ္လို႔ ထိုင္းလူဝင္မႈ ႀကီးၾကပ္ေရးဗ်ဴရို IB က ထုတ္ျပန္သြားပါတယ္။ယေန႔ ဇန္နဝါရီ ၂၈ ရက္ေန႔မွာ

 

ရေနာင္းရွိ လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းစခန္းမွာ ထိန္းသိမ္းထားတဲ့ ေရြ႕ေျပာင္းအလုပ္သမား ၁၅၉ ဦးကို စစ္ေဆးေရး

 

ဂိတ္ကေန ျမန္မာနိုင္ငံ ေကာ့ေသာင္းဘက္ကို ျပန္ပို႔မယ္လို႔ IB ေကာ္မရွင္နာ ဆြမ္ပြန္ခ်င္ေဒါင္က ေျပာၾကားသြားတာ

 

ျဖစ္ပါတယ္။ဒီအေတာအတြင္း ဆူရတ္သာနီမွာ ကိုဗစ္-၁၉ တားျမစ္ခ်က္ ခ်ိဳးေဖာက္ၿပီး ပါတီတက္ေရာက္ခဲ့တဲ့ လူ ၁၀၉ ဦး

 

ကိုလည္း ေဒသခံအာဏာပိုင္ေတြနဲ႔ ရဲေတြ ဝင္ေရာက္စီးနင္းဖမ္းဆီးခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းက ေဖာ္ျပသြား

 

 

ပါတယ္။ အဂၤါေန႔ည ခိုဖန္ဂန္ရွိ ညကလပ္တစ္ခုကို ထိုင္းရဲေတြ ဝင္ေရာက္စီးနင္းခဲ့ၿပီး ဖမ္းဆီးခဲ့တာပါ။လူဝင္မႈႀကီးၾကပ္ေရး၊

 

ခရီးသြားရဲတပ္ဖြဲ႕၊ ေဒသခံအာဏာပိုင္ေတြ ပါဝင္တဲ့အဖြဲ႕ဟာ အဂၤါေန႔ည ၉ နာရီ ခြဲအခ်ိန္က ခိုဖန္ဂန္ခရိုင္ရွိ 360 ဘားကို

 

ဝင္ေရာက္စီးနင္းခဲ့ၿပီး ပါတီက်င္းပေနတဲ့ လူအုပ္စုႀကီးကို ထိန္းသိမ္းခဲ့တာလည္း ျဖစ္ပါတယ္။ဘားပိုင္ရွင္ျဖစ္ေၾကာင္း

 

ဝန္ခံထားတဲ့ အသက္ ၄၀အရြယ္ ပြန္ဒရန္ လင္အိုခ်ာကူနဲ႔ ပါတီက်င္းပတဲ့ အသက္ ၄၇ ႏွစ္အရြယ္ ဆြန္ဆကူ ကီရာနာရြန္

 

ကိုလည္း ဖမ္းဆီးထားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ဘားကိုလာတဲ့သူေတြကို ကိုရိုနာဗိုင္းရပ္စ္ အေရးေပၚအမိန႔္

 

ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲဆိုထားၿပီး ပြန္ဒရာနဲ႔ ဆြန္ဆကူတို႔ကို ခြင့္ျပဳခ်က္မရဘဲ ေဖ်ာ္ေျဖေရးလုပ္ကိုင္မႈနဲ႔ တရားစြဲဆို

 

ထားေၾကာင္း သိရပါတယ္။

 

Unicode

 

မြန်မာရွေ့ပြောင်းအလုပ်သမား ၁၅၉ ဦးကို ရနောင်းကတဆင့် ထိုင်း ပြည်နှင်ဒဏ်ပေး

 

 

မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမား ၁၅၀ ကျော်ကို ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကတဆင့်

 

ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဗျူရို IB က ထုတ်ပြန်သွားပါတယ်။ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ

 

ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ရွေ့ပြောင်းအလုပ်သမား ၁၅၉ ဦးကို စစ်ဆေးရေး

 

ဂိတ်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို ပြန်ပို့မယ်လို့ IB ကော်မရှင်နာ ဆွမ်ပွန်ချင်ဒေါင်က ပြောကြားသွားတာ

 

ဖြစ်ပါတယ်။ဒီအတောအတွင်း ဆူရတ်သာနီမှာ ကိုဗစ်-၁၉ တားမြစ်ချက် ချိုးဖောက်ပြီး ပါတီတက်ရောက်ခဲ့တဲ့ လူ ၁၀၉ ဦး

 

ကိုလည်း ဒေသခံအာဏာပိုင်တွေနဲ့ ရဲတွေ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသွား

 

 

ပါတယ်။ အင်္ဂါနေ့ည ခိုဖန်ဂန်ရှိ ညကလပ်တစ်ခုကို ထိုင်းရဲတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။လူဝင်မှုကြီးကြပ်ရေး၊

 

ခရီးသွားရဲတပ်ဖွဲ့၊ ဒေသခံအာဏာပိုင်တွေ ပါဝင်တဲ့အဖွဲ့ဟာ အင်္ဂါနေ့ည ၉ နာရီ ခွဲအချိန်က ခိုဖန်ဂန်ခရိုင်ရှိ 360 ဘားကို

 

ဝင်ရောက်စီးနင်းခဲ့ပြီး ပါတီကျင်းပနေတဲ့ လူအုပ်စုကြီးကို ထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ဘားပိုင်ရှင်ဖြစ်ကြောင်း

 

ဝန်ခံထားတဲ့ အသက် ၄၀အရွယ် ပွန်ဒရန် လင်အိုချာကူနဲ့ ပါတီကျင်းပတဲ့ အသက် ၄၇ နှစ်အရွယ် ဆွန်ဆကူ ကီရာနာရွန်

 

ကိုလည်း ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ဘားကိုလာတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အမိန့်

 

ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပြီး ပွန်ဒရာနဲ့ ဆွန်ဆကူတို့ကို ခွင့်ပြုချက်မရဘဲ ဖျော်ဖြေရေးလုပ်ကိုင်မှုနဲ့ တရားစွဲဆိုထား

 

ကြောင်း သိရပါတယ်။

 

Credit;

About the author

admm