ေက်းဇူးသိတတ္ ေသာ အမ်ိဳးသား တစ္ေယာက္ ေၾကာင့္ အ ေမြသန္းခ်ီ ရသာြး ေသာ ျပင္သစ္ႏိုင္ငံမွ ရြာ က ေလး

 

ေက်းဇူးသိတတ္ ေသာ အမ်ိဳးသား တစ္ေယာက္ ေၾကာင့္ အ ေမြသန္းခ်ီ ရသာြး ေသာ ျပင္သစ္ႏိုင္ငံမွ ရြာ က ေလး

 

 

ဒုတိယကမၻာစစ္တုန္းက သူ့မိသားစုကုိ ခုိလႈံခြင့္ေပးခဲ့တဲ့ ျပင္သစ္ႏုိင္ငံရဲ႕ ရြာတစ္ရြာကုိ ေက်းဇူးဆပ္တဲ့အေနနဲ႔ ၾသစႀတီးယား

အမ်ဳိးသားတစ္ေယာက္မွာ ေသတမ္းစာထဲမွာ အေမြ ယူ႐ုိသန္းခ်ီ ခ်န္ရစ္ေပးခဲ့ပါတယ္။ ျပင္သစ္ႏုိင္ငံ အေရွ႕ေတာင္ပုိင္းမွာရွိတဲ့

လီခ်မ္ဘြန္ဆာလစ္ႏြန္ရြာဟာ ဂ်ဴးလူမ်ဳိး ေထာင္ခ်ီကုိ ကာကြယ္ေပးခဲ့ၿပီး လူအမ်ားအျပားကုိ ႏွိပ္စက္ညႇဥ္းပန္းမႈကေန ကာ

ကြယ္ေပးခဲ့တဲ့အတြက္ ဂုဏ္သတင္းေက်ာ္ၾကားခဲ့တဲ့ရြာပါ။ အဲရစ္ရွဝမ္တုိ႔မိသားစုက ၾသစႀတီးယားႏုိင္ငံ ဗီယင္နာၿမိဳ႕မွာ ေနထုိင္

သူေတြျဖစ္ၿပီး သူ့အေဖက ဆရာဝန္တစ္ေယာက္ပါ။ ၁၉၄၃ ခုႏွစ္မွာ အဲရစ္ရွဝမ္က သူ႔မိဘႏွစ္ပါး၊ သူ႔အဘြားနဲ႔အတူ လီခ်မ္ဘြန္

 

 

ဆာလစ္ႏြန္ရြာကုိ ေရာက္လာခဲ့ၾကတာပါ။ ဗီယင္နာကေန အဲဒီရြာကုိ ဘယ္လုိေရာက္လာလဲဆုိတာေတာ့ မသိရပါဘူး။ သူတုိ႔

ဟာ အဲဒီရြာကုိ ေရာက္မလာခင္ ျပင္သစ္ႏုိင္ငံေတာင္ပုိင္းက စစ္တပ္ထိန္းသိမ္းေရးစခန္းမွာ ထိန္းသိမ္းခံခဲ့ရတာပါ။အဲရစ္ရွဝမ္

ဟာ ၿပီးခဲ့တဲ့လက အသက္ ၉၀ အရြယ္မွာ ကြယ္လြန္သြားခဲ့ၿပီး သူ့ရဲ႕ေသတမ္းစာမွာ လီခ်မ္ဘြန္ဆာလစ္ႏြန္ရြာအတြက္ ေငြေ

ေၾကးေတာ္ေတာ္မ်ားမ်ားကုိ အေမြအျဖစ္ ခ်န္ရစ္ေပးခဲ့တာလုိ႔ ၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။ ဒါေပမဲ့ ေသတမ္းစာပါ အေမြပမာ

ဏကုိ ထုတ္ေျပာခဲ့ျခင္းမရွိပါဘူး။အဲရစ္ရွဝမ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက လီခ်မ္ဘြန္ဆာလစ္ႏြန္ရြာအတြက္ အေမြခ်န္ရစ္

ထားဖုိ႔ ၿမိဳ႕ေတာ္အရာရွိေတြကုိ ဆက္သြယ္ခဲ့ၿပီး ယူ႐ုိ ၂ သန္းေလာက္ အေမြခ်န္ရစ္ခဲ့တာျဖစ္မယ္လုိ႔ ယခင္ၿမိဳ႕ေတာ္ဝန္ေဟာင္း

က ေျပာပါတယ္။

 

Credit

 

 

 

Unicode

 

ဒုတိယကမ္ဘာစစ်တုန်းက သူ့မိသားစုကို ခိုလှုံခွင့်ပေးခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ ရွာတစ်ရွာကို ကျေးဇူးဆပ်တဲ့အနေနဲ့ သြစတြီး

ယားအမျိုးသားတစ်ယောက်မှာ သေတမ်းစာထဲမှာ အမွေ ယူရိုသန်းချီ ချန်ရစ်ပေးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း
မှာရှိတဲ့ လီချမ်ဘွန်ဆာလစ်နွန်ရွာဟာ ဂျူးလူမျိုး ထောင်ချီကို ကာကွယ်ပေးခဲ့ပြီး လူအများအပြားကို နှိပ်စက်ညှဉ်းပန်းမှုက
နေ ကာကွယ်ပေးခဲ့တဲ့အတွက် ဂုဏ်သတင်းကျော်ကြားခဲ့တဲ့ရွာပါ။အဲရစ်ရှဝမ်တို့မိသားစုက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့
မှာ နေထိုင်သူတွေဖြစ်ပြီး သူ့အဖေက ဆရာဝန်တစ်ယောက်ပါ။ ၁၉၄၃ ခုနှစ်မှာ အဲရစ်ရှဝမ်က သူ့မိဘနှစ်ပါး၊ သူ့အဘွားနဲ့အ
တူ လီချမ်ဘွန်ဆာလစ်နွန်ရွာကို ရောက်လာခဲ့ကြတာပါ။ ဗီယင်နာကနေ အဲဒီရွာကို ဘယ်လိုရောက်လာလဲဆိုတာတော့ မ
သိရပါဘူး။ သူတို့ဟာ အဲဒီရွာကို ရောက်မလာခင် ပြင်သစ်နိုင်ငံတောင်ပိုင်းက စစ်တပ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်း
ခံခဲ့ရတာပါ။ အဲရစ်ရှဝမ်ဟာ ပြီးခဲ့တဲ့လက အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့သေတမ်းစာမှာ လီချမ်ဘွန်ဆာ
လစ်နွန်ရွာအတွက် ငွေကြေးတော်တော်များများကို အမွေအဖြစ် ချန်ရစ်ပေးခဲ့တာလို့ မြို့တော်ဝန်က ပြောပါတယ်။ ဒါပေမဲ့
သေတမ်းစာပါ အမွေပမာဏကို ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ အဲရစ်ရှဝမ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လီချမ်ဘွန်ဆာလစ်
နွန်ရွာအတွက် အမွေချန်ရစ်ထားဖို့ မြို့တော်အရာရှိတွေကို ဆက်သွယ်ခဲ့ပြီး ယူရို ၂ သန်းလောက် အမွေချန်ရစ်ခဲ့တာဖြစ်
မယ်လို့ ယခင်မြို့တော်ဝန်ဟောင်းက ပြောပါတယ်။
Credit