Pet & Love

ေဆး႐ုံကုတင္ေဘးမွာ ျပန္မလာနိုင္ေတာ့တဲ့ သခင္ကိုသစၥာရွိစြာ ေစာင့္ေနတဲ့ေခြးေလး

Written by admm

 

ေဆး႐ုံကုတင္ေဘးမွာ ျပန္မလာနိုင္ေတာ့တဲ့ သခင္ကိုသစၥာရွိစြာ ေစာင့္ေနတဲ့ေခြးေလး

 

 

လူေတြကေတာ့ သူတို႔ခ်စ္ရတဲ့ လူေတြအနားကအၿပီးပိုင္ထြက္ခြာသြားတဲ့အခါဝမ္းနည္းပူေဆြးၾကတာကေတာ့သဘာဝပါ။

 

ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ့ သစၥာေစာင့္သိၾကတဲ့ ေခြးေလးေတြကေတာ့ ကၽြန္ေတာ္တို ႔ေသဆုံးသြားၿပီး သူတို႔အနားမွာမရွိနိုင္

 

ေတာ့တာေတာ့သူတို႔မသိၾကပါဘူး။ဒီထဲကမွသစၥာေစာင့္သိတဲ့ခ်စ္စရာေခြးေလးတစ္ေကာင္ကေတာ့သူ႔သခင္ရဲ့ေဆး႐ုံကုတင္

 

ေဘးမွာအခ်ိန္ၾကာျမင့္စြာေစာင့္ေနခဲ့တာပါ။ဝမ္းနည္းစရာေကာင္းတာကေတာ့ သူ႔သခင္ေသဆုံးသြားၿပီးသူ႔ဆီကိုဘယ္

 

 

ေတာ့မွျပန္မလာနိုင္ေတာ့တာေတာ့သူမသိပါဘူး။ဒီေခြးေလးကေတာ့ နယူးဂ်ာဆီျပည္နယ္ က Labardor မ်ိဳးစပ္ သုံးႏွစ္

 

အရြယ္ရွိၿပီျဖစ္တဲ့ ေခြးေလး Mooseဘဲျဖစ္ပါတယ္။Moose ရဲ့ သခင္ကေတာ့လူ႔ေလာကႀကီးကိုႏႈတ္ဆက္သြားကာသူ႔အနား

 

ကိုဘယ္ေတာ့မွျပန္မလာနိုင္ေတာ့ပါဘူး။လူတခ်ိဳ႕ကေတာ့ ထိုအျဖစ္အပ်က္ကိုဓာတ္ပုံရိုက္ကာMoose ကိုအျခားသခင္

 

အသစ္တစ္ေယာက္ကေစာင့္ေရွာက္နိုင္ေအာင္ အြန္လိုင္းေပၚမွာမၽွေဝခဲ့ပါတယ္။ထိုအပုံေလးကိုမၽွေဝၿပီးမၾကာမီမွာဘဲ

 

 

 

နယူးဂ်ာဆီ၊Randolph မွ Eleventh Hour Rescue မွလာေရာက္ေခၚေဆာင္သြားခဲ့ပါတယ္။ထိုပိုစ့္ေလးရဲ့ေအာက္မွာလည္း

 

သနားစရာေခြးေလးကိုေခၚယူေစာင့္ေရွာက္ဖို႔စိတ္ဝင္စားတဲ့လူေတြလည္းလာေရာက္ ေျပာဆိုထားၾကပါတယ္။ထိုအပိုစ့္ေလး

 

ဟာခ်က္ခ်င္းဆိုသလို လူရာေပါင္းမ်ားစြာရဲ့ စိတ္ဝင္စားမႈကိုရရွိလာခဲ့ၿပီး ရက္အနည္းငယ္ၾကာတဲ့အခါမွာေတာ့ Moose ေလး

 

ရဲ့ အျမဲတမ္းပိုင္ရွင္တစ္ဦးကိုရွာေဖြေတြ႕ရွိခဲ့ပါတယ္။Moose ကေတာ့ယခုခ်ိန္မွာ သူ႔ကိုခ်စ္ျမတ္နိုးတဲ့ မိသားစုေလးတစ္ခုကို

 

ပိုင္ဆိုင္ထားၿပီး သစၥာရွိတဲ့ ေခြးေလးတစ္ေယာက္အျဖစ္ဆက္လက္ေနထိုင္လ်က္ရွိပါတယ္။

 

Unicode

 

ဆေးရုံကုတင်ဘေးမှာ ပြန်မလာနိုင်တော့တဲ့ သခင်ကိုသစ္စာရှိစွာ စောင့်နေတဲ့ခွေးလေး

 

 

လူတွေကတော့ သူတို့ချစ်ရတဲ့လူတွေအနားကအပြီးပိုင်ထွက်ခွာသွားတဲ့အခါဝမ်းနည်းပူဆွေးကြတာကတော့သဘာဝပါ။

 

ဒါပေမယ့်ကျွန်တော်တို့ရဲ့သစ္စာစောင့်သိကြတဲ့ခွေးလေးတွေကတော့ကျွန်တော်တို့သေဆုံးသွားပြီးသူတို့အနားမှာမရှိနိုင်

 

တော့တာတော့သူတို့မသိကြပါဘူး။ဒီထဲကမှသစ္စာစောင့်သိတဲ့ချစ်စရာခွေးလေးတစ်ကောင်ကတော့သူ့သခင်ရဲ့ဆေးရုံ

 

ကုတင်ဘေးမှာအချိန်ကြာမြင့်စွာစောင့်နေခဲ့တာပါ။ဝမ်းနည်းစရာကောင်းတာကတော့ သူ့သခင်သေဆုံးသွားပြီးသူ့ဆီကို

 

 

ဘယ်တော့မှပြန်မလာနိုင်တော့တာတော့သူမသိပါဘူး။ဒီခွေးလေးကတော့ နယူးဂျာဆီပြည်နယ် က Labardor မျိုးစပ်

 

သုံးနှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွေးလေး Moose ဘဲဖြစ်ပါတယ်။Moose ရဲ့သခင်ကတော့လူ့လောကကြီးကိုနှုတ်ဆက်သွားကာ

 

သူ့အနားကိုဘယ်တော့မှပြန်မလာနိုင်တော့ပါဘူး။လူတချို့ကတော့ ထိုအဖြစ်အပျက်ကိုဓာတ်ပုံရိုက်ကာMoose ကိုအခြား

 

သခင်အသစ်တစ်ယောက်ကစောင့်ရှောက်နိုင်အောင် အွန်လိုင်းပေါ်မှာမျှဝေခဲ့ပါတယ်။ထိုအပုံလေးကိုမျှဝေပြီးမကြာမီမှာ

 

 

 

ဘဲ နယူးဂျာဆီ၊Randolph မှ Eleventh Hour Rescue မှလာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ထိုပိုစ့်လေးရဲ့အောက်မှာ

 

လည်း သနားစရာခွေးလေးကိုခေါ်ယူစောင့်ရှောက်ဖို့စိတ်ဝင်စားတဲ့လူတွေလည်းလာရောက် ပြောဆိုထားကြပါတယ်။

 

ထိုအပိုစ့်လေးဟာချက်ချင်းဆိုသလို လူရာပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကိုရရှိလာခဲ့ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ

 

တော့ Moose လေးရဲ့ အမြဲတမ်းပိုင်ရှင်တစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။Moose ကတော့ယခုချိန်မှာ သူ့ကိုချစ်မြတ်နိုးတဲ့

 

မိသားစုလေးတစ်ခုကိုပိုင်ဆိုင်ထားပြီး သစ္စာရှိတဲ့ ခွေးလေးတစ်ယောက်အဖြစ်ဆက်လက်နေထိုင်လျက်ရှိပါတယ်။

 

Credit;

About the author

admm