LOCAL NEWS

ရန်ကုန်မြို့အတွင်း ဆန္ဒထုတ်ဖော်ပြသနေသော ပြည်သူလူထုအား ကျန်းမာရေးအကူအညီများပေးနိုင်ရန် “ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ဆေးတပ်ဖွဲ့ ဖွဲ့စည်း

Written by admm

ရန်ကုန်မြို့အတွင်း ဆန္ဒထုတ်ဖော်ပြသနေသော ပြည်သူလူထုအား ကျန်းမာရေးအကူအညီများပေးနိုင်ရန်

“ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ဆေးတပ်ဖွဲ့ ဖွဲ့စည်း

 

 

ဆေးတက္ကသိုလ်(၁)ရန်ကုန်သည် ရန်ကုန်မြို့အတွင်း ဆန္ဒထုတ်ဖော်ပြသနေသော ပြည်သူလူထုအား ကျန်းမာရေးအကူအညီ

 

များပေးနိုင်ရန်  အတန်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများ ပူးပေါင်းပါဝင်ကာ ဆေးတက္ကသိုလ်(၁)ရန်ကုန် ဆေးတပ်ဖွဲ့ကို

 

စတင်ဖွဲ့စည်းလိုက်သည်။ဆေးတက္ကသိုလ်(၁)ရန်ကုန် ဆေးတပ်သည် ဆန္ဒထုတ်ဖော်နေသော ပြည်သူလူထုအား အရေးပေါ်

 

ကြက်ခြေနီအသက်ကယ်ဆယ်မှုအပြင် အခြားကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သည့်အချိန်တိုင်း အသင့်ရှိနေ

 

မည်ဖြစ်သည်။ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂအနေဖြင့် စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက် တွန်းလှန်နိုင်ရန် အ

 

ထိရောက်ဆုံးနည်းလမ်းဖြစ်သည့်  Civil Disobedience Movement အား တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေသည့်

 

ဆရာဆရာမမ်ား၊ အစိုးရဝန်ထမ်းများနှင့်အတူ ရပ်တည်ပေးသွားမည်ဖြစ်ပြီး CDM ပါဝင်ပေးနေသူများကိုလည်း လိုအပ်သည့်

 

အထောက်အပံ့များ လှူဒါန်းပေးသွားမည်ဖြစ်သည်။ အစိုးရဝန်ထမ်းများအားလုံး Civil Disobedience Movement ကို ဆက်

 

လက် ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုက်ပါသည်။

 

Credit

 

 

 

Unicode

 

 


 


 


 


 


 


 


 


 


 

Credit

About the author

admm