ထိုင်းဝန်ကြီးချုပ်အား မြန်မာစစ်တပ်ခေါင်းဆောင် ဒီမိုကရေစီရေး အကူအညီတောင်းခံဟု CNA ဖော်ပြ

ထိုင်းဝန်ကြီးချုပ်အား မြန်မာစစ်တပ်ခေါင်းဆောင် ဒီမိုကရေစီရေး အကူအညီတောင်းခံဟု CNA ဖော်ပြ

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မြန်မာ စစ်အစိုးရခေါင်းဆောင်ထံက ဒီမိုကရေစီအရေး ကူညီပံ့ပိုးဖို့ တောင်းဆို

 

တဲ့ စာတစ်စောင် လက်ခံရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တယ်လို့ စီအင်န်အေသတင်းက ဖော်ပြသွားပါတယ်။ ထိုင်း

 

ဝန်ကြီးချုပ်ပရာယွတ်ဟာ ထိုင်းမှာ စစ်တပ်အာဏာသိမ်းပြီး ပထမဆုံး အုပ်ချုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်

 

ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်က ထိုင်းမှာ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး ၂၀၁၉

 

ခုနှစ်က ရွေးကောက်ပွဲကျင်းပပြီး အာဏာရယူထားတာလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘန်ကောက်မှာပြုလုပ်တဲ့သတင်း

 

 

စာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က အိမ်နီးချင်း မြန်မာနိုင်ငံရှိ ဒီမိုကရေစီလမ်းစဉ်ကို အမြဲတမ်း ထောက်ခံကြောင်း ပြော

 

ကြားသွားပါတယ်။ “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒီကနေ့ အရေးကြီးဆုံးကေ

 

တာ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒါဟာ ပြည်သူလူထု၊ စီးပွားရေး၊ နယ်စပ်ကုန်သွယ်

 

ရေး အထူးသဖြင့် ခုလိုအချိန်ကာလမှာ သက်ရောက်မှုရှိတယ်”လို့ ပရာယွတ်က ပြောပါတယ်။”ထိုင်းနိုင်ငံက ဒီမိုကရေစီလုပ်

 

ငန်းစဉ်ကို ထောက်ခံပါတယ်။ ကျန်တာကတော့ ဘယ်လို ရှေ့ဆက်ပုံဖော်ဆောင်ရွက်မလဲဆိုတာ ကြည့်ဖို့ သူအပေါ်ပဲ တာဝန်

 

 

ရှိတယ်”လို့လည်း ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်

 

လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး ပြီးခဲ့တဲ့နှစ်

 

ရွေးကောက်ပွဲလိမ်လည်မှုတွေနဲ့ ဖမ်းဆီးထားကြောင်း စီအင်န်အေသတင်းက ဆိုပါတယ်။ မြန်မာရွေးကောက်ပွဲကော်မရှင်က

 

စစ်တပ်စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။ အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဆန္ဒပြပွဲ

 

တွေ နိုင်ငံအနှံ့အပြား အကြီးအကျယ် ဖြစ်ပွားနေသလို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေက ဆယ်စုနှစ်ကြာ ဒီမိုကရေ

 

စီအသွင်ကူးပြောင်းမှုကို ရပ်တန့်စေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေကြပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်

 

က အကြီးဆုံးဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေသလို ဝန်ကြီးပရာယွတ်ကို ဆန့်ကျင်သူတွေက ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုထား

 

ပါတယ်။ ထိုင်းနိုင်ငံရေးကို စစ်တပ်နဲ့ ထိုင်းဘုရင်စနစ် ဆက်လက်စိုးမိုးစေပြီး ရွေးကောက်ပွဲမသာမှု လုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်

 

ဆန့်ကျင်သူတွေက စွပ်စွဲထားပြီး ထိုင်းဝန်ကြီးချုပ်က ပယ်ချထားပါတယ်။ ထိုင်းနဲ့ မြန်မာစစ်တပ်တို့ဟာ ဟိုးယခင်က နှစ်နိုင်

 

ငံကြား ရန်ငြိုးသမိုင်းကြောင်း ရှိပေမယ့် မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း အနီးကပ် ဆက်ဆံရေး ရှိခဲ့တယ်လို့ စီအင်

 

န်အေသတင်းက ဖော်ပြသွားပါတယ်။

 

Credit