INTERNATIONAL NEWS

ထိုင်းတွေလည်း သံပုံးတီးပြီ

Written by admm

ထိုင်းတွေလည်း သံပုံးတီးပြီ

 

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေက ယခုလ ၂ ရက်နေ့ကစပြီး ညစဉ် ၈ နာရီတိုင်း သံပုံးတီးပြီး

 

ဆန့်ကျင်တဲ့ ပုံစံကို အခုတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း လိုက်လုပ်လာတာ တွေ့ရပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ထိုင်း

 

ပြည်သူတွေလည်း မြန်မာတို့အတိုင်း သံပုံးတီးပြီး သူတို့နိုင်ငံက စစ်ခေါင်းဆောင်တွေ အုပ်ချုပ်တာကို ဆန့်ကျင်ကြောင်း ယနေ့

 

ဖေဖော်ဝါရီ ၁၀ ရက်မှာ ဘန်ကောက်မြို့လူစည်ကားရာ ပသူးနမ်းရှိ MBK ဈေးဝယ်စင်ရှေ့မှာ ဆန္ဒထုတ်ဖော်မှုမှာ ပြုလုပ်ကြတာ

 

ပါ။ ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ တောင်းဆိုတာအပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အိမ်နီးချင်း

 

 

မြန်မာနိုင်ငံနဲ့ တသားတည်း ဆိုတာကို ပြသဖို့လည်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ ထိုင်းရောက် မြန်မာနိုင်ငံ

 

သားတချို့လည်း ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ စာရွက်တွေနဲ့ မြန်မာနိုင်ငံအလံငယ်လေးတွေ ကိုင်ပြီး ပါဝင်ကြပါတယ်။

 

Credit

 

 

Unicode

 

 


 


 


 


 


 

 


 


 


 

Credit

About the author

admm