တရုတ္ စာတန္းပါ ေငြစကၠဴ ေကာလဟာလ မ်ားကို တရုတ္သံရံုးမွ ေျဖရွင္း

တရုတ္ စာတန္းပါ ေငြစကၠဴ ေကာလဟာလ မ်ားကို တရုတ္သံရံုးမွ ေျဖရွင္း

 

 

ယခုရက္ပိုင္းအတြင္းမွာ ျမန္မာနိုင္ငံအတြင္း တ႐ုတ္နိုင္ငံနဲ႔ပတ္သက္သည့္ ေကာလဟလသတင္းမ်ား ထြက္ေပၚျခင္းမ်ားနဲ႔

စပ္လ်ဥ္းၿပီး ျမန္မာနိုင္ငံဆိုင္ရာ တ႐ုတ္နိုင္ငံသံ႐ုံးက ရွင္းလင္းခ်က္ထုတ္ျပန္လိုက္ပါတယ္။ အဆိုပါသတင္းမ်ားသည္ ရက္ပိုင္း

အတြင္းက ကူမင္းမွ ေလယာဥ္မ်ား ျမန္မာနိုင္ငံသို႔ ဆိုက္ေရာက္သည့္သတင္းအပါအဝင္ တ႐ုတ္တပ္သားမ်ား ေရာက္ရွိေန

သည္ဆိုသည့္သတင္းနဲ႔ တ႐ုတ္ေငြစကၠဴအတုမ်ားသတင္းကို ရွင္းလင္းခ်က္ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။ တ႐ုတ္နိုင္ငံ ကူ

မင္းၿမိဳ႕မွ ေလယာဥ္ ၅စီးျဖင့္ နည္းပညာသမားမ်ား ေခၚလာသည္ဆိုသည့္သတင္းမွာ မဟုတ္မွန္ဘဲ တ႐ုတ္နိုင္ငံရဲ့ စားေသာက္

 

 

ကုန္လိုအပ္ခ်က္အတြက္ ျမန္မာနိုင္ငံမွ ပင္လယ္စာ စသည့္ ပုံမွန္ပို႔ကုန္သြင္းကုန္မ်ား ပို႔ေဆာင္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ တ႐ုတ္တပ္သားမ်ား ျမန္မာနိုင္ငံသို႔ ေရာက္ရွိလာသည္ဆိုသည့္ သတင္းထြက္ေပၚမႈမ်ားနဲ႔စပ္လ်ဥ္းၿပီး ျမန္မာစစ္သားမ်ား

သာျဖစ္ေၾကာင္းနဲ႔ တ႐ုတ္နိုင္ငံအေနနဲ႔ အျခားနိုင္ငံရဲ့ ျပည္တြင္းေရး ဝင္ေရာက္စြက္ဖက္မႈမျပဳေရးမူကို က်င့္သုံးသည့္အတြက္

ျမန္မာနိုင္ငံသို႔ စစ္သားေစလႊတ္ရန္မျဖစ္နိုင္ဟု ေဖာ္ျပထားပါတယ္။ ထို႔ေနာက္ တ႐ုတ္နိုင္ငံမွ ေငြစကၠဴအတုမ်ား ျမန္မာနိုင္ငံသို

႔ေရာက္ရွိဆိုသည့္ သတင္းမွာလည္း သတင္းမွားသာျဖစ္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာမွာ ျပန႔္ႏွံ့ေနသည့္ ေငြစကၠဴပါဓါတ္ပုံသည္

ၿပီးခဲ့သည့္လက ဘဏ္မွထုတ္ယူထားျခင္းျဖစ္ကာ ေငြစကၠဴအတုထုတ္လုပ္သည့္ လုပ္ရပ္ကို တ႐ုတ္နိုင္ငံက ျပတ္ျပတ္သားသား

ကန႔္ကြက္ၿပီး တင္းၾကပ္စြာတိုက္ဖ်က္ေၾကာင္း ရွင္းလင္းထားတာျဖစ္ပါတယ္။

 

Credit

 

 

 

Unicode

 

ယခုရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံနဲ့ပတ်သက်သည့် ကောလဟလသတင်းများ ထွက်ပေါ်ခြင်းများ

နဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ရှင်းလင်းချက်ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါသတင်းများသည်

ရက်ပိုင်းအတွင်းက ကူမင်းမှ လေယာဉ်များ မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့်သတင်းအပါအဝင် တရုတ်တပ်သားများ

ရောက်ရှိနေသည်ဆိုသည့်သတင်းနဲ့ တရုတ်ငွေစက္ကူအတုများသတင်းကို ရှင်းလင်းချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှ လေယာဉ် ၅စီးဖြင့် နည်းပညာသမားများ ခေါ်လာသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ဘဲ တရုတ်

နိုင်ငံရဲ့ စားသောက်ကုန်လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ပင်လယ်စာ စသည့် ပုံမှန်ပို့ကုန်သွင်းကုန်များ ပို့ဆောင်ခြင်း

ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် တရုတ်တပ်သားများ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဆိုသည့် သတင်းထွက်ပေါ်မှုများနဲ့

စပ်လျဉ်းပြီး မြန်မာစစ်သားများသာဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ အခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု

မပြုရေးမူကို ကျင့်သုံးသည့်အတွက် မြန်မာနိုင်ငံသို့ စစ်သားစေလွှတ်ရန်မဖြစ်နိုင်ဟု ဖော်ပြထားပါတယ်။ ထို့နောက် တရုတ်

နိုင်ငံမှ ငွေစက္ကူအတုများ မြန်မာနိုင်ငံသို့ရောက်ရှိဆိုသည့် သတင်းမှာလည်း သတင်းမှားသာဖြစ်ပြီး လူမှုကွန်ယက်စာမျက်

နှာမှာ ပြန့်နှံ့နေသည့် ငွေစက္ကူပါဓါတ်ပုံသည် ပြီးခဲ့သည့်လက ဘဏ်မှထုတ်ယူထားခြင်းဖြစ်ကာ ငွေစက္ကူအတုထုတ်လုပ်

သည့် လုပ်ရပ်ကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး တင်းကြပ်စွာတိုက်ဖျက်ကြောင်း ရှင်းလင်းထားတာဖြစ်

ပါတယ်။

 

Credit