အစၥေရးနိုင္ငံမွာ တည္ေဆာက္ေနတဲ့ ေျမေအာက္လိုဏ္ေခါင္းသုသာန္ႀကီး အေၾကာင္း

အစၥေရးနိုင္ငံမွာ တည္ေဆာက္ေနတဲ့ ေျမေအာက္လိုဏ္ေခါင္းသုသာန္ႀကီး အေၾကာင္း

 

 

အစၥေရးနိုင္ငံ ေဂ်႐ုစလင္ၿမိဳ႕ႀကီးတြင္ ေျမေအာက္လိုဏ္ေခါင္းသုသာန္ႀကီး တည္ေဆာက္ေနေၾကာင္း သိရသည္။ လူေသမ်ားကို

 

သၿဂႋဳဟ္စရာေနရာအလြန္ရွား ပါးလာသျဖင့္ ေျမေအာက္သုသာန္ကို တူးေဖာ္လာရျခင္းျဖစ္သည္။ ယခုေဆာင္းရာသီတြင္ အေလာင္း

 

းေပါင္း ၈၀၀၀ ကို ထိုေနရာတြင္ စျမႇုပ္၍ရမည္ဟု ဟာဟာမီ န်ဴေခ်ာ့တ္သခ်ိဳငၤ္းႀကီးကို တည္ေဆာက္ ေနသည့္ အရာရွိမ်ားက ဆို

 

သည္။ သုသာန္တည္ေဆာက္ျခင္း လုပ္ငန္းအားလုံးသာၿပီးစီးသြားပါက ယင္းတြင္ အေလာင္း ေပါင္း ၃၀၀၀၀ ဆံ့မည္ဟု အရာရွိမ်ား

 

က ဆက္လက္ေျပာၾကားသည္။ လက္ရွိ တည္ေဆာက္ေနသည့္ ေျမေအာက္လိုဏ္ ေခါင္းသုသာန္တြင္ အထပ္မ်ားစြာ ပါမည္ ျဖစ္

 

 

သည္။ ယင္းလိုဏ္ေခါင္းကို ၂၀၁၅ ခုႏွစ္တြင္ အနက္ ၁၆၄ ေပတြင္ စတူးျခင္း ျဖစ္သည္။ အစိုးရက သုသာန္အတြက္ ေနရာသီးသန႔္

 

ေပးမထားသည့္အျပင္ ေဂ်႐ုစလင္ၿမိဳ႕ႀကီးတြင္လည္း ေျမေနရာရွားသထက္ ရွားလာေနသျဖင့္ ယခုကဲ့သို႔ လုပ္ရျခင္းျဖစ္သည္။

ေျမေအာက္လိုဏ္ေခါင္းသုသာန္သာ ေအာင္ျမင္ပါက ယင္းတြင္ ေအာက္ကို နက္နက္ထပ္တူးလိုက္လၽွင္ေျမျမႇုပ္စရာေနရာ ပိုရသြား

 

လိမ့္မည္ဟု အရာရွိမ်ားက ဆိုသည္။ ေရွးေခတ္ကလည္း ဂ်ဴးဘာသာဝင္မ်ားသည္ ကြယ္လြန္သူမိသားစုဝင္မ်ားကို အစၥေရးရွိ

 

လိုဏ္ေခါင္းမ်ားတြင္ ျမႇုပ္ေလ့ရွိသည္။

 

Credit

 

 

Unicode

 

 

အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့ကြီးတွင် မြေအောက်လိုဏ်ခေါင်းသုသာန်ကြီး တည်ဆောက်နေကြောင်း သိရသည်။ လူသေများကို

 

သင်္ဂြိုဟ်စရာနေရာအလွန်ရှား ပါးလာသဖြင့် မြေအောက်သုသာန်ကို တူးဖော်လာရခြင်းဖြစ်သည်။ ယခုဆောင်းရာသီတွင် အ

 

လောင်းပေါင်း ၈၀၀၀ ကို ထိုနေရာတွင် စမြှုပ်၍ရမည်ဟု ဟာဟာမီ နျူချော့တ်သချိုၤင်းကြီးကို တည်ဆောက် နေသည့် အရာရှိများ

 

က ဆိုသည်။ သုသာန်တည်ဆောက်ခြင်း လုပ်ငန်းအားလုံးသာပြီးစီးသွားပါက ယင်းတွင် အလောင်း ပေါင်း ၃၀၀၀၀ ဆံ့မည်ဟု

 

အရာရှိများက ဆက်လက်ပြောကြားသည်။ လက်ရှိ တည်ဆောက်နေသည့် မြေအောက်လိုဏ် ခေါင်းသုသာန်တွင် အထပ်များစွာ

 

 

ပါမည် ဖြစ်သည်။ ယင်းလိုဏ်ခေါင်းကို ၂၀၁၅ ခုနှစ်တွင် အနက် ၁၆၄ ပေတွင် စတူးခြင်း ဖြစ်သည်။ အစိုးရက သုသာန်အတွက်

 

နေရာသီးသန့်ပေးမထားသည့်အပြင် ဂျေရုစလင်မြို့ကြီးတွင်လည်း မြေနေရာရှားသထက် ရှားလာနေသဖြင့် ယခုကဲ့သို့ လုပ်ရခြင်း

 

ဖြစ်သည်။ မြေအောက်လိုဏ်ခေါင်းသုသာန်သာ အောင်မြင်ပါက ယင်းတွင် အောက်ကို နက်နက်ထပ်တူးလိုက်လျှင်မြေမြှုပ်စရာ

 

နေရာ ပိုရသွားလိမ့်မည်ဟု အရာရှိများက ဆိုသည်။ ရှေးခေတ်ကလည်း ဂျူးဘာသာဝင်များသည် ကွယ်လွန်သူမိသားစုဝင်များကို

 

အစ္စရေးရှိ လိုဏ်ခေါင်းများတွင် မြှုပ်လေ့ရှိသည်။

 

Credit