LOCAL NEWS

တိုင်းပြည်အတွက် ရှေ့တန်းကနေ ကာကွယ်ပေးနေတဲ့ Generation Z တွေကို  ချီးကျူးလိုက်တဲ့ အောင်လ

Written by admm

 

တိုင်းပြည်အတွက် ရှေ့တန်းကနေ ကာကွယ်ပေးနေတဲ့ Generation Z တွေကို  ချီးကျူးလိုက်တဲ့ အောင်လ

 

 

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ အဆိုတော် အောင်လဟာ Generatoin Z တွေကို

 

လေးစားပြီး ချီးကျူးလိုက်တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူတွေအားလုံးဟာ စစ်အစိုးရ အာဏာသိမ်းပြီး

 

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက လူထုလှုပ်ရှားမှု စုပေါင်းဆန္ဒပြမှုများကို ပြုလုပ်ပြီး ယနေ့အချိန်ထိလက်မလျော့ပဲ မှန်ကန်တဲ့ဘက်ကနေ

 

ရပ်တည်ခဲ့တာပါ။တစ်ခါတစ်ရံ ဖြိုခွင်းခံရတဲ့ အခက်အခဲများရှိကြသော်လည်း ပြည်သူတွေဟာအရင်ကထက်ပိုပြီး စည်းလုံးကာ ဇွဲမလျော့ပဲ

 

 

အားအပြည့် မာန်အပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်နေကြတာပါ။ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက်လည်း အလှူ

 

ငွေများ ဝိုင်းဝန်းလှူဒါန်းကြကာ သူရဲကောင်းတို့ရဲ့ နောက်ဆုံးခရီးကိုလည်း ဝမ်းနည်းဂုဏ်ယူကာ လိုက်လံပို့ဆောင်ပေးကြပါသေးတယ်။ပြည်သူ

 

တွေအထဲမှာမှ နာမည်ကြီး အနုပညာရှင် များစွာကလည်း ပြည်သူတွေနဲ့အတူပူးပေါင်းကာအမှန်တရားဘက်ကတစ်သားတည်း ရပ်တည်ကြပြီး

 

တတ်နိုင်တဲ့ဘက်ကနေ အစစအရာရာ ကူညီပေးနေကြတာပဲ ဖြစ်ပါတယ်။အဆိုတော် အောင်လကလည်း ဒီနွေဦးတော်လှန်ရေးမှာ တတ်ကြွ

 

 

စွာနဲ့ ပါဝင်နေကာ ပြည်သူက အားပေးရကျိုးနပ်တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်လကအသက် ၁၈ နှစ် ၁၉ နှစ် ပဲရှိသေး

 

တဲ့ အနာဂတ်လှပနေတဲ့ လူငယ်လေးတွေဟာ ပြည်သူတွေအများကြီးအရှေ့ကနေ ကာကွယ်ပေးရဲတဲ့ GenerationZ ကို ယခုလို ချီးကျူးစကား

 

ဆိုလာပါတယ်။အဆိုတော် အောင်လက ” ငယ်ငယ် က သေရမှာ ကိုမကြောက်တာအခု နည်းနည်း ကြောက်တတ်နေပြီလူဆိုတာအသက်ကြီး

 

လေ သေရမှာ ကြောက်လေလား မသိဘူး Generation z ကို လေးစားတယ်။၁၈ ၊ ၁၉ နှစ် နဲ့ နေ့တိုင်း လမ်းပေါ်မှာ ရှေ့ကနေ ပြည်သူ့ အတွက်

 

 

ကာကွယ်ရဲတဲ့ သတ္တိ မနည်းဘူး ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ချီးကျူးစကား ဆိုလာခဲ့ပါတယ်။ယခု အရေးတော်ပုန်ကြီး နွေဦး

 

တော်လှန်ရေး ပြုလုပ်နေကြတဲ့ တစ်နိုင်ငံလုံးက ပြည်သူများ ဘေးကင်းလုံခြုံကြစေဖို့နဲ့ အပစ်အခတ်များ ရပ်စဲသွားကြဖို့ ဆုမွန်ကောင်း တောင်း

 

ပေးလိုက်ပါတယ်။

 

Unicode

 


 

 


 


 


 


 

 


 


 


 


 

 


 


 


 


 

 


 


 


 

Credit;

About the author

admm