Life style

ဆိုင်ကယ်ဝါသနာအိုးဖြစ်သည့် အသက် ၅၀အရွယ် အမျိုးသားကြီးက Face Appသုံးပြီး အလန်းဇယားအလှပဂေးမလေးအဖြစ် ဟန်ဆောင်ခဲ့

Written by admm

ဆိုင်ကယ်ဝါသနာအိုးဖြစ်သည့် အသက် ၅၀အရွယ် အမျိုးသားကြီးက Face Appသုံးပြီး အလန်းဇယားအလှပဂေးမလေးအဖြစ် ဟန်ဆောင်ခဲ့

ခေတ်ကာလအရ မိုဘိုင်းဖုန်းများ ပေါများလာပြီး အများစုမှာ ပုံများရိုက်ပြီး တစ်နေ့တာဖြစ်ပျက်သမျှတွေကို လိုင်းပေါ်တွင် တင်ကြသည်။အချို့မှာမိမိရိုက်ထားသောပုံများအား photoshotများလုပ်ပြီး နဂိုထက်လှသွားအောင်ဆိုပြီး appအမျိုးမျိုးနှင့် ပြုပြင်ကြသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံမှ Zonggu no Cangbingအမည်ရှိ အသက်၅၀အရွယ် အမျိုးသားကြီးသည် ဆိုင်ကယ်crazyတစ်ဦးဖြစ်ပြီး လိုင်းပေါ်တွင် ဆိုင်ကယ်နှင့်ပက်သက်သော အကြောင်းအရာများကို မျှဝေလေ့ရှိသည်။

ထိုသို့မျှဝေရာတွင် အမျိုးသားကြီးသည် နဂိုမူလရုပ်ကို ဖျောက်ထားပြီး Face appအားအသုံးပြု၍ မြင်သူတိုင်း ငေးမောရမည့် ချောမောလှပသော အလှပဂေးမလေးအဖြစ် မျက်နှာပုံစံကို ပြောင်းလဲပြီးမှ တင်ခဲ့သည်။
အမျိုးသားကြီးသည် နာမည်ကြီးဆိုင်ကယ်ကြီးတွေနှင့်အတူ အလန်းဇယားမိန်းမလှလေးပုံကို လိုင်းပေါ်တွင် အမြဲလိုလိုတင်ပြီးနောက် လူကြိုက်များလာခဲ့သည်။

ထို့နောက် ဆိုင်ကယ်ပြပွဲတစ်ခုတွင် ကမ်းလှမ်းခံရပြီး သူဧ။် လက်ရှိဘဝမှန်ကို ဖော်ပြရန် ဆိုင်ကယ်ဦးထုပ်အား ချွတ်ပြလိုက်ပြီးနောက် ချောမောလှပသော မိန်းမလှလေးမဟုတ်ပဲ ၅၀အရွယ် အမျိုးသားကြီးသာ ဖြစ်နေခဲ့၍ အကုန်လုံး အံ့အားသင့်ခဲ့ရသည်။

အမျိုးသားကြီးသည် သူဟန်ဆောင်ခဲ့ရခြင်းအကြောင်းမှာ သူဟာဆိုင်ကယ်နှင့်ပက်သက်ပြီး သူ့ရုပ်ပုံနှင့် လိုင်းပေါ်တင်ခဲ့စဉ် မည်သူမျှ အဖက်မလုပ်ပဲရှိခဲ့ရာ face appကနေ အကြံထုတ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

Credit :

About the author

admm