NEWS

မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ပြင်သစ် Total ကုမ္ပဏီရှေ့ ဆန္ဒပြသမားတွေတောင်းဆို

Written by admm

မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ပြင်သစ် Total ကုမ္ပဏီရှေ့ ဆန္ဒပြသမားတွေတောင်းဆို

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မှာ ဒါဇင်နဲ့ချီတဲ့ လူတွေဟာ က Total ရေနံကုမ္မဏီရုံးရှေ့ မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ဆန္ဒပြသူတွေရဲ့ ဒဏ်ရာရ ဓာတ်ပုံတွေကို ကိုင်ဆောင်၊ သွေးတုတွေကို သွန်ချပြီး ရေနံနဲ့ သဘာဝဓတ်ငွေ့  ကုမ္မဏီကြီးအနေနဲ
့မြန်မာနိုင်ငံမှာ ဆက်ပြီး လုပ်ကိုင်နေတာကို ရှုတ်ချတဲ့အနေနဲ့ အခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။

စစ်အုပ်စုကို ငွေကြေးအထောက်အကူရစေတဲ့ မြန်မာနိုင်ငံထဲက Total ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းရေး တောင်းဆိုဖို့အတွက်
Total ရဲ့ အဆောက်အဦးတွေတည်ရှိတဲ့ La Defense စီးပွားရေးဇုံထဲမှာ စုရုံးရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ကြာသပတေးနေ့ ပဲရစ်မြို့ ဆန္ဒပြပွဲကို အခွင့်အရေး တက်ကြွလှုပ်ရှားသူ အုပ်စုတခုဖြစ်တဲ့ Info Birmanie က ဦးဆောင်တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံထဲက အခြေအနေတွေကို ရင်ဆိုင်ရာမှာ Total ဘာလဲ ဘယ်လဲလို့  ကျနော်တို့ မေးချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသံ၊
အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ အသံ၊ ရွေးကောက်ခံတွေရဲ့ အသံကိုနားထောင်ပေးဖို့ ကျနော်တို့ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ က စစ်အုပ်စုကို ဘဏ္ဍာရေးအရ အထောက်အကူပေးနေတာတွေအားလုံးကို ရပ်တန့် ဖို့ တောင်းဆိုနေပါတယ်။

မြန်မာပြည်မှာ လုပ်ငန်းရပ်ဆိုင်းလိုက်ကြတဲ့ Woodside တို့ ၊ Puma Energy တို့ လို Total ကုမ္မဏီအနေနဲ့ စံပြအဖြစ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေအရ Total ကုမ္မဏီဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ထင်ထင်ရှားရှား ပါဝင်နေပြီး
ဒါဟာ စစ်အုပ်စုကို ဆက်ပြီး ဘဏ္ဍာငွေကြေးထောက်ပံ့နေတယ်ဆိုတာ မေးစရာတောင်မလိုဘူး” လို့ Info Birmanie အဖွဲ့ ဝင်တဦးဖြစ်တဲ့ Sophie Brondel က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်
နေ့ စဉ်လိုလို ဆန္ဒပြပွဲတွေနဲ့ မြန်မာပြည်ဟာ ဆူညံပေါက်ကွဲနေခဲ့ပါတယ်။

ဗိုလ်ချုပ်တွေနဲ့ စစ်အုပ်စုကို ဖွဲ့ စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို လည်း ထိန်းသိမ်းထားပါတယ်။

ဗုဒ္ဓဟူး နေ့  ညနေပိုင်းအထိ အကြမ်းဖက်ဖြိုခွဲမှုတွေမှာ အနည်းဆုံး လူ ၂၈၆ ဦး သေဆုံးခဲ့ပြီလို့
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

Credit : VOA

 

 

 

About the author

admm