Life style

သားငယ်သတိရလာတော့မေးတယ် မေမေ ဖေဖေ သားညာဖက်လက်ကလေး ဘယ်ရောက်သွားလဲ?

Written by admm

သားငယ်သတိရလာတော့မေးတယ် မေမေ ဖေဖေ သားညာဖက်လက်ကလေး ဘယ်ရောက်သွားလဲ?

 

 

သားလက်ခလေးရောတဲ့ မြို့ပြအင်ဂျင်နီယာကျောင်းတွေဖွင့်လို့ တတိယနှစ်တက်တော့ သားမှာ ညာဖက်လက်မရှိတော့ဘယ်လိုပုံတွေဆွဲမလဲတဲ့

 

စာကြည့်တော့စာဖတ်တော့ ဘယ်ဘက်မျက်လုံးတလုံးထဲနှင့် ဘယ်လိုကြည့်လို့အားမရ‌ တော့ဘူးတဲ့ ရှေ့သွားတွေမရှိတော့ ဘယ်လို စာတွေ အသံ

 

တွေ ထွက်နေမလဲ? တဲ့ ခြေထောက်နှစ်ဖက်လုံး ပြင်းထန်ဒါဏ်ရာတွေနဲ့ဘယ်လိုလမ်းလျောက်ရမလဲတဲ့ ၂၇ ရက် နေ့က ပျောက်ဆုံးသွားတဲ့ကလစ်

 

ဘီးလေးပြန်ရခဲ့ရင် ဘယ်လို လီဘာတင်ရမလဲတဲ့ သားမှာညာဖက်လက်မှမရှိ တော့တာတဲ့သားမုန့်ဖိုးလေးနဲ့ဆုဝယ်ထားတဲ့ဖုန်းလေးပြန်ရခဲ့ရင် လက်

 

တဖက်ကမရှိ လက်တဖက်က မလှုပ်နိုင်နဲ့ဖုန်း ဘယ်လိုကိုင်ရမလဲ? တဲ့ မေမေ့က အမှတ်တနိုးပေးတဲ့‌မွေးနေ့လက်ဆောင် အခေါက်လက်ဆွပ်ကလေး

 

 

ကကျေမွသွားတဲ့လက်နှင့်အတူ ရှိနေတော့ပြန်ရမှာပါတဲ့သားငယ်ရဲ့ညာဖက်နားက သေချာမကြားရလို့ ဘယ်ဖက်နားနဲ့နားထောင်နေရတယ်တဲ့သားမှာ

 

ကိုယ်လက် အင်္ဂါ မပြည့်စုံတော့လို့ သူငယ်ချင်းတွေက အရင်လို ချစ်ခင်ကြပါအုံးမလားတဲ့ စကားတတ်တဲ့သားငယ် သတိရလာတော့ပြောလိုက်တဲ့

 

စကားလေးက တိုးတိုးလေး ကျွန်တော့်သားငယ်နာကြင်မှာဆိုးလို့ ဖွဖွလေးနမ်းတယ် ပြီးတော့မေမေက နမ်းတယ် မျက်နှာမှာလဲ ‌ဒါဏ်ရာအပြည့် နှဖူး

 

လေးပဲနမ်းစရာကျန်တယ်မေမေ ဖေဖေ သားကိုနမ်းပါတဲ့သားမနာပါဖူးတဲ့သားကို ဝိုင်းဝန်းပြီးပြုစုစောင့်ရှောက်ကြတဲ့ကျေးဇူးရှင်တွေ ကန်တော့ဖို့လက်

 

ခုတ်ရှီဖို့ရန် လက်တဖက်မရှိတော့လက်မစုံဖူးတဲ့လေ….မေမေရယ် ဖေဖေရယ် သားငယ်ရဲ့အကိုကြီးရယ် ညီမငယ်ရယ် သားငယ်ကို ချစ်နေပေးမယ့်သူ

 

 

ငယ်ချင်းလေးတွေရယ် ဆွေမျိုး မိတ်ဆွေ အပေါင်းရယ် တို့ပါတ်ဝန်းကျင်လေးရယ် ရှိနေပါတယ်သားရယ် တပြည်လုံးက ပြည်တွင်းပြည်ပ က သိနေသူ

 

ကြည့်နေသူများကလည်း သားငယ်ကို ချစ်နေမှာပါဖေဖေ အသက်ကြီးပြီသားဒါပေမယ့် ဖေဖေရဲ့ကျန်ရှိတဲ့အသက်အပိုင်းခြားဆိုတာပြောလို့တော့မရဘူး

 

ပေါ့ နေရသရွှေ့ သားငယ်ကို ပုံ‌ပေးလိုက်ပြီသား သားငယ်ခံစားနေရတဲ့ဒီ၂ရက်မှာတင်ဖေဖေ ထမင်းတဇွန်းထဲနဲ့ နေနိုင်ပြီသားငယ်မျက်နှာလေးပြုံး ချိုချို

 

မေမေ ဖေဖေ နှင့် ဓမ္မ ဘက်တော်သားများက သားငယ်အမြဲလှနေပါတယ်တဲ့ သားငယ်နေကောင်းဖို့တော့ အချိန်ပေးရအုံးမယ် ပြီးသွားရင် အချုပ်ထဲ ထောင်

 

ထဲ ဆက်ပို့ကြရင် သားငယ် အားငယ်နေတော့မယ်ချစ်လိုက်တာ သားငယ်ရာဖေဖေ ထပ်ပြောမယ်ချစ်လိုက်တာသားငယ်ရာ

 

Credit;

About the author

admm