Life style

စားဝတ်နေရေးအခက်ခဲဖြစ်ပြီး ဆန်ပြုတ်သောက်နေရတဲ့ပြည်သူတွေကို အစားအသောက်များ သွားရောက်လှူဒါန်းနေတဲ့ တိုင်ရွန်

Written by admm

စားဝတ်နေရေးအခက်ခဲဖြစ်ပြီး ဆန်ပြုတ်သောက်နေရတဲ့ပြည်သူတွေကို အစားအသောက်များ သွားရောက်လှူဒါန်းနေတဲ့ တိုင်ရွန်



အခုလည်း ဒီလိုကာလမှာ စားဝတ်နေရေးအခက်အခဲ ဖြစ်နေတဲ့ နယ်ကပြည်သူတွေကို ဆန် ၊ ဆီနဲ့ အလှူငွေများ သွားရောက် လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ ” ကျွန်နော်ပျောက်နေတယ် ဟုတ်ပါတယ် လိုင်းမရလို့ပါ အများကြီးဗျာ အများကြီး အဆင်မပြေကြဘူး ဒီကာလမှာ တချို့ ဆန်ပြုတ်သောက် နေရသူတွေတောင် ရှိတယ် ဆက်ပြီးတောင့်ခံပေး ကြလို့လဲ ကျေးဇူးတင်တယ် ဖြစ်နိုင်ရင် အကုန် ကျွန်နော် အမြဲလှူနေချင်တယ်ဗျာ ဒါပေမယ့် နိုင်သလောက်လေးနဲ့ ပါဘဲ “ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေပေးရင်း ပြည်သူ အားလုံး ဘေးအန္တရာယ် ကင်ရှင်းပြီး အေးချမ်းကြပါစေ ဆုတောင်းပေးလိုက် ပါတယ်။

 

Unicode

စားဝတ်နေရေးအခက်ခဲဖြစ်ပြီး ဆန်ပြုတ်သောက်နေရတဲ့ပြည်သူတွေကို အစားအသောက်များ သွားရောက်လှူဒါန်းနေတဲ့ တိ်ုင်ရွန်

တိုင်ရွန်ကတော့ ဖေဖော်ဝါရီလထဲ ကစတင်ခဲ့တဲ့ ဒီလူထု လှုပ်ရှားမှုကြမှာ စိတ်ရောကိုယ်ပါနှစ်ပြီး အဓိကပါဝင်နေတဲ့သူတစ်ယောက် ဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပါ။သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ပြည်သူတွေကို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ် ခုခံပေး ခဲ့တာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ ဒီလူထုလှုပ်ရှားမှုတွေ ကိုလည်း နိုင်ငံတကာက လူတွေ ပိုမို သတိထားမိနိုင်အောင် ကြိုးစားနေတာလည်းဖြစ်ပါတယ်။ တိုင်ရွန်အနေနဲ့ လူထုဆန္ဒထုတ်ဖော်မှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သလို လှုပ်ရှားမှုပြုလုပ်ရာမှာလည်း လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေကို လှူဒါန်း ခဲ့တာ လည်းတွေ့ရပါတယ်။

အခုလည်း ဒီလိုကာလမွာ စားဝတ်နေရေးအခက်အခဲ ဖြစ်နေတဲ့ နယ်ကပြည်သူတွေကို ဆန် ၊ ဆီနဲ့ အလှူငွေများ သွားရောက် လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ ကျွန်နော်ပျောက်နေတယ် ဟုတ်ပါတယ် လိုင်းမရလို့ပါ အများကြီးဗျာ အများကြီး အဆင်မပြေကြဘူး ဒီကာလမွာ တချို့ ဆန်ပြုတ်သောက် နေရသူတွေတောင် ရှိတယ် ဆက်ပြီးတောင့်ခံပေး ကြလို့လဲ ကျေးဇူးတင်တယ် ဖြစ်နိုင်ရင် အကုန် ကျွန်နော် အမြဲလှူနေချင်တယ်ဗျာ ဒါပေမယ့် နိုင်သလောက်လေးနဲ့ ပါဘဲ ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေပေးရင်း ပြည်သူ အားလုံး ဘေးအန္တရာယ် ကင်ရှင်းပြီး အေးချမ်းကြပါစေ ဆုတောင်းပေးလိုက် ပါတယ်။

Credit:

About the author

admm