Life style

အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင် ဆိုရှယ်အင်ဖလူယင်ဇာ အယောက် (၂၀ ) အား ပုဒ်မ ၅၀၅ (က)ဖြင့် ဧပြီလ (၁၃) ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန်

Written by admm

အဆိုတော်ဖြူဖြူကျော်သိန်း အပါအဝင် ဆိုရှယ်အင်ဖလူယင်ဇာ အယောက် (၂၀ ) အား ပုဒ်မ ၅၀၅ (က)ဖြင့် ဧပြီလ (၁၃) ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ပြန်

ပရိတ်သတ်ကြီးရေ အခုလက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ အနုပညာရှင်များစွာနဲ့ လူပုဂ္ဂုလ်တော်တော်များများ ဖမ်းဆီးခံရခြင်း၊ဝရမ်းထုတ်ခံရခြင်းတွေကိုအဆက်မပြတ် ဖြစ်ပေါ်နေတာကြောင့် ပရိတ်သတ်တွေကလည်းများစွာ စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်နော်…။


MRTV က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၅၀၅(က) ဝရမ်းစာရင်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ပါဝင် နေတာကို တွေ့ရပါတယ်။ ဒီနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်လိုက်တဲ့ အနုပညာရှင် နှင့်ဆိုရှယ်အင်ဖလူယင်ဇာ အယောက်(၂၀) စာရင်းမှာ အဆိုတော် ဖြူဖြူကျော်သိန်းလည်း ပါဝင်ခဲ့ပါတယ်။

တကယ့်နာမည်ကျော် အနုပညာရှင်များစွာလည်း ဝရမ်းထုတ်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်နော်.။

Credit :

About the author

admm