Life style

နှစ်သစ်ဆုတောင်းတွေနဲ့ အစစအရာရာဂရုစိုက်ကြဖို့ ပရိသတ်တွေကိုပြောလာတဲ့ Rဇာနည်

Written by admm

နှစ်သစ်ဆုတောင်းတွေနဲ့ အစစအရာရာဂရုစိုက်ကြဖို့ ပရိသတ်တွေကိုပြောလာတဲ့ Rဇာနည်

ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည် လျှောက်လှမ်းနေတဲ့ အဆိုတော် Rဇာနည်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်းပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူပရိသတ်တွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှား မှု တွေမှာ အင်တိုက်အားတိုက်ပါဝင်နေပြီး အလှူအတန်းတွေကိုလည်း ပြုလုပ်နေတာပါ..။

တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားကာ အားဖြည့်ပါဝင်နေတဲ့ Rဇာနည်ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာ ရှင် တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး လတ်တလောမှာလည်း ပြည်သူတွေအတွက် ဆုတောင်းစကားတွေနဲ့အတူ အားပေးစကားတွေ ပြော လာပါတယ်..။

ချစ်ရတဲ့ပြည်သူပရိသတ်တွေနဲ့ သင်္ကြန်မှာအတူမရှိနိုင်ပေမယ့် နှစ်သစ်ဆုတောင်းစကားတွေပြောကာ အရေးတော်ပုံအောင်ပြီး လာမယ့် နှစ်မှာ နှစ်ဆတိုးပျော်ကြမှာမို့ အစစအရာရာဂရုစိုက်ကြဖို့ကို အါးပေးပြောပြလာတာပဲ ဖြစ်ပါတယ်..။

“ချစ်ရတဲ့ ပရိသတ်ကြီးအားလုံး နေကောင်းကျန်းမာကြပါစေလို့ ဦးစွာပထမဆုမွန်ကောင်းတောင်းပေးချင်ပါတယ် သင်္ကြန်အတူမရှိရတာ ဒီနှ စ်နဲ့ဆို နှစ်နှစ်ရှိပါပြီ မြန်မာပြည်ကြီး မကြာခင် ငြိမ်းချမ်းသွားပြီး လာမယ့်နှစ် သင်္ကြန်ကို နှစ်ဆတိုးပြီး ပျော်ကြမယ် အတူတူဆင်နွှဲကြမယ် ချစ်ရတဲ့ပရိသတ်ကြီးအားလုံး အသွားအလာ အနေအထိုင် အထူးဂရုစိုက်ကြပါ အားလုံးလည်းအန္တရာယ်ကင်း ဘေးရှင်းကြပါစေ လို့ဆုတောင်းပေးပါတယ်🙏🏻🙏🏻🙏🏻

Credit :

About the author

admm