Life style

ထောင်ဝင်စာလာတွေ့ ​သောသား ​လေး နဲ့ သ မီး ​လေး ကို တွေ့ ချင် လွန်း လို့ ငိုယိုပြီး တောင်း ပန် ခဲ့ ​ပေ မယ့် တွေ့ခွင့်မရတဲ့ ပြေတီဦးနဲ့အူဝဲ

Written by admm

ထောင်ဝင်စာလာတွေ့ ​သောသား ​လေး နဲ့ သ မီး ​လေး ကို တွေ့ ချင် လွန်း လို့ ငိုယိုပြီး တောင်း ပန် ခဲ့ ​ပေ မယ့် တွေ့ခွင့်မရတဲ့ ပြေတီဦးနဲ့အူဝဲ

မင်္ဂလယပါ ဒီကနေ့ ပြောပြ တင်ဆက် ​ပေးသွားမယ့် အကြောင်းလေးကတော့ ပရိသတ် အချစ်တော်တွေ ဖြစ်ကြတဲ့ ကိုပြေတီဦးနဲ့ မအူဝဲ က သူတို့ရဲ့ ချစ်လှစွာသော သားလေးနဲ့ သမီးလေးကို

ထောင်ဝင်စာ တွေ့ချင်လို့ ငိုယိုပြီး တောင်းပန်တာတောင် ပယ်ချခံခဲ့ရပြီး တွေ့ခွင့် မပြုခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ကိုပြေတီနဲ့ မအူဝဲ တို့ဟာ နိုင်ငံအပေါ်မှာ တာဝန် အကျေဆုံး အနုပညာရှင်

၂ ဦးပါ။ စစ် တပ် အာ ဏာ သိမ်း ပြီးနောက် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ အမှန်တရားဘက်မှာပဲ ရပ်တည်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ နွေဦး တော် လှန် ရေး မှာ

ပါဝင်ခဲ့တာကြောင့် စစ် ကောင် စီ ရဲ့ အလိုရှိဆုံး စာရင်းထဲ သတ်မှတ်ခံရပြီး ထွက်ပြေး တိမ်းရှောင် နေခဲ့ရပါတယ်။ ဒီလို ထွက်ပြေးနေရတဲ့ အတောအတွင်းမှာလည်း သားလေးနဲ့ သမီးလေးကို

တွေ့ခွင့်မရခဲ့ပါဘူး။ သားသမီးတွေနဲ့ ပြည်သူတွေကို ယှဉ်လိုက်တဲ့အခါ ပြည် သူ တွေကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်တာ စစ်ကောင်စီဘက်က ရှာမတွေ့တဲ့အတွက်

နောက်ဆုံးမှာတော့ ယုတ်မာဖို့ ဆုံးဖြတ်လိုက်ကြပြီး မိသားစုဝင်တွေကို အကြမ်းဖက် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် သားလေးနဲ့ သမီးလေး မျက်နှာကို နောက်ဆုံးအကြိမ်အနေနဲ့

အိမ်မှာ လာရောက် တွေ့ခဲ့ကြပြီး အဖမ်းခံခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ လ ဧပြီ လ ၉ ရက် နေ့ က ဖမ်းခံခဲ့ရပြီး ယခုဆို တစ်လ တိတိ ပြည့်သွားခဲ့ပြီမလို့ ရှေ့နေတွေ ဆီကတစ်ဆင့် ရပိုင်ခွင့်ကို

တောင်းဆိုခဲ့ရာမှ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ကိုပြေတီနဲ့ မအူဝဲ တို့ကို အမှုလိုက်ပေးနေတဲ့ ရှေ့နေက သူတို့နှစ်ဦးဟာ ငိုယိုပြီးတော့ကို တောင်းပန်ခဲ့ကြတာပါ။ ဘယ်မိဘကတော့

သူတို့ သားသမီးလေးတွေကို အတွေ့ချင်ပဲ နေပါ့မလဲ။ ကျမတို့ဘက်က အတတ်နိုင်ဆုံး တရားဝင် တောင်းဆိုခဲ့ကြပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

ကျန်းမာရေးကတော့ အကိုရောအမပါ တော်တော်လေး ပိန်ကျသွားပြီး နေတော့ကောင်းပါတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် သူတို့ နှစ်ဦးက ပြည် သူ တွေ ဂရုစိုက်ကြပါ။ တောင့်ခံ ထားကြပါ။

အမြန်ဆုံး အဆုံးသတ်တော့မှာပါလို့ ပြောကြား ဖြေပေးသွားခဲ့ပါတယ်။ အကိုနဲ့အမလည်း အမြန်ဆုံး လွတ်မြောက်ပြီး သားသားနဲ့မီးမီးလေးတို့ကိုလည်း အမြန်ဆုံး တွေ့ခွင့်ရပါစေလို့

ပြည်သူတွေအားလုံးနဲ့ ကျနော်အပါအဝင် ဆုတောင်းပေးလိုက် ရပါတယ်ဗျာ။ ငိုယိုပြီးတောင်းပန်တာတောင် တွေ့ခွင့်မပေးခဲ့ကြဘူး။ သားလေးနဲ့ သမီးလေးလည်း မိဘတွေကို ဘယ်လောက်တောင်

လွမ်းနေကြမလဲဗျာ။ ခင်ဗျားတို့လည်း အကိုနဲ့အမ တို့လို သားသမီးနဲ့ ဝေးနေရလို့ မျက်ရည်မကျကြပါစေနဲ့။ ပြည်သူ့မေတ္တာဆူးပါစေဗျာ။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Credit

About the author

admm