Life style

အမျိုးသမီးများ သတိပြုဖွယ် မိတ်ကပ်ပြင်ဆင်ခြယ်သနည်း အမှားများ

Written by admm

အမျိုးသမီးများ သတိပြုဖွယ် မိတ်ကပ်ပြင်ဆင်ခြယ်သနည်း အမှားများ

မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်ဟာ သူ့ရဲ့ အပြင်အဆင်ပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ အပြင်အဆင် မတတ်တဲ့အခါမှာ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းတွေပဲ သုံးသုံး၊ နာမည်ကျော်တံဆိပ်တွေ ဘယ်လောက်သုံးသုံး အဆင်မပြေပါဘူး။ ဒါကြောင့် ဘယ်လိုပြင်ဆင်ခြယ်သမှုမျိုးက သင့်ရဲ့ ရုပ်ကို အပေါစားဆန်သွားစေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ပျိုမေတို့လည်း ဒီအချက်လေးတွေကို သတိထားပြီး ရှောင်ရှားခြင်းဖြင့် ပိုပိုပြီး လှလာကြပါစေလို့……..။

(၁) Contouring အမှား

Contouring ဆိုတာ အညိုချတာကို ဆိုလိုတာပါ။ မျက်နှာကို ပိုပြီးသွယ်လျသွားတဲ့ပုံ ပေါ်သွားစေဖို့ အသုံးပြုတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်ရွေးချယ်လိုက်တဲ့ အညိုရောင်က သင့်အသားအရောင်နဲ့ မကိုက်ညီတဲ့အခါ၊ လိမ်းတဲ့ ပုံစံတွေ မမှန်တဲ့အခါ၊ သေသေချာချာ မဖြန့်လိုက်တဲ့အခါတွေမှာတော့ အရမ်းကို ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အညိုချတာကို သိပ်မကျွမ်းကျင်ရင် မချတာက ပိုပြီးလှပါတယ်။

(၂) မျက်နှာနဲ့လည်ပင်းအရောင်ကွဲနေခြင်း

တစ်ခါတလေ မျက်နှာကိုပဲ အရမ်းအာရုံထားလိုက်မိတဲ့အခါ လည်ပင်းကို လိမ်းခြယ်ဖို့ မေ့သွားတတ်ကြပါတယ်။ လည်ပင်းအရောင်နဲ့ မျက်နှာအရောင်နဲ့ ကွာနေတဲ့အခါ အရမ်းကို ကြည့်ရဆိုးသလို၊ အပေါစားလည်း ဆန်သွားပါတယ်။ ဒါကြောင့် မျက်နှာကို မိတ်ကပ်လိမ်းတဲ့အခါ၊ လည်ပင်းနဲ့ နားရွက်တွေကိုလည်း လိမ်းပေးဖို့ လုံးဝမမေ့သင့်ပါဘူး။

(၃) ခြောက်သွေ့တဲ့နှုတ်ခမ်းသားအပေါ်ကို Matte တွေဆိုးခြင်း

ခြောက်သွေ့တဲ့ နှုတ်ခမ်းကို Scrub မလုပ်ပေးဘဲ နှုတ်ခမ်းနီအခြောက်တွေ မဆိုးသင့်ပါဘူး။ သင့်ရဲ့ နှုတ်ခမ်းက ကွဲအက်၊ ခြောက်သွေ့ပြီး အဖတ်တွေ ဖြစ်နေခဲ့ရင် အရမ်းကို ကြည့်ရဆိုးပြီး အပေါစားဆန်သွားပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားကို သကြား၊ အုန်းဆီတို့နဲ့ ပွတ်ပေးပြီး Scrub အရင်ဆုံးလုပ်ပေးသင့်ပါတယ်။ ပြီးရင် အဆီလေးတစ်ခုခု လိမ်းပြီးမှ Matte နှုတ်ခမ်းနီတွေကို ဆိုးပေးသင့်ပါတယ်။

(၄) ခြောက်နေတဲ့အသားပေါ် မိတ်ကပ်လိမ်းခြင်း

မိတ်ကပ်မလိမ်းခင်မှာ Moisturizer ဒါမှမဟုတ် Cream တစ်ခုခု မဖြစ်မနေ လိမ်းပေးရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ခြောက်သွေ့နေတဲ့ မျက်နှာပေါ်ကို မိတ်ကပ်လိမ်းလိုက်တဲ့အခါ မိတ်ကပ်ကွက်တာတွေ၊ ပေါင်ဒါတွေ အကွက်လိုက် ဖြစ်နေတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် သင့်ရုပ်ကို အပေါစားဆန်သွားပြီး အကျည်းတန်သွားစေနိုင်တာကြောင့် အထူးသတိပြုရပါမယ်။ ဒါ့အပြင် မိတ်ကပ်လိမ်းနေစဉ် ချွေးမထွက်အောင်လည်း အထူးဂရုစိုက်သင့်ပါတယ်။

(၅) မျက်ခုံးမွှေးထူလွန်းအောင်ဆွဲခြင်း

မျက်ခုံးမွှေးကို ထူထူကြီးတွေ၊ ဒါမှမဟုတ် အရမ်းထင်းအောင် ဆွဲတာမျိုးတွေကို မလုပ်ပါနဲ့။ သင့်ရဲ့ ရုပ်ကို အကျည်းတန်သွားစေပြီး အပေါစားဆန်သွားစေပါတယ်။ ဒါကြောင့် မျက်ခုံးမွှေးဆွဲတံကို ဖွဖွလေးပဲ ခြစ်ပြီး သေသေချာချာ Brush လေးနဲ့ ဖြန့်ပေးရပါမယ်။

Credit: Em Em

About the author

admm