

မြန်မာ့ နွဦေးတော်လှန်ရေး ဒုတိယလှိုင်း ပြန်လည် စတင်လာတည်းက ယနေ့အချိန်ထိ

နေ့တိုင်းလိုလို ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေက လမ်းမပေါ်တွင် အများအပြား ထွက်ရှိလာတာ ဖြစ်ပါတယ်။













ရာသီဥတုကလည်းပူ K pay နဲ့ wave money ထုတ်ရင်လည်း မတန်တစ်ဆ % ဖြတ် ဒီကြားထဲ အသိထဲမှာ








မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းမှုပြုလျက်..

Credit: Cele thatin

Unicode

ဒီနှစ်ထဲ ကြားရမြင်ရတာတွေက တစ်ခုမှမကောင်းတာကြောင့် စိတ်တွေလည်း ဆင်းရဲနေတဲ့ အကြောင်းကို ပြောပြလာတဲ့ မီးနို

မြန်မာ့ နွေဦးတော်လှန်ရေး ဒုတိယလှိုင်း ပြန်လည် စတင်လာတည်းက ယနေ့အချိန်ထိ

နေ့တိုင်းလိုလို ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေက လမ်းမပေါ်တွင် အမ်ားအျပား ထွက်ရှိလာတာ ဖြစ်ပါတယ်။

မျိုးဆက်သစ် လူငယ်တွေကတော့ လှုပ်ရှားမှုမျိုးစုံကို သူတို့နေထိုင်တဲ့ ရပ်ကွက်အသီးသီးမှာ

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက် ရှိနေဆဲ ဖြစ်ပါတယ်။ခုလို လူထုလှုပ်ရှားပွဲကြီးမှာ

အနုပညာရှင်တွေကလည်း တစ်တောင့် တစ်နေရာကနေ ပါဝင်လှုပ်ရှားပေး နေကြတာကိုလည်း တွေ့ရပါတယ်။

ဒီထဲတွင် အမျိုးသမီးတေးသံရှင် တစ်ဦးဖြစ်တဲ့ မီးနိုကလည်း ပြည်သူတွေဘက်ကနေ ရပ်တည်ကာ

လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေမှာ ပူးပေါင်း ပါဝင်သလို အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကိုလည်း

သွားရောက်လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။အရင်ရက်ပိုင်းကဆိုရင်လည်း ကရင်ပြည်နယ်က စစ်ဘေးရှောင်

ပြည်သူတွေကို လှူဒါန်းနိုင်ရန် အတွက် စေတနာအလှူရှင်များထံမှ အလှူငွေကောက်ခံနေတာကိုလည်း တွေ့ရပါတယ်။

ဒီနေ့မှာတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်တွင် အလုပ်တွေပြန်လုပ်ချင်ကြောင်းနဲ့ သူမတတ်နိုင်သလောက်အလှူလေးတွေလုပ်ကာ

ပါဝင်ပေးကြတဲ့ မိတ်ဆွေသူငယ် ချင်းတွေရော ယုံယုံကြည်ကြည်နဲ့ အလှူထည့်ပေးကြတဲ့

အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောထားတာ ပဲဖြစ်ပါတယ်။

ဒီနှစ်ကြီးကိုက ကြားရမြင်ရတာ တစ်ခုမှကိုမကောင်းတာပါ စိတ်တွေလည်းဆင်းရဲပါတယ်

သူငယ်ချင်းတွေလည်းလမ်းပျောက် ကိုယ်တိုင်ကလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အလုပ်တွေလည်းပြန်လုပ်ချင်

ရာသီဥတုကလည်းပူ K pay နဲ့ wave money ထုတ်ရင်လည်း မတန္တစ္ဆ % ဖြတ် ဒီကြားထဲ အသိထဲမွာ

အိမ်ထောင်ရေးဖောက်ပြန်တဲ့ သတင်းတွေကြားရတာစိတ်ထဲမကောင်း တစ်ခုမှကောင်းတာမရှိပါလားနော်

မီးနို တတ်နိုင်သလောက်အလှူလေးတွေလုပ်တယ် ပါဝင်ပေးကြတဲ့ မိတ်ဆွေသူငယ် ချင်းတွေရော ယုံယုံကြည်ကြည်နဲ့

အလှူထည့်ပေးကြတဲ့ အလှူရှင်တွေရော ကျေးဇူးအများကြီးတင်တယ် ဒီကြားထဲ အလှူ နဲ့ ပတ် သတ်လို့

ဖုန်းဆက် ပြီးcheck တဲ့ လူတစ်ချို့ကလည်းရှိသေးတယ်ဒါ ကြီးမြန်မြန်ပြီးရင် ငါတို့ အသက်တွေလည်းကြီး ဟူးးးးးးးဆိုပြီး

ရေးသား ဖော်ပြလာတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာတော့

ပြည်သူတွေအားလုံးက ခက်ခဲနေတဲ့ အခြေအနေကို

ရင်ဆိုင်ကျော်ဖြတ်နေကြရတာ ပဲဖြစ်ပါတယ်။

မြန်မာပြည်ကြီး အျမန္ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းမှုပြုလျက်..

Credit: Cele thatin