CELE NEWS
Written by admm
Credit :Celethatin
Unicode
ချစ်သူကို အရမ်းချစ်လွန်းတဲ့အတွက် ခိုးပြေးမယ်ဆိုရင်တောင် လိုက်ဖို့အဆင်သင့်ပဲလို့ ပွင့်လင်းစွာပြောလိုက်တဲ့ စံရတီမိုးမြင့်
ပရိသတ်ကြီးရေ  သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ နွေဦးတော်လှန်ရေးတွင် အခြားအနုပညာရှင်များ နည်းတူပါဝင်ခဲ့ပါတယ်နော်။ ငြိမ်နေလို့ သွေးအေးသွားပြီလို့ အများက ဝေဖန်နေကြပေမယ့်လည်း ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် လိပ်ပြာလုံကြောင်းကိုလည်း ပြောထားပါသေးတယ်နော်။ ဟန်ပြလုပ်ခဲ့တဲ့ သူများထက်စာရင်တော့ စံရတီမိုးမြင့်ရဲ့ လုပ်ရက်တွေက သာပါသေးတယ်နော်။
စံရတီမိုးမြင့်ဟာ 2020 ခုနှစ်ကတည်းက ရည်းစားရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အရိပ်အမြွက်ပြောထားပါတယ်နော်။ သူ့ရဲ့ ချစ်သူကိုတော့ အတိအကျထုတ်ပြောထားခြင်း မရှိသေးပါဘူးနော်။ စံရတီမိုးမြင့်ရဲ့ ကောင်လေးဟာ ဘန်ကောက်တွင် နေထိုင်ပြီး နှစ်ယောက်သား long distance relationship အဖြစ် ဖြတ်သန်းနေကြရတာပါနော်။
မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပိတ်ထားတာကြောင့်တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းကနေသာ အဆက်အသွယ်လုပ်နေရတာဖြစ်ပါတယ်နော်။ စံရတီမိုးမြင့်ရဲ့ အကောင့်မှာလည်း ချစ်သူနဲ့အတူ တီတီတာတာပြောထားတာတွေကိုscreenshot ရိုက်ပြီး တင်ထားပါသေးတယ်နော်။ စံရတီမိုးမြင့်ရဲ့ ချစ်သူကတော့ လူကိုယ်တိုင်လာတွေ့လို့မရသေးပေမယ့်လည်း သူ့ကောင်မလေးအတွက် လက်ဆောင်လေးတွေကိုတော့ အမြဲပို့ပြီး  Ro နေသူပါနော်။
Credit: Celethatin
About the author
admm