Life style

ပြဲၿပီးလို႔ ျမန္မာျပည္မျပန္နိုင္တဲ့ အလွမယ္ သူဇာဝင့္လြင္ အတြက္ လိုအပ္တာမွန္သမွ် ကူညီေပးသြားမယ့္ ဥကၠာ မင္းေမာင္

Written by admm

ပြဲၿပီးလို႔ ျမန္မာျပည္မျပန္နိုင္တဲ့ အလွမယ္ သူဇာဝင့္လြင္ အတြက္ လိုအပ္တာမွန္သမွ် ကူညီေပးသြားမယ့္ ဥကၠာ မင္းေမာင္

အလွမယ္သူဇာဝင့္လြင္ကေတာ့ Miss Universe National Costume ၿပိဳင္ပြဲႀကီးမွာ ခ်င္းရိုးရာ ဝတ္စုံနဲ႕ Best in National Costume ဆုႀကီးကို ဆြတ္ခူးကာ နိုင္ငံဂုဏ္ေဆာင္နိုင္ခဲ့တဲ့အတြက္ ျမန္မာျပည္သူေတြ အားလုံးက ဂုဏ္ယူဝမ္းသာေနၾကတာပါ..။


69th Miss Universe ၿပိဳင္ပြဲႀကီးမွာ အခက္အခဲေတြၾကားက အေကာင္းဆုံးယွဥ္ၿပိဳင္ႀကိဳးစားခဲ့တဲ့ ျမန္မာအလွမယ္ သူဇာဝင့္လြင္ဟာ Top 21 Finalists စရင္းဝင္သြားခဲ့တာျဖစ္ၿပီး ပထမဦးဆုံး The first Placement ရတဲ့ ျမန္မာအလွမယ္ အျဖစ္ ေမာ္ကြန္းေရးထိုးနိုင္ခဲ့တာ လည္း ျဖစ္ပါတယ္..။


ၿပိဳင္ပြဲယွဥ္ၿပိဳင္ေနတဲ့ ကာလအတြင္းမွာလည္း ျမန္မာနိုင္ငံရဲ႕ လက္ရွိအေျခအေနေတြကို နိုင္ငံတကာက အာ႐ုံစိုက္မႈရွိလာေအာင္ တတ္နိုင္ သေလာက္ ႀကိဳးစားေပးခဲ့တဲ့အတြက္ သူမရဲ႕အိမ္ျပန္ခရီး မေသခ်ာေတာ့တာလည္း ျဖစ္ပါတယ္..။

ဥကၠာမင္းေမာင္ကေတာ့ Miss Universe ၿပိဳင္ပြဲႀကီးကို ကိုယ္တိုင္သြားေရာက္အားေပးခဲ့ၿပီး အခက္အခဲေတြၾကားက နိုင္ငံ့ဂုဏ္ေဆာင္နိုင္ခဲ့ တဲ့ အလွမယ္သူဇာဝင့္လြင္အေနနဲ႕ ပြဲၿပီးလို႔ ျမန္မာျပည္မျပန္နိုင္ခဲ့ရင္ လိုအပ္တာမွန္သမွ် ကူညီေပးသြားမယ့္အေၾကာင္းေတြကို ေျပာျပလာပါ တယ္..။


ပြဲၿပီးရင္လဲ ျမန္မာျပည္ျပန္ဖို႔ အခက္အခဲရွိရင္ လိုအပ္တာ မွန္သမွ် အတတ္နိုင္ဆုံး ကူညီေပးပါမယ္.. Candy May Candy Thuzar.. ဆိုၿပီး ဥကၠာမင္းေမာင္က ေရးသားေျပာျပထားတာပါ..။


အဲ့ဒီပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း နိုင္ငံဂုဏ္ေဆာင္နိုင္ခဲ့တဲ့ အလွမယ္သူဇာဝင့္လြင္အတြက္ ဂုဏ္ယူအားေပးၾကသလို တစ္ ဖက္တစ္လမ္းကေန ကူညီေပးတတ္တဲ့ ဥကၠာမင္းေမာင္ရဲ႕ စိတ္ထားကိုလည္း ေလးစားခ်ီးက်ဴးေနၾကတာ ေတြ႕ရပါတယ္..။

Credit :

Unicode

ပွဲပြီးလို့ မြန်မာပြည်မပြန်နိုင်တဲ့ အလှမယ် သူဇာဝင့်လွင် အတွက် လိုအပ်တာမှန်သမျှ ကူညီပေးသွားမယ့် ဥက္ကာ မင်းမောင်

အလှမယ်သူဇာဝင့်လွင်ကတော့ Miss Universe National Costume ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံနဲ့ Best in National Costume ဆုကြီးကို ဆွတ်ခူးကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူတွေ အားလုံးက ဂုဏ်ယူဝမ်းသာနေကြတာပါ..။

69th Miss Universe ပြိုင်ပွဲကြီးမှာ အခက်အခဲတွေကြားက အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားခဲ့တဲ့ မြန်မာအလှမယ် သူဇာဝင့်လွင်ဟာ Top 21 Finalists စရင်းဝင်သွားခဲ့တာဖြစ်ပြီး ပထမဦးဆုံး The first Placement ရတဲ့ မြန်မာအလှမယ် အဖြစ် မော်ကွန်းရေးထိုးနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်..။

ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ ကာလအတွင်းမှာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို နိုင်ငံတကာက အာရုံစိုက်မှုရှိလာအောင် တတ်နိုင် သလောက် ကြိုးစားပေးခဲ့တဲ့အတွက် သူမရဲ့အိမ်ပြန်ခရီး မသေချာတော့တာလည်း ဖြစ်ပါတယ်..။

ဥက္ကာမင်းမောင်ကတော့ Miss Universe ပြိုင်ပွဲကြီးကို ကိုယ်တိုင်သွားရောက်အားပေးခဲ့ပြီး  အခက်အခဲတွေကြားက နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ တဲ့ အလှမယ်သူဇာဝင့်လွင်အနေနဲ့ ပွဲပြီးလို့ မြန်မာပြည်မပြန်နိုင်ခဲ့ရင် လိုအပ်တာမှန်သမျှ ကူညီပေးသွားမယ့်အကြောင်းတွေကို ပြောပြလာပါ တယ်..။

“ပွဲပြီးရင်လဲ မြန်မာပြည်ပြန်ဖို့ အခက်အခဲရှိရင် လိုအပ်တာ မှန်သမျှ အတတ်နိုင်ဆုံး ကူညီပေးပါမယ်.. Candy May Candy Thuzar..” ဆိုပြီး ဥက္ကာမင်းမောင်က ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ်သူဇာဝင့်လွင်အတွက် ဂုဏ်ယူအားပေးကြသလို တစ် ဖက်တစ်လမ်းကနေ ကူညီပေးတတ်တဲ့ ဥက္ကာမင်းမောင်ရဲ့ စိတ်ထားကိုလည်း လေးစားချီးကျူးနေကြတာ တွေ့ရပါတယ်..။

Credit :

About the author

admm