ထြက္ေျပးတိမ္းေရွာင္ေနရတာမုိ႔ မိသားစုနဲ႔ ခဲြခြာလာတာ ရက္ေပါင္း (၅၀)ျပည့္ၿပီလုိ႔ ဝမ္းနည္းစြာဆုိလာတဲ့ စည္သူဝင္း

ထြက္ေျပးတိမ္းေရွာင္ေနရတာမုိ႔ မိသားစုနဲ႔ ခဲြခြာလာတာ ရက္ေပါင္း (၅၀)ျပည့္ၿပီလုိ႔ ဝမ္းနည္းစြာဆုိလာတဲ့ စည္သူဝင္း

႐ုပ္သံဇာတ္လမ္းတြဲမ်ားတြင္ ပါဝင္႐ိုက္ကူးရာမွတစ္ဆင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိခဲ့သူကေတာ့သ႐ုပ္ေဆာင္ စည္သူဝင္းပဲ ျဖစ္ပါတယ္။

 

သူကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနေသာ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူမ်ားႏွင့္အတူ ပူးေပါင္းပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္႐ုံသာမက ညဘက္မ်ားတြင္ မပ်က္မကြက္ သံဗုံးတီးခဲ့သူ ျဖစ္ပါတယ္။

အခုလို တက္ႂကြစြာ ပါဝင္ခဲ့တဲ့ စည္သူဝင္းကိုေတာ့ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ အေရးယူထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းလုံၿခဳံရာ ေနရာသို႔ ေခတၱခဏ တိမ္းေရွာင္ေနရတာ ျဖစ္ၿပီး ပရိသတ္ေတြကလည္း စည္သူဝင္းအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။

တိမ္းေရွာင္ေနၾကရတဲ့ အျခားေသာအႏုပညာရွင္မ်ားလည္း သူတို႔ခ်စ္ခင္ရတဲ့ မိသားစုဝင္မ်ားနဲ႔ ခြဲၿပီး အေဝးတစ္ေနရာတြင္ ေနၾကရတဲ့အတြက္ ဝမ္းနည္းေနၾကရတာ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း စည္သူဝင္းရဲ႕ Facebook Story တြင္ ေႏြးေထြးလုံၿခဳံတဲ့ အေမ့အိမ္ကေနခြဲခြာလာရတာ ရက္ေပါင္း(၅၀) ျပည့္ၿပီျဖစ္ေၾကာင္း ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။

ပရိသတ္မ်ားကလည္း သူတို႔အားေပးၾကရတဲ့ အႏုပညာရွင္ေတြ အခုလိုအျဖစ္ဆိုးေတြနဲ႔ ႀကဳံေတြ႕ေနၾကတဲ့အတြက္ စိတ္မေကာင္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ အေရးေတာ္ပုံႀကီး အျမန္ဆုံးေအာင္ျမင္ၿပီး ခြဲခြာေနၾကရသူမ်ားအားလုံး မိသားစုဝင္မ်ားနဲ႔ျပန္လည္ဆုံဆည္းႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ ရပါတယ္။

Credit:  Cele news

Unicode

ထွက်ပြေးတိမ်းရှောင်နေရတာမို့ မိသားစုနဲ့ ခွဲခွာလာတာ ရက်ပေါင်း (၅၀)ပြည့်ပြီလို့ ဝမ်းနည်းစွာဆိုလာတဲ့ စည်သူဝင်း

ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးရာမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူကတော့သရုပ်ဆောင် စည်သူဝင်းပဲ ဖြစ်ပါတယ်။

သူကေတာ့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရုံသာမက ညဘက်များတွင် မပျက်မကွက် သံဗုံးတီးခဲ့သူ ဖြစ်ပါတယ်။

အခုလို တက်ကြွစွာ ပါဝင်ခဲ့တဲ့ စည်သူဝင်းကိုတော့ ပုဒ္မ ၅၀၅(က) ဖြင့် အမှုဖွင့် အေရးယူထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းလုံခြုံရာ နေရာသို့ ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပြီး ပရိသတ်တွေကလည်း စည်သူဝင်းအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

တိမ်းရှောင်နေကြရတဲ့ အခြားသောအနုပညာရှင်များလည်း သူတို့ချစ်ခင်ရတဲ့ မိသားစုဝင်များနဲ့ ခွဲပြီး အဝေးတစ်နေရာတွင် နေကြရတဲ့အတွက် ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း စည်သူဝင်းရဲ့ Facebook Story တွင် နွေးထွေးလုံခြုံတဲ့ အေမ့အိမ္ကေနခြဲခြာလာရတာ ရက်ပေါင်း(၅၀) ပြည့်ပြီဖြစ်ကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

ပရိသတ်များကလည်း သူတို့အားပေးကြရတဲ့ အနုပညာရှင်တွေ အခုလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေကြတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး ခွဲခွာနေကြရသူများအားလုံး မိသားစုဝင်များနဲ့ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။
Credit: Cele news