Amazing

ေစ်းသက္သာတဲ့ အစားအေသာက္ေတြကိုသာ ဝယ္စားၿပီး Makeup ဖိုးအတြက္ေငြစုေနလို႔ဒုကၡေရာက္ခဲ့ရတဲ့ မိန္းကေလး

Written by admm

ေစ်းသက္သာတဲ့ အစားအေသာက္ေတြကိုသာ ဝယ္စားၿပီး Makeup ဖိုးအတြက္ေငြစုေနလို႔ဒုကၡေရာက္ခဲ့ရတဲ့ မိန္းကေလး

အခုေခတ္မွာ Makeup မလိမ္းတဲ့မိန္းကေလးေတြဆိုတာ မ႐ွိေတာ့ေလာက္ေအာင္ပါပဲ ။ ထို႔အျပင္ Makeup သားလွေအာင္ ၊ အသားအေရမထိခိုက္ေအာင္ ေစ်းႀကီးေပးဝယ္ရတဲ့ Makeup ေတြကိုသာ အသံုးမ်ားေလ့႐ွိၾကပါတယ္ ။ ထို႔ေၾကာင့္ မိန္းကေလးေတြဟာ ကိုယ့္ရဲ႕လစာေတြထဲကေန ေငြေတြစုၿပီး Makeup ေတြဝယ္စုတတ္ေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံက အသက္ 26ႏွစ္အရြယ္ မိန္းကေလးမွာေတာ့ Makeup ေတြကိုဝယ္စုႏိုင္ဖို႔ သူမရဲ႕က်န္းမာေရးကို အေတာ္ေလးထိခိုက္ေစတဲ့ ေစ်းသက္သာတဲ့အစားအေသာက္ေတြကိုသာ ဝယ္စားၿပီး ၊ တစ္ခါတစ္ေလ မစားမေသာက္ပဲေနကာ Makeup ဖိုးအတြက္ေငြစုေလ့႐ွိပါတယ္ ။

အဆိုပါ အမူအက်င့္ေတြေၾကာင့္ အခ်ိန္အေတာ္ၾကာလာတဲ့ေနာက္မွာေတာ့ အမဲေရာင္ႏွင့္ေသြးမ်ားစြာပါတဲ့ ဝမ္းသြားမႈမ်ိဳးျဖစ္လာခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ သူမဟာ ဝမ္းကိုက္တယ္လို႔သာထင္ေနခဲ့ၿပီး ကိုယ့္ကိုေဆးဝယ္ေသာက္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း တစ္ပတ္ေက်ာ္ၾကာတဲ့အထိ သူမရဲ႕အေျခအေနဟာ လံုးဝမသက္သာလို႔ ေဆးရံုသြားၿပီး စစ္ေဆးလိုက္ခ်ိန္မွာေတာ့ သူမဟာအစာအိမ္ကင္ဆာေနာက္ဆံုးအဆင့္ကို ခံစားေနရတာျဖစ္ေၾကာင္း ဆရာဝန္မွသတိေပးေျပာဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ ဆရာဝႏၠ သူမရဲ႕ေနထိုင္စားေသာက္တဲ့ ပံုစံကိုစစ္ေဆးေမးျမန္းလိုက္ခ်ိန္မွာေတာ့ သူမဟာ အခ်ိန္မွန္ထမင္းစားေသာက္ခဲ့တဲ့ေနာက္ဆံုးအခ်ိန္ကိုေတာင္ မမွတ္မိေတာ့ေၾကာင္း ႏွင့္ စားေသာက္ရင္လည္း ေစ်းသက္သာတဲ့အစားအစာေတြကိုသာ ဝယ္စားခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ တစ္ခ်ိဳ႕ေန႔ေတြမွာဆိုရင္ မနက္ခင္းေပါင္မုန္႔စားၿပီး ေန႔လည္ခင္းက် ေဖ်ာ္ရည္ကိုသာဝယ္ေသာက္ၿပီး တစ္ရက္သာကုန္လြန္ခဲ့ေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ သူမဟာ ေငြေတြကိုသာစုၿပီး Makeup ဖိုးအတြက္သာအသံုးျပဳခဲ့တဲ့အတြက္ ယခုအခ်ိန္မွာေတာ့သူမဟာ အစာအိမ္ကင္ဆာေနာက္ဆံုးအဆင့္ခံစားေနရ၍ ၊ အလုပ္ကေနလည္းထြက္ခဲ့ရတဲ့အျပင္ ေန႔စဥ္ေန႔တိုင္းေစ်းရံုသို႔သြားၿပီး ေနာင္တမ်ားစြာျဖင့္ ေဆးကုသမႈခံယူေနရေၾကာင္း သိ႐ွိရပါတယ္ ။

 

Credit :Jasmine

Unicode

ဈေးသက်သာတဲ့ အစားအသောက်တွေကိုသာ ဝယ်စားပြီး Makeup ဖိုးအတွက်ငွေစုနေလို့ဒုက္ခရောက်ခဲ့ရတဲ့ မိန်းကလေး

အခုခေတ်မှာ Makeup မလိမ်းတဲ့မိန်းကလေးတွေဆိုတာ မရှိတော့လောက်အောင်ပါပဲ ။ ထို့အပြင် Makeup သားလှအောင် ၊ အသားအရေမထိခိုက်အောင် ဈေးကြီးပေးဝယ်ရတဲ့ Makeup တွေကိုသာ အသုံးများလေ့ရှိကြပါတယ် ။ ထို့ကြောင့် မိန်းကလေးတွေဟာ ကိုယ့်ရဲ့လစာတွေထဲကနေ ငွေတွေစုပြီး Makeup တွေဝယ်စုတတ်လေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက အသက် 26နှစ်အရွယ် မိန်းကလေးမှာတော့ Makeup တွေကိုဝယ်စုနိုင်ဖို့ သူမရဲ့ကျန်းမာရေးကို အတော်လေးထိခိုက်စေတဲ့ ဈေးသက်သာတဲ့အစားအသောက်တွေကိုသာ ဝယ်စားပြီး ၊ တစ်ခါတစ်လေ မစားမသောက်ပဲနေကာ Makeup ဖိုးအတွက်ငွေစုလေ့ရှိပါတယ် ။

အဆိုပါ အမူအကျင့်တွေကြောင့် အချိန်အတော်ကြာလာတဲ့နောက်မှာတော့ အမဲရောင်နှင့်သွေးများစွာပါတဲ့ ဝမ်းသွားမှုမျိုးဖြစ်လာခဲ့ပါတယ် ။ အစပိုင်းမှာတော့ သူမဟာ ဝမ်းကိုက်တယ်လို့သာထင်နေခဲ့ပြီး ကိုယ့်ကိုဆေးဝယ်သောက်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း တစ်ပတ်ကျော်ကြာတဲ့အထိ သူမရဲ့အခြေအနေဟာ လုံးဝမသက်သာလို့ ဆေးရုံသွားပြီး စစ်ဆေးလိုက်ချိန်မှာတော့ သူမဟာအစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ကို ခံစားနေရတာဖြစ်ကြောင်း ဆရာဝန်မှသတိပေးပြောဆိုခဲ့ပါတယ် ။

ထို့နောက် ဆရာဝန္က သူမရဲ့နေထိုင်စားသောက်တဲ့ ပုံစံကိုစစ်ဆေးမေးမြန်းလိုက်ချိန်မှာတော့ သူမဟာ အချိန်မှန်ထမင်းစားသောက်ခဲ့တဲ့နောက်ဆုံးအချိန်ကိုတောင် မမှတ်မိတော့ကြောင်း နှင့် စားသောက်ရင်လည်း ဈေးသက်သာတဲ့အစားအစာတွေကိုသာ ဝယ်စားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ တစ်ချို့နေ့တွေမှာဆိုရင် မနက်ခင်းပေါင်မုန့်စားပြီး နေ့လည်ခင်းကျ ဖျော်ရည်ကိုသာဝယ်သောက်ပြီး တစ်ရက်သာကုန်လွန်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ် ။ သူမဟာ ငွေတွေကိုသာစုပြီး Makeup ဖိုးအတွက်သာအသုံးပြုခဲ့တဲ့အတွက် ယခုအချိန်မှာတော့သူမဟာ အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရ၍ ၊ အလုပ်ကနေလည်းထွက်ခဲ့ရတဲ့အပြင် နေ့စဉ်နေ့တိုင်းဈေးရုံသို့သွားပြီး နောင်တများစွာဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါတယ် ။

Credit :Jasmine

About the author

admm