Unicode
ဂျပန်တရားရေးဝန်ကြီးမှ မြန်မာတွေ ဂျပန်ကိုဆန္ဒရှိရင်လာနိုင်ကြောင်း အလုပ်လုပ်ခွင့်ပါပေးမှာဖြစ်ကြောင်းပြောဆို ( ဂျပန်နိုင်ငံအပေါ်မှာ ကျေးဇူးအကြွေးတွေ အများကြီး ရှိနေပါပြီ ကျေးဇူးပါ ဂျပန် )
ဂျပန်တရားရေးဝန်ကြီးမှ မြန်မာတွေ ဂျပန်ကိုဆန္ဒရှိရင်လာနိုင်ကြောင်း အလုပ်လုပ်ခွင့်ပါပေးမှာဖြစ်ကြောင်းပြောဆိုလာပါတယ်
။မြန်မာမှာ အရပ်သားပြည်သူတွေထိခိုက်သေဆုံးမူတွေဖြစ်ပေါ်နေတဲ့အတွက်
ဂျပန်တရားရေးဝန်ကြီးဌာနကနေ မြန်မာလူမျိုးတွေကို ဂျပန်မှာနေထိုင်ဖို့ အထူးအစီအစဉ်အနေနဲ့ခွင့်ပြုပေးဖို့ အတည်ပြုလိုက်တယ်လို့ သိရှိရပါတယ်။
တရားရေးဝန်ကြီး Kamikawa က သတင်းစာရှင်းလင်းပွဲမှာ မြန်မာတွေ ဆန္ဒရှိပါက
ဂျပန်မှာလာနေထိုင်ဖို့နဲ့ အလုပ်လုပ်ကိုင်ခွင့်တို့ကို အထူးအစီအစဉ်အနေနဲ့
[အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်(မြန်မာလူမျိုးများအတွက်) ] ကို ၂၈ရက်နေ့ကနေ စပြီး ခွင့်ပြုပြီလို့ ထုတ်ပြန်လိုက်ပါတယ်.။
ဒုက္ခသည်အဖြစ်လျှောက်ထားလာမယ်ဆိုရင်တော့ ချက်ချင်းစစ်ဆေးပေးမယ်ဟုကြေညာပြီး
ဒုက္ခသည်အဖြစ်အတည်မပြုပေးနိုင်ရင်တောင် ဂျပန်မှာနေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်..။
နေထိုင်ခွင့်ကျပြီးသားသူတွေက သတ်မှတ်ကာလကုန်ဆုံးသွားချိန်မှာလည်း တစ်နှစ်ထပ်တိုး
အလုပ်လုပ်ကိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး မြန်မာမှာ အခြေအနေပြန်ကောင်းလာရင်တော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်.။
Credit : ANN မှ ဘာသာပြန်တင်ဆက်သည်။