Amazing

သားငယ္ေလးက လက္စြမ္းျပလိုက္လို႔ ငယ္ငယ္ရြယ္ရြယ္နဲ႔အဘြားျဖစ္ခဲ့ရတဲ့ အမ်ိဳးသမီး

Written by admm

သားငယ္ေလးက လက္စြမ္းျပလိုက္လို႔ ငယ္ငယ္ရြယ္ရြယ္နဲ႔အဘြားျဖစ္ခဲ့ရတဲ့ အမ်ိဳးသမီး

ထိုင္ဝမ္မွာေနထိုင္တဲ့ အသက္ 38ႏွစ္အရြယ္ အမ်ိဳးသမီး ႏွင့္ သူမရဲ႕အသက္ 42ႏွစ္အရြယ္ ခင္ပြန္းတို႔ဟာ သားျဖစ္သူက အသက္ 16ႏွစ္အရြယ္နဲ႔ ကေလးအေဖျဖစ္ခဲ့တဲ့အတြက္ ၎တို႔ဟာလည္း အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ကေလးငယ္ကိုအခ်ိန္ျပည့္ျပဳစုေပးရတဲ့ အဘိုးအဘြားေတြျဖစ္လာခဲ့ပါတယ္ ။ ေျမးေလးဆိုေပမဲ့လည္ ၎တို႔ရဲ႕သားအရင္းတစ္ေယာက္လိုျဖစ္ေနခဲ့ပါတယ္ ။ ထို႔အျပင္ ၎တို႔လင္မယားမွာလည္း ငယ္ငယ္ရြယ္ရြယ္နဲ႔အိမ္ေထာင္က်ခဲ့တဲ့အတြက္ အရင္အခ်ိန္ေတြတုန္းက သားျဖစ္သူကို ၎တို႔၏အေမနားအပ္ထားခဲ့ရၿပီး လင္မယားႏွစ္ေယာက္လံုးအျပင္ထြက္ အလုပ္လုပ္ခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ ၎တို႔လင္မယားဟာ သူမတို႔ရဲ႕သားျဖစ္သူနဲ႔ အတူမေနရတဲ့အခ်ိန္က ပို၍မ်ားလာခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ ေျမးေလးကို သူမတို႔ရဲ႕ကေလးတစ္ေယာက္အေနနဲ႔ အခ်ိန္ျပည့္ျပဳစုေနရလို႔ ၊ အရင္ကမသိခဲ့တဲ့ ကေလးကိုျပဳစုပ်ိဳးေထာင္နည္းေတြကို ယခုခ်ိန္က်မွ အစကေနျပန္ၿပီးေလ့လာေနခဲ့ရေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

ထို႔အျပင္ သားျဖစ္သူရဲ႕ခ်စ္သူမိန္းကေလးဟာ ကိုယ္ဝန္႐ွိမွန္း ကိုယ္ဝန္ 8လေက်ာ္ အခ်ိန္မွာမွသိ႐ွိခဲ့၍ ဓာတ္မွန္႐ိုက္ၿပီး 4ရက္အၾကာမွာ ကေလးေမြးဖြားခဲ့တာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ အဘိုးျဖစ္သူမွာေတာ့ အဘိုးတစ္ေယာက္ျဖစ္လာဖို႔ကို 4ရက္ခန္႔သာ စိတ္ႀကိဳတင္ျပင္ဆင္ခြင့္ရ႐ွိခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ အဘြားျဖစ္သူမွာလည္း သူမရဲ႕အလုပ္ကေနထြက္ၿပီး ေျမးေလးကို အခ်ိန္ျပည့္ဂ႐ုစိုက္ေပးေနရပါတယ္ ။

ေျမးေလးရလို႔ သူမတို႔လင္မယားႏွစ္ေယာက္လံုးေပ်ာ္ရႊင္ေနခဲ့ၾကေပမဲ့ အသက္ 16ႏွစ္သာ ႐ွိေသးတဲ့သူမတို႔ရဲ႕ သားျဖစ္သူ၏ အနာဂတ္အတြက္အေတာ္ေလးစိုးရိမ္ပူပန္မိေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

Credit : Jasmine (Mckzone Daily)

Unicode

သားငယ်လေးက လက်စွမ်းပြလိုက်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့အဘွားဖြစ်ခဲ့ရတဲ့ အမျိုးသမီး

ထိုင်ဝမ်မှာနေထိုင်တဲ့ အသက် 38နှစ်အရွယ် အမျိုးသမီး နှင့် သူမရဲ့အသက် 42နှစ်အရွယ် ခင်ပွန်းတို့ဟာ သားဖြစ်သူက အသက် 16နှစ်အရွယ်နဲ့ ကလေးအဖေဖြစ်ခဲ့တဲ့အတွက် ၎င်းတို့ဟာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးငယ်ကိုအချိန်ပြည့်ပြုစုပေးရတဲ့ အဘိုးအဘွားတွေဖြစ်လာခဲ့ပါတယ် ။ မြေးလေးဆိုပေမဲ့လည် ၎င်းတို့ရဲ့သားအရင်းတစ်ယောက်လိုဖြစ်နေခဲ့ပါတယ် ။ ထို့အပြင် ၎င်းတို့လင်မယားမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့တဲ့အတွက် အရင်အချိန်တွေတုန်းက သားဖြစ်သူကို ၎င်းတို့၏အမေနားအပ်ထားခဲ့ရပြီး လင်မယားနှစ်ယောက်လုံးအပြင်ထွက် အလုပ်လုပ်ခဲ့ရပါတယ် ။

ထို့ကြောင့် ၎င်းတို့လင်မယားဟာ သူမတို့ရဲ့သားဖြစ်သူနဲ့ အတူမနေရတဲ့အချိန်က ပို၍များလာခဲ့ပါတယ် ။ ယခုချိန်မှာတော့ မြေးလေးကို သူမတို့ရဲ့ကလေးတစ်ယောက်အနေနဲ့ အချိန်ပြည့်ပြုစုနေရလို့ ၊ အရင်ကမသိခဲ့တဲ့ ကလေးကိုပြုစုပျိုးထောင်နည်းတွေကို ယခုချိန်ကျမှ အစကနေပြန်ပြီးလေ့လာနေခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။

ထို့အပြင် သားဖြစ်သူရဲ့ချစ်သူမိန်းကလေးဟာ ကိုယ်ဝန်ရှိမှန်း ကိုယ်ဝန် 8လကျော် အချိန်မှာမှသိရှိခဲ့၍ ဓာတ်မှန်ရိုက်ပြီး 4ရက်အကြာမှာ ကလေးမွေးဖွားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့အပြင် အဘိုးဖြစ်သူမှာတော့ အဘိုးတစ်ယောက်ဖြစ်လာဖို့ကို 4ရက်ခန့်သာ စိတ်ကြိုတင်ပြင်ဆင်ခွင့်ရရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဘွားဖြစ်သူမှာလည်း သူမရဲ့အလုပ်ကနေထွက်ပြီး မြေးလေးကို အချိန်ပြည့်ဂရုစိုက်ပေးနေရပါတယ် ။

မြေးလေးရလို့ သူမတို့လင်မယားနှစ်ယောက်လုံးပျော်ရွှင်နေခဲ့ကြပေမဲ့ အသက် 16နှစ်သာ ရှိသေးတဲ့သူမတို့ရဲ့ သားဖြစ်သူ၏ အနာဂတ်အတွက်အတော်လေးစိုးရိမ်ပူပန်မိကြောင်း ပြောဆိုခဲ့ကြပါတယ် ။

Credit : Jasmine (Mckzone Daily)

About the author

admm