Life style


Written by admm







Credit :

Unicode

သတို့သားနှင့် သတို့သမီးဝတ်စုံလဲဝတ်ပြီး မင်္ဂလာဆောင်ခဲ့သော ဇနီးမောင်နှံ

များသောအားဖြင့် မင်္ဂလာဆောင်ပွဲကို တစ်သက်တွင် တစ်ခါသာကျင်းပကြ၍ ထိုနေ့တွင် အလှဆုံးဖြစ်နေရန်အတွက် အလှများပြင်ကာ အဝတ်အစားမှာလည်း ရှယ်လှသည်များကိုသာ ရွေးချယ်ကာ ဝတ်ဆင်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် မင်္ဂလာဆောင်သည့်နေ့တွင် အခြားစုံတွဲများနှင့် မတူပဲ ထူးထူးခြားခြားလေးဖြစ်အောင်ဆိုပြီး သတို့သားနှင့် သတို့သမီး ဝတ်စုံအား လဲဝတ်ထားကြပြီး မင်္ဂလာဓာတ်ပုံများ ရိုက်ခဲ့သည်။

အမျိုးသားမှာ မင်္ဂလာသတို့သမီး ဝတ်စုံဂါဝန်လှလှလေး ဝတ်ဆင်ထားပြီး အမျိုးသမီးကျ သတို့သားဝတ်စုံ အနောက်တိုင်းနှင့် ခပ်မိုက်မိုက်လေးဖြစ်ကာ အမြင်တစ်မျိုးလေး ဖြစ်နေပါသည်။

ထို့ကြောင့် မင်္ဂလာပွဲသို့ တက်ရောက်လာသော ဧည့်သည်များမှာ သတို့သမီးနှင့် သတို့သားဧ။် အဖြစ်အား ကြည့်ရင်း ရယ်မော ခဲ့ကြသည်။

ထိုဇနီးမောင်နှံနှစ်ဦးအတွက် သူတို့ဖန်တီးလိုက်သည့် မင်္ဂလာပွဲလေးမှာ တစ်သက်တာ ပျော်ရွှင်ကြည်နူးရသည့် အမှတ်တရကောင်းအဖြစ် ကျန်ရစ်နေပါတော့မည်။

Credit :

About the author

admm