Life style

ေရကူးကန္ပါတဲ့အိမ္ေလးပါဆိုၿပီး ဝယ္ၿပီးခါမွ ဂ်င့္ထည့္ခံလိုက္ရမွန္း သိခဲ့ရတဲ့အမ်ိဳးသားရဲ႕အျဖစ္

Written by admm

ေရကူးကန္ပါတဲ့အိမ္ေလးပါဆိုၿပီး ဝယ္ၿပီးခါမွ ဂ်င့္ထည့္ခံလိုက္ရမွန္း သိခဲ့ရတဲ့အမ်ိဳးသားရဲ႕အျဖစ္

တစ္ခ်ိဳ႕ေသာေဈးေရာင္းသူေတြဟာ သူတို႔ရဲ႕ကုန္ပစၥည္းေတြကို လူေတြဝယ္ေအာင္ ကုန္ပစၥည္းအေၾကာင္း မ်ိဳးစုံခ်ီးမႊမ္းခန္းဖြင့္က်တဲ့အျပင္ ၊ အခ်ိဳ႕ေဈးေရာင္းသူေတြကေတာ့ ပိုက္ဆံရရင္ေက်နပ္ၿပီးဆိုတဲ့စိတ္ဓာတ္မ်ိဳးနဲ႔ လိမ္လည္လွည့္စားၿပီး ပစၥည္းေတြကိုေရာင္းခ်တတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ ၿမိဳ႕ႀကီးရဲ႕ရႈပ္ေထြးဆူညံတဲ့ေနရာမွာမေနထိုင္ခ်င္ေတာ့လို႔ ၊ ၿမိဳ႕ျပင္ဖက္မွာ တည္ရွိတဲ့တိုက္ခန္းကို ဝယ္ယူဖို႔ဆုံးျဖတ္ခဲ့ပါတယ္ ။ အဆိုပါတိုက္ခန္းဟာ ေၾကာ္ျငာထဲမွာကေတာ့ အဆင့္တန္းျမင့္စြာတည္ေဆာက္ထားတဲ့ပုံစံမ်ိဳး ႏွင့္ ပန္ၿခံကေလးေတြပါ ပါေသးေၾကာင္း တိုက္ခန္းကို ေၾကာ္ျငာခဲ့ပါတယ္ ။

ထို႔ေၾကာင့္ အဆိုပါအမ်ိဳးသားဟာလည္းတိုက္ခန္းကိုဝယ္ယူလိုက္ၿပီးေနာက္ ၊ အိမ္ေသာ့မိမိနားေရာက္သည္ႏွင့္ တစ္ၿပိဳင္နက္ သြားေရာက္ၾကည့္ရႈခဲ့ခ်ိန္မွာေတာ့ ေၾကာ္ျငာတြင္ျပသထားၿပီ ၊ ေရာင္းခ်ရာတြင္ ေျပာဆိုထားတဲ့ ေရးကူးကန္မ်ိဳးဟာ အမွန္တကယ္ မရွိဘဲဂ်င္းထည့္ခံလိုက္ရမွန္းကို သိရွိသြားခဲ့ရပါတယ္ ။

ပုံထဲတြင္ေဖာ္ျပထားတဲ့ ေရကန္မ်ိဳးရေအာင္ တိုက္ခန္းေရာင္းခ်တဲ့ကုမၸဏီက အျပာေရာင္ပိတ္စကိုေျမျပင္ေပၚတြင္ ျဖန႔္က်က္ခင္းၿပီး အျခားေသာတံတားအေသးေလး ၊ ေက်ာက္တုံး ၊ ျမက္ခင္းပုံမွာျဖင့္ ေရကန္အတုျပဳလုပ္ထားေသာေၾကာင့္ ျဖစ္ပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါကုမၸဏီကေတာ့ ဝယ္ယူသူႏွင့္ ေရကန္ကိစၥႏွင့္ပက္သက္ၿပီး ကတိေပးထားျခင္းမ်ိဳးမရွိေၾကာင္း ေျပာဆိုၿပီးေပၚတင္ျငင္းဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့ ေနအိမ္ဝယ္လိုက္တဲ့အမ်ိဳးသားမွာေတာ့ ဂ်င္းထည့္ခံလိုက္ရတဲ့အျဖစ္ေၾကာင့္ အဆိုပါေနအိမ္မွာေနထိုင္ဖို႔ အေတာ္ေလးကို စိတ္မေက်မနပ္ျဖစ္ေနမွာ အေသအခ်ာပါပဲေလ ။

Credit : Jasmine (Mckzone Daily)

Unicode

ရေကူးကန်ပါတဲ့အိမ်လေးပါဆိုပြီး ဝယ်ပြီးခါမှ ဂျင့်ထည့်ခံလိုက်ရမှန်း သိခဲ့ရတဲ့အမျိုးသားရဲ့အဖြစ်

တစ်ချို့သောဈေးရောင်းသူတွေဟာ သူတို့ရဲ့ကုန်ပစ္စည်းတွေကို လူတွေဝယ်အောင် ကုန်ပစ္စည်းအကြောင်း မျိုးစုံချီးမွှမ်းခန်းဖွင့်ကျတဲ့အပြင် ၊ အချို့ဈေးရောင်းသူတွေကတော့ ပိုက်ဆံရရင်ကျေနပ်ပြီးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ လိမ်လည်လှည့်စားပြီး ပစ္စည်းတွေကိုရောင်းချတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ မြို့ကြီးရဲ့ရှုပ်ထွေးဆူညံတဲ့နေရာမှာမနေထိုင်ချင်တော့လို့ ၊ မြို့ပြင်ဖက်မှာ တည်ရှိတဲ့တိုက်ခန်းကို ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အဆိုပါတိုက်ခန်းဟာ ကြော်ငြာထဲမှာကတော့ အဆင့်တန်းမြင့်စွာတည်ဆောက်ထားတဲ့ပုံစံမျိုး နှင့် ပန်ခြံကလေးတွေပါ ပါသေးကြောင်း တိုက်ခန်းကို ကြော်ငြာခဲ့ပါတယ် ။

ထို့ကြောင့် အဆိုပါအမျိုးသားဟာလည်းတိုက်ခန်းကိုဝယ်ယူလိုက်ပြီးနောက် ၊ အိမ်သော့မိမိနားရောက်သည်နှင့် တစ်ပြိုင်နက် သွားရောက်ကြည့်ရှုခဲ့ချိန်မှာတော့ ကြော်ငြာတွင်ပြသထားပြီ ၊ ရောင်းချရာတွင် ပြောဆိုထားတဲ့ ရေးကူးကန်မျိုးဟာ အမှန်တကယ် မရှိဘဲဂျင်းထည့်ခံလိုက်ရမှန်းကို သိရှိသွားခဲ့ရပါတယ် ။

ပုံထဲတွင်ဖော်ပြထားတဲ့ ရေကန်မျိုးရအောင် တိုက်ခန်းရောင်းချတဲ့ကုမ္ပဏီက အပြာရောင်ပိတ်စကိုမြေပြင်ပေါ်တွင် ဖြန့်ကျက်ခင်းပြီး အခြားသောတံတားအသေးလေး ၊ ကျောက်တုံး ၊ မြက်ခင်းပုံမှာဖြင့် ရေကန်အတုပြုလုပ်ထားသောကြောင့် ဖြစ်ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါကုမ္ပဏီကတော့ ဝယ်ယူသူနှင့် ရေကန်ကိစ္စနှင့်ပက်သက်ပြီး ကတိပေးထားခြင်းမျိုးမရှိကြောင်း ပြောဆိုပြီးပေါ်တင်ငြင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့ နေအိမ်ဝယ်လိုက်တဲ့အမျိုးသားမှာတော့ ဂျင်းထည့်ခံလိုက်ရတဲ့အဖြစ်ကြောင့် အဆိုပါနေအိမ်မှာနေထိုင်ဖို့ အတော်လေးကို စိတ်မကျေမနပ်ဖြစ်နေမှာ အသေအချာပါပဲလေ ။

Credit : Jasmine (Mckzone Daily)

About the author

admm