




Credit :

Unicode

ကလေးမွေးချင်သလိုမျိုး ရုတ်တရတ် ဗိုက်နာလာတာကြောင့် ဆေးရုံသို့ ချက်ချင်း တင်လိုက်ရတဲ့ ခင်လွှမ်း

ပရိသတ်ကြီးရေ စည်ဖြိုးရဲ့ ဇနီး မော်ဒယ် ခင်လွှမ်းကတော့ မကြာခင်မှာ မိခင်ဖြစ်တော့မှာပါနော်။ သူတို့နှစ်ယောက်ဟာ မင်္ဂလာမဆောင်ခင်ကတည်းပ ကိုယ်ဝန်ရခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ကြရတာပါနော်။ကလေးမွေးခါနီးဖြစ်တဲ့အတွက် စည်ဖြိုးကလည်း မိန်းမဖြစ်သူကို မျက်ခြေမပြတ် စောင့်ရှောက်နေတာ ဖြစ်ပါတယ်နော်။

မနေ့ညက မိန်းမဖြစ်သူ ခင်လွှမ်း ရုတ်တရတ် ဗိုက်နာလာတာကြောင့် ဆေးရုံသို့ တင်ခဲ့တာကို စည်ဖြိုးရဲ့ Facebook လူမှုကွန်ယက်တွင် တင်ထားတာပါနော်။ Mask ချွတ်တာမသိအိပ်ပျော်သွားတဲ့ Sleeping Pregnancy မွေးချင်သလိုဗိုက်နာလာလို့ ဆေးရုံပြေးရတာတော်သေးတယ်မမွေးလို့မွေးရက်due date မစေ့ဘဲ မွေးလာပြီးမကျန်းမမာဖြစ်မှာလည်းစိုးရ..

ဆရာမကတော့ မမွေးခင်အဲ့လိုပဲ သုံးလေးခါဖြစ်တတ်တယ်တဲ့..သားအိမ်ခိုင်ဆေး နဲ့ ကလေးအဆုတ်အားကောင်းဆေး ၁၂နာရီ တစ်ခါ နှစ်ကြိမ် ဘယ်ညာထိုးပြီး မစိုးရိမ်ရတော့ပါဘူးဆိုမှ စိတ်အေးရတယ်..သမီးလေး သက်မှတ်ထားတဲ့ due date ရက်အတိုင်းပဲ..လောကကြီးထဲ ကျန်းကျန်းမာမာ ဝင်လာနိုင်ပါစေ 🙏🙏🙏 လို့ ဆုတောင်းနေတာပါနော်။ ခင်လွှမ်းကတော့ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းမှာတောင် လှပနေဆဲပါပဲနော်။

Credit :