Life style

အပူဒဏ္ခံႏိုင္ဖို႔ ကားတစၥီးလုံးကို ႏြားေခ်းေတြအျပည့္ကပ္ခဲ့တဲ့ အမ်ိဳးသမီး

Written by admm

အပူဒဏ္ခံႏိုင္ဖို႔ ကားတစၥီးလုံးကို ႏြားေခ်းေတြအျပည့္ကပ္ခဲ့တဲ့ အမ်ိဳးသမီး

ကြၽန္ေတာ္တို႔ဟာ ပူျပင္းတဲ့ရာသီဥတုမွာ ေအးျမသြား ေအာင္လုပ္တဲ့ကိုယ္ပိုင္နည္းလမ္းေတြရွိၾကပါတယ္။သို႔ေပမဲ့ Sejal Shah အမည္ရွိတဲ့အိႏၵိယအမ်ိဳးသမီးတစ္ဦးကေတာ့ သူမရဲ႕ကားကို အပူလြန္ကဲျခင္းမွ ကာကြယ္ႏိုင္ဖို႔အတြက္ လူတိုင္း ေမွ်ာ္လင့္မထားတဲ့အေအးခံနည္းကို အသုံးျပဳေနခဲ့ပါတယ္။ကားေမာင္းတဲ့အခါ သူမကားအရမ္းမပူေစဖို႔အတြက္ ႏြားေခ်းေတြနဲ႔ ကားတစၥီးလုံးကို ဖုံးအုပ္ထားခဲ့ပါတယ္။အဆိုပါကားကို ဆိုင္ကယ္သမားတစ္ဦးက အိႏၵိယႏိုင္ငံ Gujarat ၿမိဳ႕မွာ ကားကို ႐ႊံ႕နဲ႔ႏြားေခ်းအေရာအေႏွာျဖင့္ ဖုံးအုပ္ထားတာကိုေတြ႕ေတာ့ social media ေပၚ ခ်က္ခ်င္းမွ်ေဝခဲ့ပါတယ္။ Sejal အား ဘာေၾကာင့္ႏြားေခ်းနဲ႔ဖုံးထားရတာလဲလို႔ေမးေတာ့ သူမဆီမြာ အေၾကာင္းျပခ်က္ေကာင္းေကာင္းတစ္ခုရွိေနခဲ့ပါတယ္။

ႏြားေခ်းေတြနဲ႔ ဖုံးထားတဲ့ Toyota Corolla ကားပိုင္ရွင္ Sejal က အပူကို အေအးခံခ်င္တာေၾကာင့္ သူမကားကို အခုလိုလုပ္ပစ္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။ အပူက အရမ္းျပင္းလာတယ္ ၊ ကြၽန္မအိမ္ေအာက္ကို ႏြားေခ်းေတြနဲ႔အေအးခံထားလို႔ ကြၽန္မကားကိုလည္း အခုလို လုပ္ခဲ့တာ လို႔ သူမက ဆိုခဲ့ပါတယ္။၎အခ်ိန္တုန္းက Gujarat ၿမိဳ႕မွာ အပူခ်ိန္ ၄၂ ဒီဂရီစင္တီဂရိတ္ အထိျမင့္တက္ေနခဲ့တာေၾကာင့္ ကားေတြကို အပူလြန္ကဲေစခဲ့ပါတယ္။သူမရဲ႕နည္းလမ္းကို အခ်ိဳ႕အင္တာနက္အသုံးျပဳသူေတြက ကားရဲ႕အျပင္ဘက္မွာ ႏြားမစင္ေတြကို ကပ္ထားျခင္းက အေျခအေနကို ပိုမိုဆိုး႐ြားေစႏိုင္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။

သူမရဲ႕ႏြားေခ်းကားနဲ႔ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာဂုဏ္ယူစကားနဲ႔ ျပက္လုံးေတြေၾကာင့္ Sejal ဟာ စိတ္မသက္သာျဖစ္ခဲ့ရေပမဲ့ သူမစိတ္ခံစားခ်က္အတိုင္း သူမကားကို အႏုစိတ္ဒီဇိုင္းအလွကြက္အခ်ိဳ႕ပါ ထည့္သြင္းထားခဲ့ပါေသးတယ္။အိႏၵိယႏိုင္ငံရွိေနအိမ္ေတြမွာ အပူေအအးကို ထိန္းညႇိေစဖို႔ အိမ္နံရံေတြမွာ ကပ္ထားေလ့ရွိသလို ေျမဩဇာအျဖစ္လည္း အသုံးျပဳေလ့ရွိၾကပါတယ္။သူမရဲ႕အႀကံက ေကာင္းတယ္လို႔ ထင္ပါသလား။စာဖတ္သူတို႔ေကာ ဘယ္လိုထင္မိပါသလဲ။

Credit :

Unicode

အပူဒဏ်ခံနိုင်ဖို့ ကားတစ္စီးလုံးကို နွားချေးတွေအပြည့်ကပ်ခဲ့တဲ့ အမျိုးသမီး

ကျွန်တော်တို့ဟာ ပူပြင်းတဲ့ရာသီဥတုမှာ အေးမြသွား အောင်လုပ်တဲ့ကိုယ်ပိုင်နည်းလမ်းတွေရှိကြပါတယ်။သို့ပေမဲ့ Sejal Shah အမည်ရှိတဲ့အိန္ဒိယအမျိုးသမီးတစ်ဦးကတော့ သူမရဲ့ကားကို အပူလွန်ကဲခြင်းမှ ကာကွယ်နိုင်ဖို့အတွက် လူတိုင်း မျှော်လင့်မထားတဲ့အအေးခံနည်းကို အသုံးပြုနေခဲ့ပါတယ်။ကားမောင်းတဲ့အခါ သူမကားအရမ်းမပူစေဖို့အတွက် နွားချေးတွေနဲ့ ကားတစ္စီးလုံးကို ဖုံးအုပ်ထားခဲ့ပါတယ်။အဆိုပါကားကို ဆိုင်ကယ်သမားတစ်ဦးက အိန္ဒိယနိုင်ငံ Gujarat မြို့မှာ ကားကို ရွှံ့နဲ့နွားချေးအရောအနှောဖြင့် ဖုံးအုပ်ထားတာကိုတွေ့တော့ social media ပေါ် ချက်ချင်းမျှဝေခဲ့ပါတယ်။ Sejal အား ဘာကြောင့်နွားချေးနဲ့ဖုံးထားရတာလဲလို့မေးတော့ သူမဆီမွာ အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိနေခဲ့ပါတယ်။

နွားချေးတွေနဲ့ ဖုံးထားတဲ့ Toyota Corolla ကားပိုင်ရှင် Sejal က အပူကို အအေးခံချင်တာကြောင့် သူမကားကို အခုလိုလုပ်ပစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အပူက အရမ်းပြင်းလာတယ် ၊ ကျွန်မအိမ်အောက်ကို နွားချေးတွေနဲ့အအေးခံထားလို့ ကျွန်မကားကိုလည်း အခုလို လုပ်ခဲ့တာ လို့ သူမက ဆိုခဲ့ပါတယ်။၎င်းအချိန်တုန်းက Gujarat မြို့မှာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်နေခဲ့တာကြောင့် ကားတွေကို အပူလွန်ကဲစေခဲ့ပါတယ်။သူမရဲ့နည်းလမ်းကို အချို့အင်တာနက်အသုံးပြုသူတွေက ကားရဲ့အပြင်ဘက်မှာ နွားမစင်တွေကို ကပ်ထားခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

သူမရဲ့နွားချေးကားနဲ့ပတ်သက်ပြီး အမျိုးမျိုးသောဂုဏ်ယူစကားနဲ့ ပြက်လုံးတွေကြောင့် Sejal ဟာ စိတ်မသက်သာဖြစ်ခဲ့ရပေမဲ့ သူမစိတ်ခံစားချက်အတိုင်း သူမကားကို အနုစိတ်ဒီဇိုင်းအလှကွက်အချို့ပါ ထည့်သွင်းထားခဲ့ပါသေးတယ်။အိန္ဒိယနိုင်ငံရှိနေအိမ်တွေမှာ အပူအေအးကို ထိန်းညှိစေဖို့ အိမ်နံရံတွေမှာ ကပ်ထားလေ့ရှိသလို မြေဩဇာအဖြစ်လည်း အသုံးပြုလေ့ရှိကြပါတယ်။သူမရဲ့အကြံက ကောင်းတယ်လို့ ထင်ပါသလား။စာဖတ်သူတို့ကော ဘယ်လိုထင်မိပါသလဲ။

Credit :

About the author

admm