ထောင်ထဲမှာအစစအရာရာအခက်အခဲဖြစ်နေတဲ့ရဲတိုက်ကိုကူညီတဲ့အနေနဲ့ ဒီကနေ့မှာဆိုရင်လည်း ရဲတိုက်ရိုက်ကူးခဲ့တဲ့ ဖလက်ရှ်(Flash) ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ဝင်ခန်းတော်တော်များများမှာဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့ကုတ်အင်္ကျီလေးကိုလေလံတင်ရောင်းချပြီးရဲတိုက်ကို ကူညီသွားမှာဖြစ်ကြောင်း GARUDA ENTERTAINMENT Page ကဖော်ပြထားတာကိုတွေ့ရပါတယ်နော်။
Credit :
Unicode
ရဲတိုက်ရိုက်ကူးခဲ့တဲ့ ဖလက်ရှ်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတော်တော်များများမှာဝတ်ခဲ့တဲ့ ကုတ်အင်္ကျီလေးကို လေလံတင်ရောင်းချပြီး ရဲတိုက်ကိုကူညီပေးမယ့်အဖွဲ့
ပရိတ်သတ်ကြီးရေ.ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချောရဲတိုက်ဟာဆိုရင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းမှာသဘာဝကျကျပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်ချစ်ခင်အောင်ပေးမှုကိုအပြည့်အဝရရှိထားခဲ့တာပဲဖြစ်ပါတယ်နော်။ရဲတိုက်က အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပေးခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်။
ပြည်သူလူထုနဲ့အတူအမှန်တရားဘက်ကရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ ရဲတိုက္က ပုဒ္မ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံခဲ့ရပြီး ဧပြီလ ၃ရက်နေ့ညက ရန်ကုန်မြို့သမိုင်းလမ်းဆုံမှာ ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။ရဲတိုက်တစ်ယောက် ထောင်ထဲမှာကျန်းမာရေးမကောင်းဘူးဆိုတဲ့သတင်းကြားရတဲ့အခါမှာလည်း ပရိတ်သတ်တွေများစွာစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။
ထောင်ထဲမှာအစစအရာရာအခက်အခဲဖြစ်နေတဲ့ရဲတိုက်ကိုကူညီတဲ့အနေနဲ့ ဒီကနေ့မှာဆိုရင်လည်း ရဲတိုက်ရိုက်ကူးခဲ့တဲ့ ဖလက်ရှ်(Flash) ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ဝင်ခန်းတော်တော်များများမှာဝတ်ဆင်ခဲ့တဲ့ သူ့ရဲ့ကုတ်အကျႌလေးကိုလေလံတင်ရောင်းချပြီးရဲတိ်ုက်ကို ကူညီသွားမှာဖြစ်ကြောင်း GARUDA ENTERTAINMENT Page ကဖော်ပြထားတာကိုတွေ့ရပါတယ်နော်။
အဲ့ဒါကေတာ့ အခုတခါ လေလံတင်ရောင်းချမဲ့ ကုတ်အင်္ကျီ လေးကိုရဲတိုက် ရဲ့ ဖလက်ရှ် (Flash) ဇာတ္ကားကို နှစ်သက််အားပေးခဲ့တဲ့သူတွေ မှတ်မိကြမယ်ထင်ပါတယ်။😊😊ဇာတ်ဝင်ခန်းအတော်များများမှာ သူဝတ်ဆင်ခဲ့တာပါ။.😊😊ဖလက်ရှ်ဇာတ်ကားနဲ့ ရဲတိုက္ကို စသိခဲ့ နှစ်သက်ခဲ့တဲ့ ပရိတ်သတ်တွေလည်းရှိမယ်လို့ယုံကြည်တာကြောင့် ဒီကုတ်အင်္ကျီ လေးကို.လေလံတင်ရောင်းချဖို့ ခွင့်ပြုချက်တောင်းခဲ့ပါတယ်။လေလံကြမ်းခင်းဈေး ကိုမသတ်မှတ်ထားပါဘူး။
21.6.21 နေ့ ညေန ၆နာရီမှာလေလံပိတ်သိမ်းမှာဖြစ်ပြီး ရရှိလာတဲ့ငွေကို ရဲတိုက်အတွက် လိုအပ်တဲ့နေရာတွေမှာသုံးဖို့အတွက် သူ့ရဲ့အုပ်ထိန်းသူထံ၁၀၀%အပြည့်အဝ ပေးအပ်သွားမှာဖြစ်ပါတယ်။.Mobile banking. wave pay. ..Kpay. CB pay. ..OK$ တို့နဲ့လည်းပေးချေလို့ရပါတယ်။GARUDA ENTERTAINMENT PAGE CONTACT ကနေတဆင့် ဆက်သွယ်ဝယ်ယူနိူင်ပါတယ်ခက်ခဲတဲ့အချိန်မှာ ချစ်ခင်တန်ဖိုးထားပြီးအားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်🙏🙏🙏 ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။
Credit :