အသက္ေသဆုံးေတာ့မဲ့ မိခင္ကို မရမက ကယ္တင္ေပးခ်င္လို႔ ေက်ာင္းထြက္ၿပီးေငြရွာေနခဲ့တဲ့ 12 ႏွစ္အ႐ြယ္ ေကာင္ေလး

အသက္ေသဆုံးေတာ့မဲ့ မိခင္ကို မရမက ကယ္တင္ေပးခ်င္လို႔ ေက်ာင္းထြက္ၿပီးေငြရွာေနခဲ့တဲ့ 12 ႏွစ္အ႐ြယ္ ေကာင္ေလး

မိေဘၾတက သားသမီးေတြကို အႏွိုင္းမဲ့ ခ်စ္ခင္ေပးဆပ္ၾကသလို ၊ သားသမီးေတြကလည္း မိဘအေပၚထားရွိတဲ့ ခ်စ္ျခင္းေမတၱာေတြက အလားတူပါပဲ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္နိုင္ငံက 12 ႏွစ္အ႐ြယ္ Gu Guang Zhao အမည္ရွိတဲ့ ေကာင္ေလးဟာ ေက်ာက္ကပ္မေကာင္းေတာ့လို႔ ဖ်ားနာေနတဲ့မိခင္ျဖစ္သူရဲ႕ ေဆးကုသစရိတ္အတြက္ သူ႕အ႐ြယ္နဲ႕ ရတဲ့နည္းနဲ႕ ႀကိဳးစား႐ုန္းကန္ေနခဲ့တာပါ ။ ထက္ျမတ္ၿပီး ပညာသင္ဆုအေျမာက္အမ်ားရရွိထားတဲ့ ကေလးတစ္ေယာက္ျဖစ္ေပမဲ့လည္း ၊ အျပင္ထြက္ၿပီး ေငြရွာခ်င္လို႔ ဆရာျဖစ္သူကို အက်ိဳးအေၾကာင္းေသခ်ာရွင္းျပၿပီး ေက်ာင္းရပ္နားခဲ့ပါတယ္ ။

အသက္ 40 အ႐ြယ္မိခင္ျဖစ္သူမွာေတာ့ ေက်ာက္ကပ္လဲလွယ္ဖို႔ အျပင္းအထန္လိုအပ္ေနခဲ့ပါတယ္ ။ ေဆးကုသစရိတ္အတြက္ $75,578 အထက္ရွာေဖြၾကရမွာျဖစ္ေပမဲ့လည္း ၊ လက္ရွိမွာေတာ့ မိခင္ကိုကုသရင္း$15,115 ခန႔္ရွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္ ။ Gu ရဲ႕ အေၾကာင္းဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႕သြားခဲ့ၿပီး Gu ရဲ႕မိခင္အတြက္ ေဆးကုသစရိတ္ေတြ ဝိုင္းဝန္းလႉဒါန္းေပးခဲ့ၾကပါတယ္ ။ Gu ကိုယ္တိုင္ကလည္း အဆိုပါကူညီေပးခဲ့ၾကသူေတြကို နာမည္စာရင္းမွတ္ထားၿပီး ေနာင္တစ္ခ်ိန္ အ႐ြယ္ေရာက္ရင္ အဆိုပါကူညီခဲ့သူေတြကို ေက်းဇူးျပန္ဆပ္သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။ သိတတ္လိမၼာလြန္းတဲ့ အ႐ြယ္မေရာက္ေသးတဲ့ ကေလးလို႔ ေျပာရမွာပါပဲ ။

Credit : Jasmine (Mckzone Daily)

Unicode

အသက်သေဆုံးတော့မဲ့ မိခင်ကို မရမက ကယ်တင်ပေးချင်လို့ ကျောင်းထွက်ပြီးငွေရှာနေခဲ့တဲ့ 12 နှစ်အရွယ် ကောင်လေး

မိဘေတြက သားသမီးတွေကို အနှိုင်းမဲ့ ချစ်ခင်ပေးဆပ်ကြသလို ၊ သားသမီးတွေကလည်း မိဘအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေက အလားတူပါပဲ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက 12 နှစ်အရွယ် Gu Guang Zhao အမည်ရှိတဲ့ ကောင်လေးဟာ ကျောက်ကပ်မကောင်းတော့လို့ ဖျားနာနေတဲ့မိခင်ဖြစ်သူရဲ့ ဆေးကုသစရိတ်အတွက် သူ့အရွယ်နဲ့ ရတဲ့နည်းနဲ့ ကြိုးစားရုန်းကန်နေခဲ့တာပါ ။ ထက်မြတ်ပြီး ပညာသင်ဆုအမြောက်အများရရှိထားတဲ့ ကလေးတစ်ယောက်ဖြစ်ပေမဲ့လည်း ၊ အပြင်ထွက်ပြီး ငွေရှာချင်လို့ ဆရာဖြစ်သူကို အကျိုးအကြောင်းသေချာရှင်းပြပြီး ကျောင်းရပ်နားခဲ့ပါတယ် ။

အသက် 40 အရွယ်မိခင်ဖြစ်သူမှာတော့ ကျောက်ကပ်လဲလှယ်ဖို့ အပြင်းအထန်လိုအပ်နေခဲ့ပါတယ် ။ ဆေးကုသစရိတ်အတွက် $75,578 အထက်ရှာဖွေကြရမှာဖြစ်ပေမဲ့လည်း ၊ လက်ရှိမှာတော့ မိခင်ကိုကုသရင်း$15,115 ခန့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ် ။ Gu ရဲ့ အကြောင်းဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး Gu ရဲ့မိခင်အတွက် ဆေးကုသစရိတ်တွေ ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါတယ် ။ Gu ကိုယ်တိုင်ကလည်း အဆိုပါကူညီပေးခဲ့ကြသူတွေကို နာမည်စာရင်းမှတ်ထားပြီး နောင်တစ်ချိန် အရွယ်ရောက်ရင် အဆိုပါကူညီခဲ့သူတွေကို ကျေးဇူးပြန်ဆပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ သိတတ်လိမ္မာလွန်းတဲ့ အရွယ်မရောက်သေးတဲ့ ကလေးလို့ ပြောရမှာပါပဲ ။

Credit : Jasmine (Mckzone Daily)