NEWS

ျမန္မာ့အေရးကို အစြမ္းကုန္ကူညီေပးတဲ့ ကိုရီးယားအတြက္ ေသြးလႉၿပီးေက်းဇူးဆပ္ခဲ့ၾကတဲ့ ကိုရီးယားေရာက္ျမန္မာျပည္သူမ်ား

Written by admm

ျမန္မာ့အေရးကို အစြမ္းကုန္ကူညီေပးတဲ့ ကိုရီးယားအတြက္ ေသြးလႉၿပီးေက်းဇူးဆပ္ခဲ့ၾကတဲ့ ကိုရီးယားေရာက္ျမန္မာျပည္သူမ်ား

ျမန္မာ့ေႏြဦးေတာ္လွန္ေရးနဲ႕ပတ္သက္ၿပီး ရတဲ့နည္းနဲ႕အစြမ္းကုန္ကူညီေပးေနတဲ့ ကိုရီးယားနိုင္ငံသူ နိုင္ငံသားေတြဟာ လက္ရွိျမန္မာျပည္သူေတြရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းကို (၁၉၈၈) ခုႏွစ္က ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ဒီကာေလၾတကို ကိုယ္ခ်င္းစာၿပီး ကူညီေဖးမေပးၾကတာပဲျဖစ္ပါတယ္။

ကိုယ္တိုင္ႀကဳံဖူးခဲ့တာေၾကာင့္လည္း ဘယ္ေလာက္ထိခက္ခဲစြာျဖတ္သန္းရမယ္ဆိုတာကို နားလည္တဲ့ ကိုးရီးယားအစိုးရနဲ႕ ျပည္သူေတြဟာ ျမန္မာျပည္သူေတြနဲ႕ အတူတကြရပ္တည္ေပးၿပီး ရတဲ့နည္းနဲ႕ ကူညီေပးၾကတာ တကယ္ကိုေက်းဇူးတင္စရာေကာင္းလြန္းပါတယ္။
ဒီေန႕မွာေတာ့ ကိုရီးယားနိုင္ငံ ဂေယာင္ဂီျပည္နယ္ ဂင္ဖိုၿမိဳ႕ရွိကုန္ထုတ္စက္႐ုံမွာအလုပ္လုပ္ေနတဲ့ ျမန္မာျပည္သားေတြဟာ ကိုရီးယားနိုင္ငံကို ရတဲ့နည္းနဲ႕ျပန္လည္အက်ိဳးျပဳခ်င္တာေၾကာင့္ မိမိတို႔ရဲ႕ေသြးကို စြန႔္လႊတ္ၿပီး ကိုရီးယားျပည္သူေတြအတြက္ လႉဒါန္းေပးခဲ့ပါတယ္။

လက္ရွိအလုပ္လုပ္ေနတဲ့ ဂင္ဖိုၿမိဳ႕က ျပည္သူေတြဟာလည္း ဆႏၵျပပြဲေတြျဖစ္ေျမာက္ေအာင္ ကူညီေပးသလို အလႉေငြနဲ႕ စိတ္ခြန္အားေတြလည္း ေပးခဲ့ပါတယ္။ ဒီလိုကူညီေပးမႈေတြေၾကာင့္ Gimpo Myanmar Friends ဆိုတဲ့ လူ (၁၀၀) ေက်ာ္ပါဝင္တဲ့ အဖြဲ႕ေလးလည္း ဖြဲ႕စည္းနိုင္ခဲ့ပါတယ္။ ဒီလိုလုပ္ရပ္ေတြေၾကာင့္ ေက်းဇူးတင္တဲ့စိတ္နဲ႕ အခုလို ျပန္လည္လႉဒါန္းရတာျဖစ္ေၾကာင္း ေသြးလႉခဲ့သူတစ္ဦးကဆိုပါတယ္။

အေျခခံလစာနည္းပါးတဲ့ျမန္မာျပည္မွာ မိသားစုရဲ႕စားဝတ္ေနရးအဆင္မေျပနိုင္တာေၾကာင့္ ကိုရီးယားနိုင္ငံကိုထြက္ခြာၿပီး စက္႐ုံမွာဝင္ေရာက္လုပ္ကိုင္ကာ မိသားစုအတြက္ ႀကိဳးစားေပးေနတဲ့ ကိုရီးယားေရာက္ျမန္မာျပည္သူေတြဟာ မိသားစုအၾတက္သာမက တိုင္းျပည္အတြက္ပါ တန္ဖိုးရွိၾကသူ ေတြပါ။

ေက်းဇူးတရားကိုလည္းသိတတ္ၿပီး ျပန္လည္အက်ိဳးျပဳတတ္တဲ့ စိတ္ထားရွိသူေတြမို႔ ဒီထက္မက ေအာင္ျမင္တဲ့ဘဝေတြကို ပိုင္ဆိုင္ရမွာအေသအခ်ာပါပဲ။ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ ဒီမိုေကရစီ လိုလားတဲ့ ျမန္မာျပည္သူေတြအားလုံးဟာ တစ္စိတ္တည္းတစ္ဝမ္းတည္းရွိေနတယ္ဆိုတာကို ကိုရီးယားေရာက္ျမန္မာေတြက သက္ေသျပလိုက္ပါၿပီ။

Credit :

Unicode

မြန်မာ့အရေးကို အစွမ်းကုန်ကူညီပေးတဲ့ ကိုရီးယားအတွက် သွေးလှူပြီးကျေးဇူးဆပ်ခဲ့ကြတဲ့ ကိုရီးယားရောက်မြန်မာပြည်သူများ

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ရတဲ့နည်းနဲ့အစွမ်းကုန်ကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံသူ နိုင်ငံသားတွေဟာ လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို (၁၉၈၈) ခုနှစ်က ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် ဒီကာလေတြကို ကိုယ်ချင်းစာပြီး ကူညီဖေးမပေးကြတာပဲဖြစ်ပါတယ်။
ကိုယ်တိုင်ကြုံဖူးခဲ့တာကြောင့်လည်း ဘယ်လောက်ထိခက်ခဲစွာဖြတ်သန်းရမယ်ဆိုတာကို နားလည်တဲ့ ကိုးရီးယားအစိုးရနဲ့ ပြည်သူတွေဟာ မြန်မာပြည်သူတွေနဲ့ အတူတကွရပ်တည်ပေးပြီး ရတဲ့နည်းနဲ့ ကူညီပေးကြတာ တကယ်ကိုကျေးဇူးတင်စရာကောင်းလွန်းပါတယ်။
ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဂင်ဖိုမြို့ရှိကုန်ထုတ်စက်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာပြည်သားတွေဟာ ကိုရီးယားနိုင်ငံကို ရတဲ့နည်းနဲ့ပြန်လည်အကျိုးပြုချင်တာကြောင့် မိမိတို့ရဲ့သွေးကို စွန့်လွှတ်ပြီး ကိုရီးယားပြည်သူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။
လက်ရှိအလုပ်လုပ်နေတဲ့ ဂင်ဖိုမြို့က ပြည်သူတွေဟာလည်း ဆန္ဒပြပွဲတွေဖြစ်မြောက်အောင် ကူညီပေးသလို အလှူငွေနဲ့ စိတ်ခွန်အားတွေလည်း ပေးခဲ့ပါတယ်။ ဒီလိုကူညီပေးမှုတွေကြောင့် Gimpo Myanmar Friends ဆိုတဲ့ လူ (၁၀၀) ကျော်ပါဝင်တဲ့ အဖွဲ့လေးလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် ကျေးဇူးတင်တဲ့စိတ်နဲ့ အခုလို ပြန်လည်လှူဒါန်းရတာဖြစ်ကြောင်း သွေးလှူခဲ့သူတစ်ဦးကဆိုပါတယ်။
အခြေခံလစာနည်းပါးတဲ့မြန်မာပြည်မှာ မိသားစုရဲ့စားဝတ်နေရးအဆင်မပြေနိုင်တာကြောင့် ကိုရီးယားနိုင်ငံကိုထွက်ခွာပြီး စက်ရုံမှာဝင်ရောက်လုပ်ကိုင်ကာ မိသားစုအတွက် ကြိုးစားပေးနေတဲ့ ကိုရီးယားရောက်မြန်မာပြည်သူတွေဟာ မိသားစုအတြက္သာမက တိုင်းပြည်အတွက်ပါ တန်ဖိုးရှိကြသူ တွေပါ။
ကျေးဇူးတရားကိုလည်းသိတတ်ပြီး ပြန်လည်အကျိုးပြုတတ်တဲ့ စိတ်ထားရှိသူတွေမို့ ဒီထက်မက အောင်မြင်တဲ့ဘဝတွေကို ပိုင်ဆိုင်ရမှာအသေအချာပါပဲ။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဒီမိုကေရစီ လိုလားတဲ့ မြန်မာပြည်သူတွေအားလုံးဟာ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိနေတယ်ဆိုတာကို ကိုရီးယားရောက်မြန်မာတွေက သက်သေပြလိုက်ပါပြီ။

Credit :

About the author

admm