ဇာတိ႐ြာ ေသာက္သုံးေရရရွိဖို႔ အႏွစ္(၃၀)ၾကာ တစ္ကိုယ္ေတာ္ ေျမာင္းတူးခဲ့တဲ့အဖိုး

ဇာတိ႐ြာ ေသာက္သုံးေရရရွိဖို႔ အႏွစ္(၃၀)ၾကာ တစ္ကိုယ္ေတာ္ ေျမာင္းတူးခဲ့တဲ့အဖိုး

အဖိုးအိုတစ္ေယာက္ဟာ မိမိေက်း႐ြာ ေရရရွိဖို႔အတြက္ တစ္ကိုယ္ေတာ္ ေျမာင္းတူးခဲ့ရာ၊ ေဒသခံေက်း႐ြာေတြမွာေတာ့ သူရဲေကာင္းတစ္ေယာက္အျဖစ္ မွတ္ယူခံေနရၿပီ ျဖစ္ပါတယ္။ သူ ေျမာင္းတူးရတဲ့ အေျခအေနဟာ လြယ္လြယ္ကူကူေတာ့ မဟုတ္ပါဘူး။ ေတာင္ေပၚက စိမ့္စမ္းေခ်ာင္းကေန ေျမာင္းသြယ္ခ်ရတာ ျဖစ္ၿပီး၊ ေျမာင္းကလည္း (၅)ေပေလာက္ အက်ယ္ရွိေၾကာင္း သိရပါတယ္။

ေတာင္ေပၚကေန ေျမာင္းကို အႏွစ္(၃၀)ၾကာ ခက္ခက္ခဲခဲ ေျမာင္းတူးခဲ့ရတာပါ။ ဒီေနရာမွ ေမးစရာရွိတာက ႐ြာသူ႐ြာသားေတြက သူ ေျမာင္းတူးေနခ်ိန္မွာ ဘာမွ မကူညီၾကဘူးလားဆိုတဲ့ ေမးခြန္းပါ။ ေျဖရရင္ေတာ့ တစ္ေယာက္မွ မကူညီၾကပါဘူးတဲ့။ အဖိုးနဲ႕ နီးစပ္တဲ့ မိသားစုဝင္တခ်ိဳ႕ကေတာ့ တစ္ခါတေလ တူး႐ြင္းကိုင္၊ ေဂၚကိုင္ လာလုပ္တာရွိေပမယ့္ ထိေရာက္တဲ့ အကူအညီေတာ့ မရခဲ့ပါဘူး။

တကယ္ေတာ့ ႐ြာေလးသာ ညီၫြတ္မယ္ဆိုရင္ ေျမတူးစက္ေတြ၊ အစိုးရအကူအညီ ယႏၱယားေတြနဲ႕ဆို ကာလအားျဖင့္ ဒီေလာက္ၾကာဖို႔ အခ်ိန္ယူရဖို႔ မရွိပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ အဲဒီ႐ြာေလးဟာ ေရခ်ိဳရရွိဖို႔ ခက္ခဲလို႔ သဘာဝ၊ အင္းအိုင္ေတြ၊ ကန္ေတြကိုသာ အားကိုးအားထား ျပဳေနရတာပါ။ ေျမာင္းတူးတဲ့အဖိုးအိုကို ကမၻာေက်ာ္သတင္းဌာန ANI က ေတြ႕ဆုံေမးျမန္းမႈေတြ လုပ္ခဲ့ပါတယ္။

ေျမာင္းဟာ (၃)ကီလိုမီတာအထိ ရွည္ၿပီး မိုင္အားျဖင့္ (၂)မိုင္နီးပါးေလာက္ ရွည္ပါတယ္။ ဒါေၾကာင့္ အဖိုးအိုအေနနဲ႕ အႏွစ္(၃၀)အထိ ဒီေျမာင္းကို တူးခဲ့ရတယ္ဆိုတာဟာ အလြန္ယုတၳိတန္ၿပီး၊ ႐ြာသူ႐ြာသားေတြရဲ႕ အင္အားမပါဘဲ တစ္ေယာက္တည္း တူးခဲ့ရတယ္ဆိုတာကလည္း ျဖစ္နိုင္ေျခရွိပါတယ္။ ဒီအျဖစ္အပ်က္ဟာ အိႏၵိယနိုင္ငံ ဘီဟာျပည္နယ္မွာ ျဖစ္ခဲ့တာပါ။

တူးလိုက္ေတာ့ ေျမာင္းကေတာ့ ေတာင္တန္းစိမ့္စမ္းကို အဖ်ားခံၿပီး၊ ဂါယာနယ္ေျမ၊ Lahthua ၿမိဳ႕နယ္အတြင္းက Kothilawa အမည္ရ ႐ြာေလးဆီကို ျဖစ္ပါတယ္။ အဖိုးအိုအမည္ကေတာ့ Laungi Bhuiyan ျဖစ္ပါတယ္။ သူက ႐ြာသားေတြကေတာ့ ၿမိဳ႕တက္ၿပီး အသက္ေမြးဝမ္းေၾကာင္း အသစ္ေတြ ျပဳၾကပါတယ္ က်ဳပ္ကေတာ့ ဒီ႐ြာေလးမွာ ေခါင္းခ်သြားမွာပါ လို႔ ေျပာပါတယ္။

အခုဆိုရင္ တူးေျမာင္း တူးေဖာ္မႈ ၿပီးစီးသြားခဲ့ပါၿပီ။ Bhuiyan ကို နယ္ခံေတြကလည္း သူရဲ႕ဇြဲလုံ႕လဝီရိယ အရင္းစိုက္တဲ့လုပ္ရက္ေၾကာင့္ သိရွိကုန္ၾကပါၿပီ။ တူးေျမာင္းေၾကာင့္ ဒီ႐ြာေလးမွာ ေရရွားပါးျပတ္လပ္မႈဒဏ္ကို ေက်ာ္လႊားနိုင္ေတာ့မွာပါ။ တစ္႐ြာလုံး လက္ပိုက္ၾကည့္ေနခဲ့ေပမယ့္၊ တစ္႐ြာလုံး ဒီေျမာင္းေရကို မသုံးဘဲနဲ႕ေတာ့ ေနနိုင္ၾကမွာ မဟုတ္ပါဘူး။

Credit-လင္းသူရိန္

Unicode

ဇာတိရွာ သောက်သုံးရေရရှိဖို့ အနှစ်(၃၀)ကြာ တစ်ကိုယ်တော် မြောင်းတူးခဲ့တဲ့အဖိုး

အဖိုးအိုတစ်ယောက်ဟာ မိမိကျေးရွာ ရေရရှိဖို့အတွက် တစ်ကိုယ်တော် မြောင်းတူးခဲ့ရာ၊ ဒေသခံကျေးရွာတွေမှာတော့ သူရဲကောင်းတစ်ယောက်အဖြစ် မှတ်ယူခံနေရပြီ ဖြစ်ပါတယ်။ သူ မြောင်းတူးရတဲ့ အခြေအနေဟာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ တောင်ပေါ်က စိမ့်စမ်းချောင်းကနေ မြောင်းသွယ်ချရတာ ဖြစ်ပြီး၊ မြောင်းကလည်း (၅)ပေလောက် အကျယ်ရှိကြောင်း သိရပါတယ်။

တောင်ပေါ်ကနေ မြောင်းကို အနှစ်(၃၀)ကြာ ခက်ခက်ခဲခဲ မြောင်းတူးခဲ့ရတာပါ။ ဒီနေရာမှ မေးစရာရှိတာက ရွာသူရွာသားတွေက သူ မြောင်းတူးနေချိန်မှာ ဘာမှ မကူညီကြဘူးလားဆိုတဲ့ မေးခွန်းပါ။ ဖြေရရင်တော့ တစ်ယောက်မှ မကူညီကြပါဘူးတဲ့။ အဖိုးနဲ့ နီးစပ်တဲ့ မိသားစုဝင်တချို့ကတော့ တစ်ခါတလေ တူးရွင်းကိုင်၊ ဂေါ်ကိုင် လာလုပ်တာရှိပေမယ့် ထိရောက်တဲ့ အကူအညီတော့ မရခဲ့ပါဘူး။

တကယ်တော့ ရွာလေးသာ ညီညွတ်မယ်ဆိုရင် မြေတူးစက်တွေ၊ အစိုးရအကူအညီ ယန္တယားတွေနဲ့ဆို ကာလအားဖြင့် ဒီလောက်ကြာဖို့ အချိန်ယူရဖို့ မရှိပါဘူး။ နောက်တစ်ချက်ကတော့ အဲဒီရွာလေးဟာ ရေချိုရရှိဖို့ ခက်ခဲလို့ သဘာဝ၊ အင်းအိုင်တွေ၊ ကန်တွေကိုသာ အားကိုးအားထား ပြုနေရတာပါ။ မြောင်းတူးတဲ့အဖိုးအိုကို ကမ္ဘာကျော်သတင်းဌာန ANI က တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။

မြောင်းဟာ (၃)ကီလိုမီတာအထိ ရှည်ပြီး မိုင်အားဖြင့် (၂)မိုင်နီးပါးလောက် ရှည်ပါတယ်။ ဒါကြောင့် အဖိုးအိုအနေနဲ့ အနှစ်(၃၀)အထိ ဒီမြောင်းကို တူးခဲ့ရတယ်ဆိုတာဟာ အလွန်ယုတ္ထိတန်ပြီး၊ ရွာသူရွာသားတွေရဲ့ အင်အားမပါဘဲ တစ်ယောက်တည်း တူးခဲ့ရတယ်ဆိုတာကလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ဖြစ်ခဲ့တာပါ။

တူးလိုက်တော့ မြောင်းကတော့ တောင်တန်းစိမ့်စမ်းကို အဖျားခံပြီး၊ ဂါယာနယ်မြေ၊ Lahthua မြို့နယ်အတွင်းက Kothilawa အမည်ရ ရွာလေးဆီကို ဖြစ်ပါတယ်။ အဖိုးအိုအမည်ကတော့ Laungi Bhuiyan ဖြစ်ပါတယ်။ သူက ရွာသားတွေကတော့ မြို့တက်ပြီး အသက်မွေးဝမ်းကြောင်း အသစ်တွေ ပြုကြပါတယ် ကျုပ်ကတော့ ဒီရွာလေးမှာ ခေါင်းချသွားမှာပါ လို့ ပြောပါတယ်။

အခုဆိုရင် တူးမြောင်း တူးဖော်မှု ပြီးစီးသွားခဲ့ပါပြီ။ Bhuiyan ကို နယ်ခံတွေကလည်း သူရဲ့ဇွဲလုံ့လဝီရိယ အရင်းစိုက်တဲ့လုပ်ရက်ကြောင့် သိရှိကုန်ကြပါပြီ။ တူးမြောင်းကြောင့် ဒီရွာလေးမှာ ရေရှားပါးပြတ်လပ်မှုဒဏ်ကို ကျော်လွှားနိုင်တော့မှာပါ။ တစ်ရွာလုံး လက်ပိုက်ကြည့်နေခဲ့ပေမယ့်၊ တစ်ရွာလုံး ဒီမြောင်းရေကို မသုံးဘဲနဲ့တော့ နေနိုင်ကြမှာ မဟုတ်ပါဘူး။

Credit-လင်းသူရိန်