Life style

ကိုယ္ခ်စ္ရတဲ့ Idolေတြ လက္ထပ္လို႔ ဒါမွမဟုတ္ အနားယူသြားခဲ့ရင္ ေၾကကြဲဝမ္းနည္းႏိုင္ဖို႔ဝန္ထမ္းေတြကို 10 ရက္ခြင့္ေပးတဲ့ ကုမၸဏီ

Written by admm

ကိုယ္ခ်စ္ရတဲ့ Idolေတြ လက္ထပ္လို႔ ဒါမွမဟုတ္ အနားယူသြားခဲ့ရင္ ေၾကကြဲဝမ္းနည္းႏိုင္ဖို႔ဝန္ထမ္းေတြကို 10 ရက္ခြင့္ေပးတဲ့ ကုမၸဏီ

Shizen Tsurumi အမည္႐ွိတဲ့ ဂ်ပန္ႏိုင္ငံက ကုမၸဏီတစ္ခုရဲ႕ ဥကၠ႒တစ္ဦးဟာ သူ႔ရဲ႕ Twitter Account ေကန ဝန္ထမ္းေတြအတြက္ အႀကိဳခံစားခြင့္ေတြအစီအစဥ္ေတြ ထုတ္ေပးခဲ့ပါတယ္ ။ အဲတာေကတာ့ ကိုယ္အရမ္းခ်စ္ရတဲ့ Idol ေတြ အႏုပညာေလာက ကေနအနားယူသြားခဲ့ရင္ 10 ရက္ နားခြင့္ေပးၿပီး ၊ ကိုယ့္ရဲ႕ idol က ျပသာနာတစ္ခုခုေၾကာင့္ အႏုပညာေလာကကေန အနားယူသြားခဲ့ရင္ေတာ့ 3 ရက္ခြင့္ေပးထားတာပါ ။ ဒါ့အျပင္ ကိုယ့္ရဲ႕ Idol က လက္ထပ္သြားခဲ့ရင္ေတာ့ 10 ရက္ အနားယူခြင့္ရမွာျဖစ္ၿပီး ၊ ကိုယ့္ရဲ႕ Idol လက္မထပ္ခင္ အေစာပိုင္းရက္ကတည္းက အနားယူခြင့္ရၾကမွာပါ ။

ယခုလို ဝန္ထမ္းေတြအတြက္ ခြင့္ရက္စဥ္စားေပးခဲ့ရတဲ့အျဖစ္ကေတာ့ ပထမဆံုးဝန္ထမ္းတစ္ဦးဟာ သူသိပ္ခ်စ္ရတဲ့ anime ေနာက္ခံအသံ မင္းသမီး နဲ႔ အဆိုေတာ္ Nana Mizuki က လက္ထပ္ေတာ့မယ္လို႔ ေၾကညာခဲ့လို႔ အလုပ္မွာေသေသခ်ာခ်ာ အာရံုမစိုက္ႏိုင္ေတာ့တဲ့အျဖစ္ပါ ။ ဒုတိယဝန္ထမ္းကေတာ့ သူႀကိဳက္ႏွစ္သက္ရတဲ့ Idol က အႏုပညာေလာက ကေနအနားယူေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ ဝမ္းနည္းပူေဆြးေနခဲ့လို႔ပါ ။ ဒါေၾကာင့္ ကုမၸဏီက ဝန္ထမ္းေတြအေပၚစဥ္းစားေပးတဲ့အေနနဲ႔ ကိုယ္ခ်စ္ရတဲ့ Idol ေတြရဲ႕ ႐ႈိးပြဲ နဲ႔ ပရိသတ္ေတြ႔ဆံုပြဲေတြကိုလည္း တက္ေရာက္ခြင့္ရေအာင္ ခြင့္ေတြေပးအံုးမွာျဖစ္ေၾကာင္းသိရပါတယ္ ။ တကယ့္ကို ဝန္ထမ္းေတြရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနကိုအေတာ္ေလး အေလးေပးၿပီး ၊ ေပ်ာ္ရႊင္စြာ အလုပ္လုပ္ကိုင္ႏိုင္ေအာင္ စဥ္းစားေပးတဲ့ လုပ္ငန္းပိုင္႐ွင္လို႔ ေျပာရမွာပါပဲေလ ။

Credit : Jasmine (Mckzone Daily)

Unicode

ကိုယ်ချစ်ရတဲ့ Idolတွေ လက်ထပ်လို့ ဒါမှမဟုတ် အနားယူသွားခဲ့ရင် ကြေကွဲဝမ်းနည်းနိုင်ဖို့ဝန်ထမ်းတွေကို 10 ရက်ခွင့်ပေးတဲ့ ကုမ္ပဏီ

Shizen Tsurumi အမည်ရှိတဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ဦးဟာ သူ့ရဲ့ Twitter Account ကေန ဝန်ထမ်းတွေအတွက် အကြိုခံစားခွင့်တွေအစီအစဉ်တွေ ထုတ်ပေးခဲ့ပါတယ် ။ အဲတာကေတာ့ ကိုယ်အရမ်းချစ်ရတဲ့ Idol တွေ အနုပညာလောက ကနေအနားယူသွားခဲ့ရင် 10 ရက် နားခွင့်ပေးပြီး ၊ ကိုယ့်ရဲ့ idol က ပြသာနာတစ်ခုခုကြောင့် အနုပညာလောကကနေ အနားယူသွားခဲ့ရင်တော့ 3 ရက်ခွင့်ပေးထားတာပါ ။ ဒါ့အပြင် ကိုယ့်ရဲ့ Idol က လက်ထပ်သွားခဲ့ရင်တော့ 10 ရက် အနားယူခွင့်ရမှာဖြစ်ပြီး ၊ ကိုယ့်ရဲ့ Idol လက်မထပ်ခင် အစောပိုင်းရက်ကတည်းက အနားယူခွင့်ရကြမှာပါ ။

ယခုလို ဝန်ထမ်းတွေအတွက် ခွင့်ရက်စဉ်စားပေးခဲ့ရတဲ့အဖြစ်ကတော့ ပထမဆုံးဝန်ထမ်းတစ်ဦးဟာ သူသိပ်ချစ်ရတဲ့ anime နောက်ခံအသံ မင်းသမီး နဲ့ အဆိုတော် Nana Mizuki က လက်ထပ်တော့မယ်လို့ ကြေညာခဲ့လို့ အလုပ်မှာသေသေချာချာ အာရုံမစိုက်နိုင်တော့တဲ့အဖြစ်ပါ ။ ဒုတိယဝန်ထမ်းကတော့ သူကြိုက်နှစ်သက်ရတဲ့ Idol က အနုပညာလောက ကနေအနားယူတော့မယ်လို့ ကြေညာခဲ့ပြီးနောက် ဝမ်းနည်းပူဆွေးနေခဲ့လို့ပါ ။ ဒါကြောင့် ကုမ္ပဏီက ဝန်ထမ်းတွေအပေါ်စဉ်းစားပေးတဲ့အနေနဲ့ ကိုယ်ချစ်ရတဲ့ Idol တွေရဲ့ ရှိုးပွဲ နဲ့ ပရိသတ်တွေ့ဆုံပွဲတွေကိုလည်း တက်ရောက်ခွင့်ရအောင် ခွင့်တွေပေးအုံးမှာဖြစ်ကြောင်းသိရပါတယ် ။ တကယ့်ကို ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုအတော်လေး အလေးပေးပြီး ၊ ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်အောင် စဉ်းစားပေးတဲ့ လုပ်ငန်းပိုင်ရှင်လို့ ပြောရမှာပါပဲလေ ။

Credit : Jasmine (Mckzone Daily)

About the author

admm