Life style

မိဘမဲ့ျဖစ္သြားတဲ့ ကေလး(၇)ေယာက္ကို အၿပီးပိုင္ေမြးစားခဲ့တဲ့ ဇနီးေမာင္ႏွံ

Written by admm

မိဘမဲ့ျဖစ္သြားတဲ့ ကေလး(၇)ေယာက္ကို အၿပီးပိုင္ေမြးစားခဲ့တဲ့ ဇနီးေမာင္ႏွံ

ယာဥ္မေတာ္တဆမႈေၾကာင့္ မိဘႏွစ္ပါးကို လက္လႊတ္ဆုံးရႈံးခဲ့ရတဲ့ ကေလး(၇)ဦးကို ဇနီးေမာင္ႏွံႏွစ္ဦးကို တစ္ဦးမက်န္ေမြးစားဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။ ကေလး(၇)ႏွစ္ဦးစလုံးဟာ မိဘမဲ့ျဖစ္ခဲ့ရၿပီးေနာက္ မ်က္စိသူငယ္နားသူငယ္နဲ႕ အုပ္ထိန္းေစာင့္ေရွာက္မယ့္သူကို ေမွ်ာ္ေနခ်ိန္၊ ေစတနာေကာင္းလြန္းတဲ့ ဇနီးေမာင္ႏွံက ကယ္တင္ရွင္ ျဖစ္ခဲ့တာပါ။

အဆိုပါဇနီးေမာင္ႏွံဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ Menifee မွာေနထိုင္ၾကၿပီး၊ ဇနီးအမည္မွာ Pam Willis ျဖစ္ကာ အသက္(၄၉)ႏွစ္ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူ Gary Willis ကေတာ့ အသက္(၅၂)ႏွစ္ပါ။ သူတို႔မွာ သားသမီးမရွိၾကဘူးလားဆိုေတာ့ ကိုယ္ပိုင္သားသမီး (၅)ေယာက္ေတာင္ ရွိပါတယ္။ သူတို႔ ေမြးစားလိုက္တဲ့ ကေလးေတြရဲ႕အမည္နဲ႕အသက္ေတြကို ေဖာ္ျပရရင္-

Adelino (၁၅)ႏွစ္၊ Ruby (၁၃)ႏွစ္၊ Aleecia (၈)ႏွစ္၊ Anthony (၇)ႏွစ္၊ Aubriella (၆)ႏွစ္၊ Leo (၅)ႏွစ္နဲ႕ Xander (၄)ႏွစ္တို႔ ျဖစ္ၾကပါတယ္။ ဒီကေလးေတြ ေနထိုင္ဖို႔အတြက္ အိမ္အသစ္တစ္လုံးကို Pam စုံတြဲက ေပးခဲ့ၿပီး၊ စားေရးေသာက္ေရးနဲ႕ တျခားလူမႈေရး ပညာေရးကိစၥေတြကိုလည္း စြမ္းနိုင္သေလာက္ ေထာက္ပံ့ဖို႔ ရည္မွန္းထားပါတယ္တဲ့။

ကေလးေတြကို ေမြးစားရျခင္းက မိဘမဲ့ျဖစ္ၿပီး၊ ကူရာမဲ့ေနတာကို ကိုယ္ခ်င္းစာစိတ္အျပည့္ရွိလို႔ပါလို႔ Gary က ေျပာပါတယ္။ ကေလးေတြဟာ ကယ္လီဖိုးနီယားျပည္နယ္၊ ဆန္ဒီေယဂိုမွ ျဖစ္ၾကၿပီး၊ (၂၀၁၈)ခုႏွစ္ ေမလမွာ မိဘႏွစ္ပါးကို လက္လႊတ္ဆုံးရႈံးခဲ့ရတာပါ။ ဖခင္မွာ အသက္(၄၂ႏွစ္သာရွိေသးၿပီး၊ မိခင္မွာ (၃၁)ႏွစ္ ျဖစ္ပါတယ္။ ေဒသခံအဖြဲ႕ေတြကလည္း ကေလးေတြကို ေစာင့္ေရွာက္ဖို႔ မိဘအသစ္လိုေနၿပီျဖစ္ေၾကာင္း ေၾကညာေပးခဲ့ပါတယ္။

ကေလးေတြအေၾကာင္း သတင္းေတြကို ဖတ္ၿပီးေနာက္ Pam ဟာ အေတာ္စိတ္မေကာင္းျဖစ္ခဲ့ၿပီး၊ ခင္ပြန္းျဖစ္သူနဲ႕ တိုင္ပင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ တကယ္ေတာ့ သူတို႔ဟာ မိဘမဲ့ကေလးမ်ားေစာင့္ေရွာက္ေရး ပရစတိလုပ္ငန္းေတြနဲ႕ (၇)ႏွစ္ၾကာ က်င္လည္ခဲ့သူေတြျဖစ္တာေၾကာင့္ ျဖစ္ေပၚလာတဲ့က႐ုဏာစိတ္ကိုေတာ့ ေျပာဖို႔လိုမယ္မထင္ပါဘူး။

Pam မိသားစုရဲ႕သားသမီးေတြကေတာ့ Matthew (၃၂)ႏွစ္၊ Andrew (၂၉)ႏွစ္၊ Alexa (၂၆)ႏွစ္၊ Sophia (၂၂)ႏွစ္နဲ႕၊ Sam (၁၉)ႏွစ္တို႔ ျဖစ္ၾကၿပီး၊ ကိုယ္ပိုင္အိမ္ေထာင္ေတြ၊ အတူေနခ်စ္သူေတြနဲ႕ မိဘေတြအိမ္ကို စြန႔္ခြာသြားၾကႏွင့္ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိကေလး(၇)ေယာက္ဟာ Pam မိသားစုအတြက္ေတာ့ အခက္အခဲ မရွိပါဘူး။

သူတို႔မွာ ေျမး(၅)ေယာက္လည္း ပိုင္ဆိုင္ထားၿပီးၿပီမို႔ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီအထိ ကေလးေတြကို ေမြးစားဖို႔ အစီအစဥ္မရွိခဲ့ၾကေပမယ့္ ေနာက္ဆုံးေတာ့ ကိုယ္ခ်င္းစာစိတ္က သူတို႔ကို အနိုင္ယူသြားပါေတာ့တယ္။ အခုအခါမွာေတာ့ မိဘမဲ့ျဖစ္သြားတဲ့ ကေလးေတြအေနနဲ႕ ဒုတိယဘဝရဲ႕အခြင့္အေရးကို ပိုင္ဆိုင္နိုင္ခဲ့ၾကၿပီမို႔ ႏွစ္ဘက္စလုံးအတြက္ မဂၤလာရွိေနမွာ အမွန္ပါဘဲ။

Credit-လင္းသုတ

Unicode

မိဘမဲ့ဖြစ်သွားတဲ့ ကလေး(၇)ယောက်ကို အပြီးပိုင်မွေးစားခဲ့တဲ့ ဇနီးမောင်နှံ

ယာဉ်မတော်တဆမှုကြောင့် မိဘနှစ်ပါးကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ကလေး(၇)ဦးကို ဇနီးမောင်နှံနှစ်ဦးကို တစ်ဦးမကျန်မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ကလေး(၇)နှစ်ဦးစလုံးဟာ မိဘမဲ့ဖြစ်ခဲ့ရပြီးနောက် မျက်စိသူငယ်နားသူငယ်နဲ့ အုပ်ထိန်းစောင့်ရှောက်မယ့်သူကို မျှော်နေချိန်၊ စေတနာကောင်းလွန်းတဲ့ ဇနီးမောင်နှံက ကယ်တင်ရှင် ဖြစ်ခဲ့တာပါ။

အဆိုပါဇနီးမောင်နှံဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Menifee မှာနေထိုင်ကြပြီး၊ ဇနီးအမည်မှာ Pam Willis ဖြစ်ကာ အသက်(၄၉)နှစ် ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ Gary Willis ကတော့ အသက်(၅၂)နှစ်ပါ။ သူတို့မှာ သားသမီးမရှိကြဘူးလားဆိုတော့ ကိုယ်ပိုင်သားသမီး (၅)ယောက်တောင် ရှိပါတယ်။ သူတို့ မွေးစားလိုက်တဲ့ ကလေးတွေရဲ့အမည်နဲ့အသက်တွေကို ဖော်ပြရရင်-

Adelino (၁၅)နှစ်၊ Ruby (၁၃)နှစ်၊ Aleecia (၈)နှစ်၊ Anthony (၇)နှစ်၊ Aubriella (၆)နှစ်၊ Leo (၅)နှစ်နဲ့ Xander (၄)နှစ်တို့ ဖြစ်ကြပါတယ်။ ဒီကလေးတွေ နေထိုင်ဖို့အတွက် အိမ်အသစ်တစ်လုံးကို Pam စုံတွဲက ပေးခဲ့ပြီး၊ စားရေးသောက်ရေးနဲ့ တခြားလူမှုရေး ပညာရေးကိစ္စတွေကိုလည်း စွမ်းနိုင်သလောက် ထောက်ပံ့ဖို့ ရည်မှန်းထားပါတယ်တဲ့။

ကလေးတွေကို မွေးစားရခြင်းက မိဘမဲ့ဖြစ်ပြီး၊ ကူရာမဲ့နေတာကို ကိုယ်ချင်းစာစိတ်အပြည့်ရှိလို့ပါလို့ Gary က ပြောပါတယ်။ ကလေးတွေဟာ ကယ်လီဖိုးနီယားပြည်နယ်၊ ဆန်ဒီယေဂိုမှ ဖြစ်ကြပြီး၊ (၂၀၁၈)ခုနှစ် မေလမှာ မိဘနှစ်ပါးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။ ဖခင်မှာ အသက်(၄၂နှစ်သာရှိသေးပြီး၊ မိခင်မှာ (၃၁)နှစ် ဖြစ်ပါတယ်။ ဒေသခံအဖွဲ့တွေကလည်း ကလေးတွေကို စောင့်ရှောက်ဖို့ မိဘအသစ်လိုနေပြီဖြစ်ကြောင်း ကြေညာပေးခဲ့ပါတယ်။

ကလေးတွေအကြောင်း သတင်းတွေကို ဖတ်ပြီးနောက် Pam ဟာ အတော်စိတ်မကောင်းဖြစ်ခဲ့ပြီး၊ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တကယ်တော့ သူတို့ဟာ မိဘမဲ့ကလေးများစောင့်ရှောက်ရေး ပရစတိလုပ်ငန်းတွေနဲ့ (၇)နှစ်ကြာ ကျင်လည်ခဲ့သူတွေဖြစ်တာကြောင့် ဖြစ်ပေါ်လာတဲ့ကရုဏာစိတ်ကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။

Pam မိသားစုရဲ့သားသမီးတွေကတော့ Matthew (၃၂)နှစ်၊ Andrew (၂၉)နှစ်၊ Alexa (၂၆)နှစ်၊ Sophia (၂၂)နှစ်နဲ့၊ Sam (၁၉)နှစ်တို့ ဖြစ်ကြပြီး၊ ကိုယ်ပိုင်အိမ်ထောင်တွေ၊ အတူနေချစ်သူတွေနဲ့ မိဘတွေအိမ်ကို စွန့်ခွာသွားကြနှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကလေး(၇)ယောက်ဟာ Pam မိသားစုအတွက်တော့ အခက်အခဲ မရှိပါဘူး။

သူတို့မှာ မြေး(၅)ယောက်လည်း ပိုင်ဆိုင်ထားပြီးပြီမို့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအထိ ကလေးတွေကို မွေးစားဖို့ အစီအစဉ်မရှိခဲ့ကြပေမယ့် နောက်ဆုံးတော့ ကိုယ်ချင်းစာစိတ်က သူတို့ကို အနိုင်ယူသွားပါတော့တယ်။ အခုအခါမှာတော့ မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေအနေနဲ့ ဒုတိယဘဝရဲ့အခွင့်အရေးကို ပိုင်ဆိုင်နိုင်ခဲ့ကြပြီမို့ နှစ်ဘက်စလုံးအတွက် မင်္ဂလာရှိနေမှာ အမှန်ပါဘဲ။

Credit-လင်းသုတ

About the author

admm