Life style

အသက္ ၆၇ ႏွစ္ အရြယ္ေရာက္မွ ကေလးတစ္ေယာက္ ထပ္ေမြးခဲ့လို ့အေပ်ာ္ႀကီးေပ်ာ္ေနၾကတဲ့ ဇနီးေမာင္ႏွံ( ဘုရားေကပးတဲ့ လက္ေဆာင္ေလလား)

Written by admm

အသက္ ၆၇ ႏွစ္ အရြယ္ေရာက္မွ ကေလးတစ္ေယာက္ ထပ္ေမြးခဲ့လို ့အေပ်ာ္ႀကီးေပ်ာ္ေနၾကတဲ့ ဇနီးေမာင္ႏွံ( ဘုရားေကပးတဲ့ လက္ေဆာင္ေလလား)

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 67 ႏွစ္အရြယ္အမ်ိဳးသမီးဟာ သမီးမိန္းကေလးေမြးဖြားခဲ့လို႔ တ႐ုတ္ႏိုင္ငံအသက္အႀကီးဆံုးေမြးကင္းစကေလးမိခင္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္ ။ Tian အမည္႐ွိတဲ့အဆိုပါမိခင္ကို ဆရာဝန္ႏွစ္ေယာက္ကတာဝန္ယူၿပီး ေမြးဖြားေပးခဲ့ရတာပါ ။ ၿပီးခဲ့တဲ့ 2016 ခုႏွစ္က အသက္ 64ႏွစ္အရြယ္အမ်ိဳးသမီးက သားေလးေမြးဖြားခဲ့တဲ့ စံခ်ိန္ကို Tian က ခ်ိဳးဖ်က္ႏိုင္ခဲ့တာပါ ။ Tian ရဲ႕ခင္ပြန္းျဖစ္သူမွာေတာ့ အသက္ 68 ႏွစ္အရြယ္ Huang အမည္႐ွိတဲ့အမ်ိဳးသားျဖစ္ၿပီး ၊ ကေလးယူဖို႔ အစီအစဥ္မ႐ွိခဲ့ေပမဲ့လည္း ေကာင္းကင္ဘံုက လက္ေဆာင္ေပးခဲ့တာပါ ဆိုၿပီး ခင္ပြန္းျဖစ္သူက သတင္းဌာနကိုေျပာျပခဲ့ပါတယ္ ။

၎တို႔လင္မယားမွာ မူလက သားတစ္ေယာက္ ၊ သမီးတစ္ေယာက္႐ွိေနၿပီးသားျဖစ္ၿပီး ၊ ေျမးေလးေတြလည္း အေတာ္မ်ားမ်ား႐ွိကာ အႀကီးဆံုးအရြယ္ေျမးေလးမွာေတာ့ အသက္ 18 ႏွစ္႐ွိသြားၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ Tian ေကတာ့ ကေလးငယ္ေမြးဖြားရတာ အေတာ္ေလးကိုခက္ခဲၿပီး နာက်င္လြန္းလို႔ မ်က္လံုးေတာင္မဖြင့္ႏိုင္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ သမီးေလးမွာေတာ့ ကိုယ္အေလးခ်ိန္ 5ေပါင္ 11ေအာင္စ ႐ွိၿပီး က်န္းမာတဲ့ကေလးငယ္တစ္ဦးပါ ။

အသက္အရြယ္ႀကီးမွ ကေလးေမြးဖြားခဲ့လို႔ ခင္ပြန္းျဖစ္သူက ကြၽန္ေတာ္တို႔ အသက္ 110 အထိေနႏိုင္ဖို႔ အေတာ္ေလးႀကိဳးစားရမွာပဲ ဆိုၿပီး ဟာသေႏွာကာ ေျပာဆိုခဲ့ပါတယ္ ။ လူအေတာ္မ်ားမ်ားကလည္း အဆိုပါအသက္အရြယ္အထိ ကေလးေမြးဖြားႏိုင္ခဲ့လို႔ မယံုၾကည္ႏိုင္ေလာက္ေအာင္ တအံ့တၾသျဖစ္ခဲ့ၾကၿပီး ၊ comment မွာမ်ိဳးစံုေရးသားၿပီး ထင္ျမင္ခ်က္ေပးခဲ့ၾကပါတယ္ ။

Credit : Jasmine (Mckzone Daily)

Unicode

အသက် ၆၇ နှစ် အရွယ်ရောက်မှ ကလေးတစ်ယောက် ထပ်မွေးခဲ့လို ့အပျော်ကြီးပျော်နေကြတဲ့ ဇနီးမောင်နှံ( ဘုရားကေပးတဲ့ လက်ဆောင်လေလား)

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 67 နှစ်အရွယ်အမျိုးသမီးဟာ သမီးမိန်းကလေးမွေးဖွားခဲ့လို့ တရုတ်နိုင်ငံအသက်အကြီးဆုံးမွေးကင်းစကလေးမိခင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ။ Tian အမည်ရှိတဲ့အဆိုပါမိခင်ကို ဆရာဝန်နှစ်ယောက်ကတာဝန်ယူပြီး မွေးဖွားပေးခဲ့ရတာပါ ။ ပြီးခဲ့တဲ့ 2016 ခုနှစ်က အသက် 64နှစ်အရွယ်အမျိုးသမီးက သားလေးမွေးဖွားခဲ့တဲ့ စံချိန်ကို Tian က ချိုးဖျက်နိုင်ခဲ့တာပါ ။ Tian ရဲ့ခင်ပွန်းဖြစ်သူမှာတော့ အသက် 68 နှစ်အရွယ် Huang အမည်ရှိတဲ့အမျိုးသားဖြစ်ပြီး ၊ ကလေးယူဖို့ အစီအစဉ်မရှိခဲ့ပေမဲ့လည်း ကောင်းကင်ဘုံက လက်ဆောင်ပေးခဲ့တာပါ ဆိုပြီး ခင်ပွန်းဖြစ်သူက သတင်းဌာနကိုပြောပြခဲ့ပါတယ် ။

၎င်းတို့လင်မယားမှာ မူလက သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိနေပြီးသားဖြစ်ပြီး ၊ မြေးလေးတွေလည်း အတော်များများရှိကာ အကြီးဆုံးအရွယ်မြေးလေးမှာတော့ အသက် 18 နှစ်ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ် ။ Tian ကေတာ့ ကလေးငယ်မွေးဖွားရတာ အတော်လေးကိုခက်ခဲပြီး နာကျင်လွန်းလို့ မျက်လုံးတောင်မဖွင့်နိုင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ သမီးလေးမှာတော့ ကိုယ်အလေးချိန် 5ပေါင် 11အောင်စ ရှိပြီး ကျန်းမာတဲ့ကလေးငယ်တစ်ဦးပါ ။

အသက်အရွယ်ကြီးမှ ကလေးမွေးဖွားခဲ့လို့ ခင်ပွန်းဖြစ်သူက ကျွန်တော်တို့ အသက် 110 အထိနေနိုင်ဖို့ အတော်လေးကြိုးစားရမှာပဲ ဆိုပြီး ဟာသနှောကာ ပြောဆိုခဲ့ပါတယ် ။ လူအတော်များများကလည်း အဆိုပါအသက်အရွယ်အထိ ကလေးမွေးဖွားနိုင်ခဲ့လို့ မယုံကြည်နိုင်လောက်အောင် တအံ့တသြဖြစ်ခဲ့ကြပြီး ၊ comment မှာမျိုးစုံရေးသားပြီး ထင်မြင်ချက်ပေးခဲ့ကြပါတယ် ။

Credit : Jasmine (Mckzone Daily)

About the author

admm