CELE NEWS NEWS
ကိုဗစ်ရောဂါ ကူးစက်မှု မြင့်မားနေတဲ့ ချင်းပြည်နယ်အတွက် ပိုးသတ်ဆေး တစ်ပေပါ (ဂါလံ ၅၀) ကို လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်
Written by admm
ကိုဗစ်ရောဂါ ကူးစက်မှု မြင့်မားနေတဲ့ ချင်းပြည်နယ်အတွက် ပိုးသတ်ဆေး တစ်ပေပါ (ဂါလံ ၅၀) ကို လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်
ျှပေးလိုက်ပါတယ် ။
Credit
Unicode
ချင်းပြည်နယ်ရဲ့ တစ်ချို့နေရာတွေမှာဆိုရင် တိုက်ပွဲတွေ ဖြစ်ပွားကာ အခြေအနေတွေ ဆိုးဝါးပြီး ဒေသခံတွေဟာ အဆင်မပြေမှုတွေ များစွာကို ရင်ဆိုင်နေရပါတယ် ။ ဒါ့အြပင်
ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းတွေလည်း အတော်လေး မြင့်မားလျက်ရှိတယ်လို့ သိရပါတယ် ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ကိုဗစ်
ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း (၅)ဦးအထိရှိနေပါပြီ ။ဒါ့ကြောင့်လည်း စေတနာ အလှူရှင်များကလည်း ချင်းပြည်နယ်အတွက် လိုအပ်တာတွေကို များစွာ
ထောက်ပံ့လှူဒါန်း ပေးနေတာကိုလည်း တွေ့မြင်ရပါတယ် ။ အခုလည်း ဝေဠုကျော် ဦးစီးတည်ထောင်ထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကနေပြီး ချင်းပြည်နယ်အတွက်
ပိုးသတ်ဆေး တစ်ပေပါ (ဂါလံ ၅၀) ကိုလှူဒါန်းခဲ့ကြောင်း ဖော်ပြလာပါတယ် ။ ထို ပိုးသတ်ဆေးများကို ချင်းအဖွဲ့အစည်းက ဒေါ်ချယ်ရတီထူး မှ တဆင့် မနေ့က ပေးပို့ လှူဒါန်း
ပေးခဲ့တယ်လို့ ဖော်ပြထားပါသေးတယ် ။အလှူနဲ့ ပတ်သက်ပြီးလည်း ” 18-6-2021 ချင်ပြည်နယ်သို့ပိုးသတ်ဆေးအလှူ ဝေဠုကျော်ဖောင်ဒေးရှင်းမှ COVID ကူးစက်ဖြစ်ပွားမှု
အခြေအနေ ဆိုးဝါးနေသော ချင်းပြည်နယ်၊ကလေးမြို့ကို COVID 19 ကာကွယ် ထိန်းချုပ်ရန်အတွက် ဖောင်ဒေးရှင်းသို့ အလှူခံထားသော ပစ္စည်းများ အနက် ပိုးသတ်ဆေး
တစ်ပေပါ (ဂါလံ ၅၀) ကို ချင်းအဖွဲ့အစည်းက ဒေါ်ချယ်ရတီထူး မှ တဆင့် မနေ့က ပေးပို့ လှူဒါန်းပေးလိုက်ပါတယ်။ ချင်းပြည်နယ် COVID ကာကွယ်ရေးအတွက်လည်း
အောက်ဆီဂျင်လက်သန့်ဆေး Mask PPE တို့ကို ဝိုင်းဝန်းထောက်ပံပေးဖို့ အလှူခံပါရစေ။ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay)'(U Soe Thein)
09455500014 , 09776089484(Wave Acc) ” ဆိုပြီး တစ်ခြားလိုအပ်နေသေးတဲ့ အကာအကွယ်ပစ္စည်းတွေကိုလည်း အလှူခံလျက်ရှိကြောင်းဖော်ပြထားရာ
ပရိသတ်ကြီးလည်း အလှူလေးမှာ ပါဝင်နိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit
About the author
admm