ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ ဒရုန်းကနေ တိုက်လေယာဉ်ကို ဆီဖြည့်ပေးနိုင်မှု မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်(ရုပ်သံ)
ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ ဒရုန်းကနေ တိုက်လေယာဉ်ကို ဆီဖြည့်ပေးနိုင်မှု မှတ်တမ်းဝင်ခဲ့တဲ့ အမေရိကန်(ရုပ်သံ)
မယ်လို့လည်း ဆိုပါတယ်။
Credit
Unicode
ဘိုးရင်းလေယာဉ်ကုမ္ပဏီကြီးဟာ ကမ္ဘာ့ပထမဆုံးမောင်းသူမဲ့ဒရုန်းဆီဖြည့်ယာဉ်ကနေ လေယာဉ်တစ်စီးဆီကို ဆီဖြည့်မှုတွေ ပြုလုပ်စမ်းသပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
US Navy အတွက် တည်ဆောက်ပေးခဲ့တဲ့ ဒရုန်းဖြစ်ပြီး ဝေဟင်ထဲမှာပဲ ပျံသန်းနေရင်းနဲ့ ဆီဖြည့်နိုင်မှာဖြစ်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ ဒရုန်းကနေ လေယာဉ်ကို
ဆီဖြည့်ပေးနိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း သိရပါတယ်။Boeing MQ-25 T1 မောင်းသူမဲ့လေယာဉ်ကို ဇွန်လ ၄ ရက်နေ့က စမ်းသပ်ပျံသန်းခဲ့ပြီး F/A-18 Super
Hornet တိုက်လေယာဉ်နဲ့ ချိတ်ဆက်ကာ ဝေဟင်မှာပဲဆီဖြည့်မယ့် မစ်ရှင်ကို ဆောင်ရွက်နိုင်စွမ်းရှိပြီ သယ်ဆောင်နိုင်မှုစွမ်းရည်ကို သရုပ်ပြနိုင်ခဲ့တယ်လို့ ကုမ္ပဏီရဲ့
ထုတ်ပြန်စာမှာ ပါရှိခဲ့ကြောင်း NDTV က ဖော်ပြခဲ့ပါတယ်။MQ-25 T1 အနေနဲ့ ဆီပေါင်ချိန် ၁၅၀၀၀ အထိ တင်ဆောင်နိုင်ပြီး တိုက်လေယာဉ် ၄ စင်းကနေ ၆ စင်းအထိ
ကို ဆီဖြည့်ပေးနိုင်တယ်လို့လည်း သိရပါတယ်။မောင်းသူမဲ့ဆီဖြည့်ဒရုန်းဟာ လေကြောင်းပျံသန်းမှုပေါင်း ၂၅ ခုကို စမ်းသပ်ပျံသန်းခဲ့ပြီးပြီဖြစ်ပါတယ်။ စမ်းသပ်ပျံသန်းမှု
တွေအတွင်း လေကြောင်းဆီဖြည့်စနစ်တွေကို အကဲဖြတ်ခဲ့မှုပြုလုပ်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာ ဗာဂျီးနီးယားရှိ လေယာဉ်တင်သဘောင်္ဆီ ထပ်မံစမ်းသပ်ဖို့အတွက်စေလွှတ်
သွားမယ်လို့လည်း ဆိုပါတယ်။၂၀၁၈ ခုနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနက ဘိုးရင်းနဲ့ ဒေါ်လာ ၈၀၅ သန်းတန်ဖိုးရှိတဲ့ လေယာဉ်တွေတည်ဆောက်ပေးဖို့ စာချုပ်
ချုပ်ခဲ့ပါတယ်။ဝေဟင်အတွင်း ဆီဖြည့်လုပ်ငန်းစဉ် စမ်းသပ်ချိန်မှာတော့ Navy Super Hornet ဟာ MQ-25 T1 ဆီ ချဉ်းကပ်ခဲ့ပြီး တိုင်းတာမှုတချို့ပြုလုပ်ဖို့နဲ့ ဆီတင်
လေယာဉ်ရဲ့ သွင်ပြင်လက္ခဏာတွေကိုလေ့လာဖို့ ပေ ၂၀ အကွာအဝေးအထိ နီးကပ်အောင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ဒီနောက်မှာတော့ Dry Connection ကို
စတင်ချိတ်ဆက်ခဲ့ပြီး လေယာဉ်နှစ်စီးကြားမှာ ဆီဖြည့်ပေးနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။နောက်တဆင့်ချိတ်ဆက်မှုတွေပြုလုပ်အပြီးမှာတော့ ဆီ
ပေါင် ၃၀၀ ကို ဖြည့်ပေးနိုင်ခဲ့ပြီး အမြင့်ပေတစ်သောင်းခန့်မှာ ပုံမှန်အမြန်နှုန်းနဲ့သွားနေစဉ်အတွင်း ဖြည့်ပေးနိုင်ခဲ့တယ်လို့ MQ-25 ရဲ့ Program Director Dave Bujold
က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ နောက်ထပ်အသေးစားဆီဖြည့်မှုကိုတော့ အမြင့်ပေ ၁၆၀၀၀ မှာ ပြုလုပ်နိုင်ခဲ့ပြီး ဆီ ၂၅ ပေါင်ဖြည့်ပေးနိုင်ခဲ့ပါတယ်။မစ်ရှင်
တစ်ခုလုံးအတွက် အချိန်စုစုပေါင်း ၄ နာရီခွဲလောက်ကြာမြင့်ခဲ့ပြီး လေယာဉ်နှစ်စင်းဟာ အဆိုပါကာလအတွင်း ၁၀ မိနစ်ကျော်ကြာ ချိတ်ဆက်ထားနိုင်ခဲ့ပါတယ်။
လောင်စာဆီစုစုပေါင်း ၃၂၅ ပေါင်ဖြည့်တင်းပေးနိုင်ခဲ့ပြီးတော့ ဒါဟာ တိုက်ခိုက်ရေးတွေပြုလုပ်နေစဉ်အတွင်းမှာလည်း ဆီဖြည့်တင်းမှုတွေကို ဝေဟင်မှာပဲ တပြိုင်တည်း
ပြုလုပ်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။
Credit