မြန်မာရွှေ့ပြောင်းအလုပ်သမားလေးရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့ ဘတ် ၂ သန်းတန် ထိုင်းထီလက်မှတ်တစ်စောင်

မြန်မာရွှေ့ပြောင်းအလုပ်သမားလေးရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့ ဘတ် ၂ သန်းတန် ထိုင်းထီလက်မှတ်တစ်စောင်

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ ဘန်လင်မြို့နယ် ရေသန့်စက်ရုံတစ်ရုံက မြန်မာအ လုပ်သမား ၁ ဦးဟာ ဇွန်လ ၁၆ ရက် မနေ့ကထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၆၉၁၈၆၁ ကို ၂ စောင်ပေါက်ခဲ့လို့ ဆုငွေ ဘတ် ၂ သန်း ဆွတ်ခူးရရှိပါတယ်။

အဆိုပါအလုပ်သမားမှာ အသက် ၃၀ ရွယ်ရှိ ကိုနေလင်းအောင်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး မိထ္ထီလာမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ကာ ထိုင်းမှာအလုပ်လာလုပ်တာ ၁ နှစ်လောက်သာရှိသေးကြောင်း၊ ထီကိုပုံမှန်ထိုးပေမယ့် တခါမှမပေါက်ဖူးဘဲ ပေါက်မယ့်ပေါက် ပထမဆု ၂ စောင်ပေါက်လို့ အရမ်းပျော်တယ်လို့ ကာယကံရှင်က ပြောပါတယ်။

ဖြစ်စဉ်မှာ ချင်းမိုင်မြို့ကကားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့အသက် ၄၀ အရွယ်အရောင်းဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုနေလင်းအောင်ဟာ ဇွန်လ ၁၆ ရက်နေ့ ၁၃:၀၀ ချိန်ကုမ္ပဏီကနေအလုပ်ကိစ္စနဲ့ မယ်ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့ကိုသွားပြီးအပြန် PTT ဆီပန့်ရှေ့အရောက် ထီရောင်းသူထံတွင်ထီလက်မှတ် ၁ စောင်သာကျန်တော့သဖြင့် ဝယ်လာခဲ့တယ်လို့ ဆိုပါတယ်။

ကိုနေလင်းအောင်ဟာ ချင်းမိုင်ကိုပြန်ရောက်လို့ အလုပ်ဆင်းချိန် ထီလက်မှတ်ကိုထုတ်ကာ ထီပေါက်စဉ်တွင်တိုက်ကြည့်တဲ့အခါ သူ၏ထီနံပါတ် ၆ လုံးမှာ ထိုင်းထီပထမဆုကြီး ဘတ် သိန်း ၆၀ ဆုဂဏန်းဖြစ်တဲ့ 6 9 1 8 6 1 ဖြစ်နေတာမို့ အံ့ဩတုန်လှုပ်ပြီးရှော့ခ်ဖြစ်မတတ်ဝမ်းသာခဲ့ပါတယ် ။


စက်ရုံမှာ လာရောင်းတဲ့ထီသည်ဆီကနေ ဝယ်တာပါခင်ဗျ၊ နံပါတ်ကတော့ ဘာအတိတ် နမိတ်နဲ့မှ မထိုးပါဘူး။ စိတ်ထဲကြိုက်တဲ့နံပါတ်ကိုဝယ်လိုက်တာပဲ အမှန်က ၁၆ နဲ့ဆုံးတဲ့ ဂဏန်းထိုးမလို့ ၁၆ မရှိတော့ ရှိတဲ့ ၆၁ ကိုပဲ ၂ စောင်ယူလိုက်တာ၊ ထီပေါက်တော့ အရမ်းပျော်တာပေါ့ဗျာ၊ လုပ်ချင်တာတွေ လှူချင်တာတွေလည်း အများကြီး၊ ဘယ်နေရာအရင်လှူ မလဲ ဆိုတာ ခုပြောလို့ မရသေးဘူး။

သူရဲ့ မိသားစုဝင်တွေဟာ မြန်မာပြည်မှာ ပဲပင်နှမ်းပင်တွေစိုက်တဲ့ တောင်သူတွေဖြစ်ပြီး သူကတော့ ထိုင်းမှာအလုပ်လုပ်လို့ ရတဲ့လစာ တစ်လကိုဘတ် ၁၀,၀၀၀ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။

ထီပေါက်တယ်လို့သိသိချင်း အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကို မနေ့က ဆက်သွယ်ခဲ့လို့ဒီကနေ့မှာ ငွေသွားထုတ်ခဲ့ကြကြောင်း၊ ထိုင်းမှာ ငွေထုတ်တာအခက်အခဲမရှိပေမယ့် လောလောဆယ်မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်း လည်ပတ်မှု အခြေအနေအရ မြန်မာပြည်ကို ငွေလွှဲရ ခက်ခဲနေတယ်လို့ အေအေစီအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောကြောင်း ဒီဗွီဘီ သတင်းမှာဖော်ပြထားပါတယ်။


Source: Sithu Maung & DVB

Credit

Unicode

မြန်မာရှေ ွ့ပြောင်းအလုပ်သမားလေးရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့ ဘတ် ၂ သန်းတန် ထိုင်းထီလက်မှတ်တစ်စောင်

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ ဘန်လင်မြို့နယ် ရေသန့်စက်ရုံတစ်ရုံက မြန်မာအ လုပ်သမား ၁ ဦးဟာ ဇြန္လ ၁၆ ရက် မနေ့ကထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၆၉၁၈၆၁ ကို ၂ စောင်ပေါက်ခဲ့လို့ ဆုငွေ ဘတ် ၂ သန်း ဆွတ်ခူးရရှိပါတယ်။

အဆိုပါအလုပ်သမားမှာ အသက် ၃၀ ရွယ်ရှိ ကိုနေလင်းအောင်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး မိထၳီလာမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ကာ ထိုင်းမှာအလုပ်လာလုပ်တာ ၁ နှစ်လောက်သာရှိသေးကြောင်း၊ ထီကိုပုံမှန်ထိုးပေမယ့် တခါမွမေပါက္ဖူးဘဲ ပေါက်မယ့်ပေါက် ပထမဆု ၂ စောင်ပေါက်လို့ အရမ်းပျော်တယ်လို့ ကာယကံရှင်က ပြောပါတယ်။

ဖြစ်စဉ်မှာ ချင်းမိုင်မြို့ကကားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့အသက် ၄၀ အရွယ်အရောင်းဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုနေလင်းအောင်ဟာ ဇြန္လ ၁၆ ရက်နေ့ ၁၃:၀၀ ချိန်ကုမ္ပဏီကနေအလုပ်ကိစ္စနဲ့ မယ်ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့ကိုသွားပြီးအပြန် PTT ဆီပန့်ရှေ့အရောက် ထီရောင်းသူထံတွင်ထီလက်မှတ် ၁ စောင်သာကျန်တော့သဖြင့် ဝယ်လာခဲ့တယ်လို့ ဆိုပါတယ်။

ကိုနေလင်းအောင်ဟာ ချင်းမိုင်ကိုပြန်ရောက်လို့ အလုပ်ဆင်းချိန် ထီလက်မှတ်ကိုထုတ်ကာ ထီပေါက်စဉ်တွင်တိုက်ကြည့်တဲ့အခါ သူ၏ထီနံပါတ် ၆ လုံးမွာ ထိုင်းထီပထမဆုကြီး ဘတ် သိန်း ၆၀ ဆုဂဏန်းဖြစ်တဲ့ 6 9 1 8 6 1 ဖြစ်နေတာမို့ အံ့ဩတုန်လှုပ်ပြီးရှော့ခ်ဖြစ်မတတ်ဝမ်းသာခဲ့ပါတယ် ။

ချက်ချင်းဘဲ နီးစပ်ရာရဲစခန်းကိုသွား၍ အမှန်တကယ်အစိုးရရဲ့ထီပထမဆုကြီးပေါက်ကြောင်းကို အသိပေးတိုင်ကြားကာ နေ့စဉ်ရဲမှတ်တမ်းမှာ မှတ်ပုံတင်ခဲ့ပါတယ် ။

စက်ရုံမှာ လာရောင်းတဲ့ထီသည်ဆီကနေ ဝယ်တာပါခင်ဗျ၊ နံပါတ္ကေတာ့ ဘာအတိတ် နမိတ်နဲ့မှ မထိုးပါဘူး။ စိတ်ထဲကြိုက်တဲ့နံပါတ်ကိုဝယ်လိုက်တာပဲ အမွန္က ၁၆ နဲ့ဆုံးတဲ့ ဂဏန်းထိုးမလို့ ၁၆ မရှိတော့ ရွိတဲ့ ၆၁ ကိုပဲ ၂ စောင်ယူလိုက်တာ၊ ထီပေါက်တော့ အရမ်းပျော်တာပေါ့ဗျာ၊ လုပ်ချင်တာတွေ လှူချင်တာတွေလည်း အများကြီး၊ ဘယ်နေရာအရင်လှူ မလဲ ဆိုတာ ခုပြောလို့ မရေသးဘူး။

သူရဲ့ မိသားစုဝင်တွေဟာ မြန်မာပြည်မှာ ပဲပင်နှမ်းပင်တွေစိုက်တဲ့ တောင်သူတွေဖြစ်ပြီး သူကေတာ့ ထိုင်းမှာအလုပ်လုပ်လို့ ရတဲ့လစာ တစ်လကိုဘတ် ၁၀,၀၀၀ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။

ထီပေါက်တယ်လို့သိသိချင်း အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကို မနေ့က ဆက်သွယ်ခဲ့လို့ဒီကနေ့မှာ ငွေသွားထုတ်ခဲ့ကြကြောင်း၊ ထိုင်းမှာ ငွေထုတ်တာအခက်အခဲမရှိပေမယ့် လောလောဆယ်မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်း လည်ပတ်မှု အခြေအနေအရ မြန်မာပြည်ကို ငွေလွှဲရ ခက်ခဲနေတယ်လို့ အေအေစီအဖွဲ့ ဒါရိုက္တာ ဦးခိုင်ကြီးက ပြောကြောင်း ဒီဗြီဘီ သတင်းမှာဖော်ပြထားပါတယ်။

ဆုငွေကို ကနေ့မနက်ပဲ ကျနော်တို့အတူသွားထုတ်ခဲ့ပါပြီ။ ထိုင်းမှာ ဘာပြဿနာမှမရှိဘူး။ နိုင်ငံခြားသားဖြစ်ဖြစ်ဘာဖြစ်ဖြစ် ထီလက်မှတ်ကအတုမဟုတ်ဘူးဆိုရင် ၁၅ မိနစ်လောက်နဲ့ ဘဏ်ထဲကိုရောက်လာတယ်၊ ဒါပေမဲ့ အခုလက်ရှိ စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်က ဘဏ်ကငွေပြန်ထုတ်တာ အခက်အခဲရှိတော့ သူ့မိသားစုတွေကိုယ်တိုင်က မလွှဲသေးဖို့ ပြောတယ်ခင်ဗျ၊

Source: Sithu Maung & DVB

Credit